DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများ အာမခံ ပယ်ချခံရ၊ ၀န်းရံပြည်သူတဦး အရေးပေါ်ဆေးရုံတင်
DVB
·
June 2, 2015
သပိတ်မှောက်ကျောင်းသားများ အာမခံ ပယ်ချခံရ၊ ၀န်းရံပြည်သူတဦး အရေးပေါ်ဆေးရုံတင်
1 / 3
Donate to DVB

အမျိုးသားပညာရေး ဥပဒေကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ရိုက်နှက် ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဇွန် ၂ ရက်က သာယာဝတီ ခရိုင်တရားရုံးမှာ ထပ်မံ ရုံးထုတ် စစ်ဆေးပါတယ်။

ဒီနေ့ ဇွန် ၂ ရက်နေ့မှာတော့ အာမခံလျှောက်ထားတဲ့သူ ၁၃ ဦးစလုံးကို ပယ်ချတယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

phyophyoaung 02062015 tharyarwadi“အာမခံကတော့ တင်ထားတာတော်တော်များတယ်။ အကုန်ပယ်တယ်တဲ့။ ၅၀၅ (ခ) က အာမခံပေးလို့ မရတဲ့ပုဒ်မဖြစ်တယ်။ နောက်ပြီး စာမေးပွဲဖြေဖို့ ဆိုတာကလည်း လိုသေးတယ်တဲ့ အဲဒီအကြောင်းပြချက်နဲ့။”

ဒီကနေ့ တရားခွင်မှာ ၀န်းရံပြည်သူတဦးဖြစ်တဲ့ ကိုတင်ဝင်းဟာ ရိုက်နှက်ခံရစဉ်က ရရှိခဲ့တဲ့ ဒဏ်ရာတွေ ကြောင့် ကျန်းမာရေး ဆိုးရွားလာတဲ့အတွက် သာယာဝတီဆေးရုံကို တင်ခဲ့ရတယ် လို့ ဇနီးဖြစ်သူ မမြင့်မြင့်ကြီးက ပြောပါတယ်။

“ကျမ ကြာသာပတေးနေ့က သူ့ဆီကိုသွားတွေ့ကတည်းက သူက ထမင်းလည်း မစားနိုင်ဘူး။ ပထမရိုက်ထားတဲ့ဒဏ်တွေလေ။ ကျမ အခုလာတော့ ထမင်းကျွေးတာ မစားဘူး။ မစားလည်း မစားဘူးပြောပြီးတော့ မွန်းကျပ်ပြီးတော့ သတိလစ်သွားတာ။ သူက ကျောကုန်းတွေလေ သူကရှေ့ဆုံးဆိုတော့ သူကိုရိုက်ထားတဲ့ ဖိနပ်နဲ့ကန်တာတွေ ဒုတ်နဲ့ရိုက်တာတွေ သွေးမထွက်ပဲ နဲ့ ဒဏ်ဖြစ်နေတာ။ အတွင်းဒဏ်ပေါ့နော် ခဏခဏလည်း ဆေးသွားသွားထိုးရတယ်။”

MinThweThit 02062015 TharYarWadiဒီကနေ့ ရုံးထုတ်မှာတော့ တရားလိုဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အပြန်အလှန်မေးခွန်း မေးမြန်း စစ်ဆေးတာဖြစ်ပြီး မပြီးပြတ်သေးတဲ့အတွက် ညနေပိုင်းမှာ ဆက်လက်စစ်ဆေး မှာဖြစ်ပါတယ်။

ရုံးချိန်းမှာ သတင်းသမားတွေအပြင် ကျောင်းသားမိဘတွေလည်း တရားခွင်မှာ ၀င်ရောက်နားထောင်ခွင့် ရှိခဲ့တယ်။

သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည် သူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013