DVB Logo
Home
မြန်မာသတင်း
မြေယာပျက်စီးမှုကြောင့် ရခိုင်ဒေသခံများ ဒေ၀ူးကုမ္ပဏီကို ဆန္ဒပြ
DVB
·
June 3, 2015
မြေယာပျက်စီးမှုကြောင့် ရခိုင်ဒေသခံများ  ဒေ၀ူးကုမ္ပဏီကို ဆန္ဒပြ
1 / 2
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲမှာ သဘာဝဓာတ်ငွေ့ သန့်စင်လုပ်ငန်းကြောင့် မြေယာတွေ ပျက်စီးနေတဲ့အတွက် သက်ဆိုင်ရာတောင်သူတွေ ဇွန် ၃ ရက် နေ့ခင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဒေသထဲ စီမံကိန်းလာလုပ်တဲ့ ဒေ၀ူးကုမ္ပဏီဟာ သူတို့ကို သီးနှံဆုံးရှုံးခ လျော်ကြေးငွေ ပေးခဲ့ပေမယ့်လည်း  မလုံလောက်တဲ့အပြင် မြေယာတွေပါ ပျက်စီးနေတဲ့အတွက် မလကျွန်းရွာနဲ့ ဂုံးချိန် နှစ်ရွာပေါင်းပြီး ဆန္ဒပြခဲ့တယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ဦးဝေခင်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က သီးနှံဆုံးရှုံးခ ၁ နှစ်အတွက် ၁ ဧကကို စပါးတင်း ၇၀ စာ ကျပ် ၃ သိန်း ၈ သောင်း ခွဲပေးပါတယ်။  ၂၀၀၁ -ကနေ၂၀၁၄ ခုနှစ်ထိပေါ့။ ဒါပေမယ့် မလုံလောက်ဘူး။ အခု အဲဒီမြေတွေဟာ မိုးတွင်းရောက်ရင် ရွှံ့နွံတွေ ဖုံးလာတယ်။ စီမံကိန်းလုပ်တဲ့မြေဘက်ကနေ ဆင်းလာတာ။ ဒီနှစ်ဆို စပါးစိုက်ချိန်လွန်သွားပြီ၊ ကျနော်တို့ ဘာမှစိုက်စားလို့မရတော့ဘူး၊ အဲဒါကြောင့် ဆန္ဒပြခဲ့တာ။”

ဒီကနေ့ဆန္ဒပြရာမှာ လယ်ယာမြေပြဿ  နာ ဖြေရှင်းပေးရေး၊ လယ်သမားထုရဲ့ဆန္ဒကို လိုက်လျောပေးရေးနဲ့ ဒေ၀ူးကုမ္ပဏီအလိုမရှိ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကြွေးကြော်ခဲ့ တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီရဲ့ လုပ်ငန်းကြောင့် ပျက်စီးနေတဲ့ လယ်မြေ ဧကပေါင်း ၆၀ ကျော်ရှိပြီး မလကျွန်း နဲ့ ဂုံးချိန်ရွာ ၂ ရွာက ရွာသားတွေ စိုက်ပျိုးလုပ်ကိုင်နေတာလို့ ဦးဝေခင်က ဆက်ပြောပါတယ်။

ရွာသားတွေဟာ သီးနှံလျော်ကြေးငွေ ၃ ဆပြန်ပေးဖို့နဲ့ လယ်ယာပြန်လည်ကောင်းမွန်ဖို့ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ဖို့ အလိုရှိတယ်လို့ ဆိုပါတယ် ။

11403272_832080480191937_77040882461304171_nဒီကနေ့ ဆန္ဒပြပွဲကို  ကျောက်ဖြူအာဏာပိုင်တွေက လူဦးရေ ၁၅၀ သာ ခွင့်ပြုပေမယ့်လည်း အခြားရွာသားပေါင်း ၁၀၀ ကျော်ကပါ မလကျွန်းရွာထိပ်ကနေ ကံ့ကော်တောဘုရားထိ ၁ မိုင်ကျော်ခရီးကို အပြင်စည်းကနေ လိုက်လံလာခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013