DVB Logo
Home
မြန်မာသတင်း
လှေစီးဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ဇွန် ၇ ရက် ပြန်ခေါ်မည်
DVB
·
June 3, 2015
လှေစီးဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ဇွန် ၇ ရက်  ပြန်ခေါ်မည်
Donate to DVB

မြန်မာပြည်က ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ဇွန်လ ၇ ရက်ကစပြီး ပြန်လည်ခေါ်ယူမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ပြောကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၃ ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့ နေပြည်တော်မှာ တွေ့ဆုံပြီးနောက် ခုလို  ထုတ်ပြန်လိုက်တာပါ။

ဒီတွေ့ဆုံပွဲမှာ ဦးဝဏ္ဏမောင်လွင်က လှေစီးသွားလာသူတွေကို မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရ ယာယီစောင့်ရှောက်မှု ပေးထားကြောင်း၊ ကောင်စစ်တွေ့ဆုံမှုပြုပြီး စိစစ် အတည်ပြုပြီးတဲ့ မြန်မာနိုင်ငံမှာ ယာယီစောင့်ရှောက်မှု ပေးထား သူတွေကို အမြန်ဆုံး ပြန်လည်ခေါ်ယူဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကတော့ မိမိအစိုးရသည် ဤကိစ္စကို အလေး ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် အားလျော်စွာ အမြန်ဆုံးဆောင်ရွက် လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန် လည်ခေါ်ယူမှုလုပ်ငန်းစဉ်ကို လာမည့် ၇-၆-၂၀၁၅ ရက်နေ့ တွင် စတင်နိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

မြန်မာ့ရေပိုင်နက်ထဲ မေလ ၂၁ ရက်နဲ့ ၂၉ရက်တို့မှာ တွေ့ရှိဖမ်းမိတဲ့ လူမှောင်ခိုကူးစက်လှေတွေပေါ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစုပါဝင်တဲ့ လူ ၁၀၀၀ လောက်ကို လတ်တလောမှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ပြိုလက်ဝဲမှာ ယာယီနေရာချထားပေးထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013