DVB Logo
Home
မြန်မာသတင်း
စာရေးဆရာထင်လင်းဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်
DVB
·
June 2, 2015
စာရေးဆရာထင်လင်းဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်
1 / 5
Donate to DVB

သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံထားရတဲ့ စာရေးဆရာ ထင်လင်းဦးကို ဒီကနေ့ ချောင်းဦးမြို့ နယ် တရားရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်စီရင်ချက်ချမှတ်လိုက်ပါတယ်။

စာရေးဆရာ ထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ တခြားသူများ ကိုးကွယ်ယုံကြည်ရာဘာသာကို ပုတ်ခတ်ပြောဆိုမှု ပုဒ်မ၂၉၈တို့နဲ့ ချောင်းဦးမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပြီး ဒီကနေ့မှာတော့ သာသနာညှိုနွမ်းစေမှုပုဒ်မ တခုထဲနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တာလို့ ဦးထင်လင်းဦးရဲ့ အစ်ကို ဦးနေဦးက ပြောပါတယ်။

“ပထမစွဲတာက ၂၉၅ (က) နဲ့ ၂၉၈။ ၂၉၈ က အထမမြောက်ဘူးဆိုပြီးတော့ ၂၉၅ (က)ကို ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်ဗျာ။ အပြည့်ချလိုက်တာပေါ့ဗျာ။ သူတို့ ဥပဒေအရ တော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ပေါ့ဗျာ။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှ ကျေးရွာ စာပေဟောပြောပွဲမှာ ဦးထင်လင်းဦးရဲ့ ဟောပြောချက်နဲ့ပတ်သက်လို့ သာသနာ ညှိုးနွမ်းစေတယ်ဆိုပြီး သူကို ဖမ်းဆီး စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

ဦးထင်လင်းဦး ရဲ့ ရှေ့နေ ဦးသိန်းသန်းဦးကတော့ ဒီကနေ့ စီရင်ချဟာ ဘေးက ဖိအားတွေ ပါဝင်နေပြီး အမှုအတွက် ဆက်လက်အယူခံ ၀င်သွားမယ်လို့ ပြောပါတယ်။

“‘သူအပြစ်လုံးဝမရှိဘူးလို့ ယုံကြည်တယ်လေ။ ဖွဲ့စည်းပုံပါ အခွင့်အရး၊ လူ့အခွင့်အရေးကြေညာစာတန်းပါအခွင့်အရေးအရ နောက်ဒီအမှုတွေက ၂၉၅(က)တို့ ၂၉၈ တို့ဆိုတာက တမင် မသမာတဲ့ ကြံရွယ်ချက်ပေါ့။ ဆရာထင်လင်းဦးမှာ အဲလို မသမာတဲ့ ကြံရွယ်ချက်မပေါ်ပါဘူး။ ကျနော်တို့က အယူခံဆက်တက်သွားမှာပေါ့နော်။အမြင့်ဆုံး ပြစ်ဒဏ်ချတာကတော့ ပြောရရင် ရုံးအနေနဲ့ ဘေးဖိအားတွေရှိတယ်။ အထက်ဖိအားမဟုတ်ဘူး။ ဘေးဖိအား ပြင်ပဖိအားတွေရှိတယ်။ ကနေ့လည်း မဘသတွေ အများကြီးလာတယ်။ ပထမ ရုံးစတက်ကတည်းက ရုံးခန်းမှာလာဝိုင်းပြီးတော့ ကြွေးကြော်သံတွေ တိုင်တာတို့၊ ခြိမ်းခြောက်တာတို့ ရှိခဲ့ပြီးသားပဲ။ အဲဒီအပေါ်မှာလည်း ရုံးက စိုးရိမ်ပြီးတော့ ဒေသအနေအထားနဲ့ တွက်ချက်ပြီးသကာလ ဒီလိုချတယ်လို့ ကျနော်ယူဆပါတယ်။ ’’’

စာရေးဆရာထင်လင်းဦးဟာ သူ့ရဲ့ ဟောပြောချက်တွေနဲ့ ပက်သက်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့က ချောင်းဦးမြို့နယ်မှာ သံဃာတော်တွေကို အခမ်းအနားနဲ့ ၀န်ချတောင်းပန်ခဲ့ ရာမှာ သံဃာတော်တွေကလည်း ကျေနပ်ခွင့်လွှတ်ပြီးသားဖြစ်ပါတယ်။

ဒါပေမယ့် သူ့ကို ဒီလို ထပ်ပြီးထောင်ချတဲ့ အပေါ် ဦးနေဦးက “ဘာသာရေးအမှု ကိစ္စဖြစ်နေပြီးတော့ သီလရှင်တပါးမှလည်း မပါဘူး။ သံဃာတော်တပါးမှလည်း သက်သေထွက်ဆိုတာ မတွေ့ရဘူး။ အဲတော့ ဒီဖက်က လောကုတ္တရာပိုင်းဆိုင်ရာတွေမှာ မြ၀တီဆရာတော်ဘုရားကြီးက ထင်လင်းဦးဘက်ကနေပြီးတော့ သက်သေလိုက်ပေးတာ အနေအထားနဲ့ကို ကြည့်မယ်ဆိုရင် သံဃာတော်တွေအားလုံးက ထင်လင်းဦးရဲ့ ဟောပြော ချက်ကို ကန့်ကွက် ရှုတ်ချကြတာမဟုတ်ဘဲနဲ့ ဒီ မဘသ သံဃာတော်တွေပဲ ရှုတ်ချတယ်လို့ ကျနော်တို့က သုံးသပ်လို့ရ ပါတယ်။”

ဦးထင်လင်းဦးကို ဒီကနေ့ ထောင်ဒဏ်စီရင်အပြီးမှာတော့ မုံရွာထောင်ကို ပို့လိုက်တယ်လို့ လည်းပြောပါတယ်။

စာရေးဆရာ ထင်လင်းဦး အမှုကို ၈ လကျော်ကြာ စစ်ဆေးခဲ့တာဖြစ်ပြီး ရုံးချိန်းပေါင်း ၂၀ ရှိခဲ့အပြီးမှာ ခုလို ထောင်ဒဏ်စီရင်လိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံ - ဇော်ဇော်

[gallery ids="95604,95605,95606,95607,95608"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013