DVB Logo
Home
မြန်မာသတင်း
ဗမာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်မှူးကြီး ဗထူးကို ဂုဏ်ပြု
DVB
·
June 3, 2015
ဗမာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်မှူးကြီး ဗထူးကို ဂုဏ်ပြု
1 / 3
Donate to DVB

ဗမာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း နှစ် ၇၀ ပြည့် ဆွမ်းကျွေးအလှူမင်္ဂလာနဲ့ အောက်မေ့ဘွယ်အခမ်းအနားကို တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ကမြောကင်းကျေးရွာ ကမြောကင်းရေဆိပ်ကျောင်းမှာ ကျင်းပပါတယ်။

အခမ်းအနားသဘာပတိ ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဆရာဦးအေးမင်းက  “ပထမဆုံးက ဗိုလ်မှူးကြီးဗထူး ကောင်းရာသုဂတိ လားပါစေလိုခြင်း၊ နောက်တချက်ကတော့ ငါတို့ ထားဝယ်သားတွေ၊ မြန်မာပြည်သားတွေ အားလုံးပေါ့လေ သူ့ကို အတုယူဖို့။ သူ့ရဲ့နိုင်ငံချစ်စိတ်ဓာတ်၊ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံတဲ့စိတ်ဓာတ်ကို ဂုဏ်ယူအတုယူကြဖို့ကျင်းပတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခမ်းအနားမှာ အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနဲ့ပတ်သက်တဲ့ အတ္ထုပ္ပတ္တိပြောဆိုခြင်းနဲ့ ဂုဏ်ပြုကဗျာရွတ်ဆိုခြင်းအစီအစဉ်တွေ ပါဝင်ပါတယ်။

အခမ်းအနားကို ထားဝယ်ဒေသဆိုင်ရာ အမျိုးသမီး၊ တောင်သူလယ်သမားစတဲ့ သမဂ တွေ၊ လူမှုအဖွဲ့အစည်းတွေ စုပေါင်းကျင်းပတဲ့ ဒီပွဲကို ဧည့်ပရိသတ် ၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ မတွေ့ရပေမယ့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ ညွှန်ကြားရေးမှူးတို့ တက်ရောက်တယ်လို့ ပွဲကျင်းပသူတွေက ပြောဆိုပါတယ်။

ဗိုလ်မှူးကြီးဗထူးရဲ့ ထူးကဲတဲ့အရည်အချင်းတွေနဲ့ပတ်သက်လို့ ဦးအေးမင်းက “ဗိုလ်မှူးကြီးဗထူးဟာ သူ့ရဲ့နိုင်ငံအတွက်ဆိုရင် မဟုတ်မခံစိတ်ဓာတ်ရှိတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်ရှိတယ်။ သူဟာ စစ်ထဲဝင်သွားပြီးကတည်းက အိမ်ကိုပြန်ပြီး  မိဘတွေနဲ့ ပြန်မတွေ့တော့ဘူး။ သေတဲ့အထိပဲ၊ အဲလောက်အထိ။ ငယ်သားတွေအပေါ်မှာ အနစ်နာခံတယ်။ ငှက်ဖျားဆေးကို သူမသောက်ဘဲ သူ့လက်အောက်ငယ်သားတွေကို ပေးသောက်ပြီး သူ ဆေးမသောက်လိုက်ရပဲ ဆုံးသွားသလိုမျိုးကို ကြားရတာနော် သမိုင်းမှာ” လို့ ပြောပါတယ်။

ဗိုလ်မှူးဗထူးဟာ အထက်ဗမာပြည် ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်စည်းရုံးမှုလုပ်ငန်းနဲ့  မဟာမိတ်များနှင့် ဆက်သွယ်ဆောင်ရွက်မှုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

၁၉၄၅ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဗိုလ်မှူးဗထူးဟာ ဖက်ဆက်ဂျပန်တော်လှန်ရေးကို စတင်ခဲ့တဲ့ စစ်ခေါင်းဆောင်တဦးဖြစ်ပါတယ်။

ဗမာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၀) နှစ်ပြည့်အခမ်းအနားကို မနှစ်ကစပြီး ထားဝယ်ဒေသမှာ ကျင်းပခဲ့ကြပါတယ်။

ဓာတ်ပုံ - Lwint-Maung-Maung facebook

[gallery ids="95779,95780,95781"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013