DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခများနှင့် ကြုံခဲ့ရတဲ့မြို့နယ် ၃ ခုတွင် ကလေးငယ်များ ကျောင်းထွက်မှုများပြား
DVB
·
June 2, 2015
ပဋိပက္ခများနှင့် ကြုံခဲ့ရတဲ့မြို့နယ် ၃ ခုတွင် ကလေးငယ်များ ကျောင်းထွက်မှုများပြား
Donate to DVB

ပဋိပက္ခတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ မြို့နယ် ၃ ခုက မွန်ကျေးရွာ ၁၇ ရွာက ကလေးအများစုဟာ အထက်တန်းကျောင်းအထိ ကျောင်းမတက်နိုင်ဘဲ တ၀က်တပျက်နဲ့ ကျောင်းထွက်မှုတွေ များနေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ် ကနေပြီး ဒီကနေ့ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်ဧ။် အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ် ကနေပြီး ‘ချို့တဲ့လှမ်းဝေးပညာရေး’ ဆိုတဲ့ အစီရင်ခံစာတစောင်ကို ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့  တနင်္သာရီတိုင်း ရေဖြူမြိုနယ်ရှိ မွန်လူမျိုးအများစုနေထိုင်တဲ့ ကျေးရွာ ၁၇ ရွာ ရွာသူရွားတွေကို တွေ့စုံမေးမြန်းပြီး အစီရင်ခံစာ ထုတ်ပြန်တာဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်းချက်အရ ကျောင်းတက်နေတဲ့ ကလေးအများစုဟာ မူလတန်းအပြီးနဲ့ အလယ်တန်းအပြီးမှာ ကျောင်းထွက်ကြတာများပြီး အများစုက ဆင်းရဲမွဲတေမှုကြောင့် ကျောင်းထွက်ကြရတာလို့ အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ် တာဝန်ခံ မိထောချမ်းက ပြောပါတယ်။

“ကျမတို့ မေးမြန်းတဲ့အထဲမှာမှ ၃ ပုံ ၁ပုံလောက်ရှိတဲ့ ကလေးတွေက မူလတန်းကို မပြီးဘဲနဲ့ ထွက်လိုက်တာပေါ့နော်။ တချို့ မူလတန်းကို ပြီးတာနဲ့ အလယ်တန်းကို မတက်ဖြစ်ဘဲနဲ့ ထွက် လိုက်တာက များတယ်။ နောက်တခုက အလယ်တန်းပြီးတော့ အထက်တန်းတက်ဖို့ တခြား ကျောင်းပြောင်းရမယ်ဆိုတဲ့အချိန်မှာ အခက်အခဲတွေကြောင့်မို့လို ထွက်လိုက်ကြတယ်။

“အဓိက အခက်အခဲကတော့ သူတိုမိဘတွေရဲ့ စားဝတ်နေရေးအခက်အခဲကြောင့် ကျောင်းမတက်နိုင်ဘဲ ကျောင်းထွက်လိုက်ရတယ်။ တခြားအခက်အခဲတွေကတော့ သူတို့နေတဲ့နေရနဲ့ စာသင်ကျောင်းသွားရတဲ့နေရာက ဝေးတယ်လေ။ တနာက်ခုက တချို့ကလေးတွေက မိဘတွေ ရဲ့ အိမ်အလုပ်ကို ကူညီရတယ်။ တချို့မသားစုတွေက  မိသားစုဝင်များ များပြီး သူတို့ ကျောင်းထွက်ပြီး မိသားစုအတွက် အလုပ်လုပ်ရတယ်ပေါ့နော်။ အဲဒီအခက်အခဲကြောင့် ကျောင်းထွက်ရတာရှိတယ်။”

ဒါ့အပြင် မူလတန်းနဲ့ အလယ်တန်း စာသင်နှစ်တွေမှာပေးချေရတဲ့ ကျောင်းအသုံးစရိတ်တွေဟာ မြင့်မားနေသလို ကျေးလက်ဒေသတွေမှာ အလယ်တန်း၊ အထက်တန်းကျောင်ေးတွ မရှိတဲ့အတွက် တခြားဒေသကို သွားရောက်ပညာသင်ယူနေကြရတဲ့အတွက် ကုန်ကျစ ရိတ်ပိုမိုများတဲ့အတွက် ကလေးတွေဟာ ကျောင်းဆက်တက်နိုင်ဖို့ အခက်အခဲ များစွာ ရှိနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အစိုးရနဲ့ နိုင်ငံတကာအလှူရှင်တွေအနေနဲ့ မွန်ကျေးလက်ဒေသတွေမှာ ဆင်းရဲမွဲတေမှု လျော့ချရန်ပူးပေါင်းဆောင်ရွက်ဖို့၊ ကျေးလက်ဒေသတွေမျာ ကျောင်းနေ စရိတ်လျော့ချဖို၊ ချမှတ်ထားတဲ့ မသင်မနေ အခမဲ့ ပညာရေးစနစ်ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့အပြင် အခမဲ့ ပညာရေးစနစ်ကို အလယ်တန်းပညာအထိ တိုးမြှင့်နိုင်ဖို့ နဲ့ ရပ်ဝေးဒေသက ကျောင်းတက်နေရသူတွေအတွက် ပညာသင်ထောက်ပံချီးမြှင့်ဖို့ တောင်းဆို ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013