DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အကျပ်အတည်းများအကြောင်း ဘန်ကောက်ဗုဒ္ဓညီလာခံ၌ ဆွေးနွေး
DVB
·
June 2, 2015
ကမ္ဘာ့အကျပ်အတည်းများအကြောင်း ဘန်ကောက်ဗုဒ္ဓညီလာခံ၌ ဆွေးနွေး
1 / 6
Donate to DVB

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် မဟာချူလာလောင်ကွန်တက္ကသိုလ်မှာ ၃ ရက်တာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဝိသာခါပူဇာနေ့အခမ်းအနားကို မြန်မာအပါအ၀င် ကမ္ဘာတ၀န်းက ထောင်နဲ့ချီတဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေ တက်ရောက်ပြီး ဗုဒ္ဓဘာသာနဲ့ ကမ္ဘာ့အကျပ်အတည်း အကြောင်းဆွေးနွေးခဲ့ကြပါတယ်။

ဝိသာခါပူဇာနေ့အဖြစ် နိုင်ငံတကာဗုဒ္ဓဘာသာ ညီလာခံကို တနိုင်ငံပြီးတနိုင်ငံ အလှည့်ကျ ကျင်းပလာခဲ့တာမှာ ဒီနှစ် ၁၂ ကြိမ်မြောက်ကတော့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာလို့ ညီလာခံ တက်ရောက်သူ မဟီဒေါ တက္ကသိုလ် ပါရဂူတန်းမှာ တက်ရောက်နေတဲ့ အရှင် တေ၀ိန္ဒာ ၀ိပါလ က ဒီဗွီဘီကို မိန့်ပါတယ်။

“ဒီနှစ် ၁၂ ကြိမ်မြောက် ၀ိသာခါဗုဒ္ဓညီလာခံမှာ ဗုဒ္ဓဘာသာ နဲ့ ကမ္ဘာ့အကျပ်အတည်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးဟောကြားခဲ့ကြပါတယ်။ အဲဒီခေါင်းစဉ်ကြီးအောက်မှာ ဗုဒ္ဓဘာသာဝင်နဲ့ ပညာရေးဆိုင်ရာ အကျပ်အတည်း၊ ဗုဒ္ဓဘာသာဝင်နဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ ပြဿ နာ၊ ဗုဒ္ဓဘာသာဝင်နဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ကမ္ဘာကြီးပူနွေးလာတဲ့အပေါ် ဗုဒ္ဓသဘော တရားနဲ့ ဘယ်လို ထိန်းသိမ်းကာကွယ်မလဲ။ အာဆီယံ ၁၁ နိုင်ငံတွင်းရှိ ဗုဒ္ဓဘာသာဝင်တို့ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပေါင်းကူးဆက်သွယ်ရေး၊ ထေရ၀ါဒ၊ မဟာယာန နဲ့ ၀ဇီရယာန ဆိုတဲ့ ဗုဒ္ဓဘာသာ ၃ ဂိုဏ်းတို့ကြား တူညီတဲ့အရာတွေ ရွေးချယ်ပြီး ဘုံသုံး ဗုဒ္ဓဖတ်စာအုပ် ထုတ်ဝေရေးတွေ ဆွေးနွေးခဲ့တယ်။”

ညီလာခံအပြီးမှာ ဗုဒ္ဓဘာသာထိန်းသိမ်းမြှင့်တင်ရေး၊ ကမ္ဘာကြီးငြိမ်းချမ်းအောင်တည် ဆောက်ရေး၊ ကုလသမဂ္ဂတို့ရဲ့ ကူညီထောက်ပံ့ရေးတွေနဲ့ ပတ်သက်တဲ့ ကြေညာချက်စာတမ်း ထုတ်ပြန်ခဲ့ပါ တယ်။

မေလ ၂၈ ကနေ ၃၀ ထိ ကျင်းပတဲ့ ဒီညီလာခံကို နိုင်ငံပေါင်း ၈၀ ကျော်က ရဟန်းရှင်လူ လေးထောင်ကျော် တက်ရောက်ခဲ့ရာမှာ မကြာသေးခင်ကမှ ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းလာ တဲ့ ဥရောပ၊ အမေရိက၊ ဟန်ဂေရီ၊ မက္ကစီကို၊ အာဖရိက၊ ယူဂန္ဓာ အစရှိတဲ့ နိုင်ငံက သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ကမ္ဘာ့ဝိသာခါနေ့ဟာ ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသောနေ့၊ သဗ္ဗေညုတဉာဏ်ပွင့်တော်မူပြီး ဘုရားဖြစ်တော်မူသောနေ့နဲ့ ပရိနိဗ္ဗာန်စံတော်မူသောနေ့တို့ ထူးကဲစွာ တထပ်တည်းကျတဲ့နေ့ပေါ် မူတည်ပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီနေ့ကို ကဆုန်လပြည့် ဗုဒ္ဓနေ့အဖြစ်သတ်မှတ်ပြီး ထိုင်းနဲ့ အခြား အာရှ နိုင်ငံ အချို့မှာတော့ ပြက္ခဒိန်တွက်ချက်မှုပေါ် မူတည်ပြီး မတူကွဲပြားတဲ့ရက်တွေမှာ သတ်မှတ်ထား ပါတယ်။

ဝေါဟာရစကားလုံးနဲ့ နေ့ရက်အချိန်တွေ ဘယ်လိုကွဲပြားနေပါစေ ၀ိသာခါနေ့ရဲ့ အနှစ်သာရ ကတော့ အတူတူဘဲလို့ အရှင် တေ၀ိန္ဒာ ၀ိပါလက မိန့်ကြားသွားပါတယ်။

သတင်းဓာတ်ပုံ- Ven Devinda ဖေ့ဘွတ်ခ်စာမျက်နှာ

[gallery ids="95652,95654,95655,95656,95657"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013