DVB Logo
Home
မြန်မာသတင်း
မလေးရောက် မြန်မာကလေးများကို စာပေးစာယူဖြင့် ပို့ချမည်
DVB
·
June 3, 2015
မလေးရောက် မြန်မာကလေးများကို စာပေးစာယူဖြင့် ပို့ချမည်
Donate to DVB

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားကလေးငယ်တွေကို အခြေခံပညာ စာပေးစာယူသင်တန်းအတွက် ကျောင်းအပ်နှံမှုကို ဇွန်လ ၄ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ လက်ခံမယ်လို့ ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

ကျောင်းအပ်နှံမယ့်ကလေးဟာ မလေးရှားနိုင်ငံမှာ တရားဝင်အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားမိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့နဲ့တူ တရားဝင်နေထိုင်တဲ့ (Dependent/Student Pass) ရှိသူဖြစ်ရမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ပြောင်းလာတဲ့ ကျောင်းသားအသစ်တွေအတွက် မြန်မာနိုင်ငံက အောင်လက်မှတ်နဲ့ ကျောင်းထွက်လ
က်မှတ်၊ မိဘ (သို့) အုပ်ထိန်းသူရဲ့ နိုင်ငံကူးလက်မှတ်၊ ကျောင်းသားရဲ့ နိုင်ငံကူးလက်မှတ်နဲ့ (Dependent/Student Pass) ကျောင်းလျှောက်လွှာ ပုံစံတွေ လိုအပ်ပြီး သံရုံးကို နိုင်ငံကူးလက်မှတ်တွေ ယူဆောင်လာပြီး လျှောက်ဖို့ဖြစ်ပါတယ်။

အသက်ငါးနှစ်ကျော် သူငယ်တန်းအပ်နှံမယ့် ကျောင်းသားအသစ်တွေအတွက် ကလေးမွေးစာရင်း၊ မိဘ (သို့) အုပ်ထိန်းသူရဲ့ နိုင်ငံကူးလက်မှတ်၊ ကျောင်းလျောက်လွှာပုံစံ၊ ဓာတ်ပုံ ၃ ပုံ တို့ လိုအပ်ပါတယ်။

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှာ ပထမနှစ်ဝက်စာမေးပွဲတွေကို အောက်တိုဘာလ၊ ဒုတိယနှစ်ဝက်စာမေးပွဲကို ဖေဖော်ဝါရီလတွေမှာ ကျင်းပမယ်လို့ဆိုပါတယ်။ စတုတ္ထတန်းနဲ့ အဌမတန်းကျောင်းသားတွေကတော့ အဆိုပါ စာမေးပွဲနှစ်ကြိမ်အပြင် ဒီဇင်ဘာမှာလည်း အကြိုအစမ်းစာမေးပွဲတကြိမ် ဖြေဆိုရမယ်လို့ဆိုပါတယ်။ ဒသမတန်းကျောင်းသားတွေက နှစ်ဝက်စာမေးပွဲ ၂ ကြိမ်အပြင် နှစ်စဉ်မတ်လမှကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ၀င်ရောက်ဖြေဆိုရမှာဖြစ်ပါတယ်။

သူငယ်တန်းကနေ န၀မတန်းအထိ အောင်စာရင်းတွေကို သင်္ကြန်အပြီးမှာ၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ဇွန်လတွေမှာ အသိပေးထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ဘာသာရပ်တွေကို ဘယ်လိုသင်ကြားပို့ချမလဲအပါအ၀င် အသေးစိတ်သိနိုင်ဖို့ သံရုံးကို အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် တယ်လီဖုန်းဆက်သွယ်လို့ မရပါဘူး။
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား သိန်းနဲ့ချီ အလုပ်လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013