DVB Logo
Home
နိုင်ငံတကာ
ဟော်မုဇ်ရေလက်ကြားကို  အမေရိကန်က မကြာမီ ပြန်ဖွင့်မည်ဟု ထရမ့်ပ် ပြော 
DVB
·
April 11, 2026
Source: Reuters
Source: Reuters
Donate to DVB

ဟော်မုဇ်ရေလက်ကြားကို မကြာမီ အမေရိကန်က ဖွင့်ပေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတင်းထောက်နဲ့တွေ့ဆုံချိန်မှာ ပြောပါတယ်။ 

ဟော်မုဇ်ရေလက်ကြားဟာ နိုင်ငံတကာပိုင်ဖြစ်လို့ အခွန်ကောက်တာမျိုးကို ခွင့်မပြုတာလားလို့ သတင်းထောက်ရဲ့ မေးမြန်းမှုကို ထရမ့်ပ်က ခွင့်မပြုဘူးလို့ ဖြေကြားခဲ့ပါတယ်။ 

အီရန်က ဟော်မုဇ်ရေလက်ကြားမှာ ဘယ်သူမှမသိအောင် အခွန်ကောက်ရင်လည်း အဲ့ဒီလို အခွန်ကောက်တာမျိုး ခွင့်ပြုမှာမဟုတ်ဘူးလို့ ထရမ့်က ပြောပါတယ်။ 

ကောင်းမွန်တဲ့ ကမ်းလှမ်းမှုက ဘာလဲဆိုတဲ့ မေးခွန်းကို နျူကလီးယားလက်နက်မရှိဖို့က နံပါတ် ၁ဖြစ်တယ်လို့ ဆိုပါတယ်။ 

အီရန်မှာ အစိုးရ အပြောင်းအလဲ ဖြစ်သွားပြီလို့ ထင်ကြောင်းနဲ့ ဘယ်လိုပြောင်းလဲရမလဲဆိုတာမျိုး မသတ်မှတ်ထားပေမဲ့ နျူကလီးယားမရှိဖို့ ၉၉ ရာခိုင်နှုန်းလို့ ပြောပါတယ်။ 

ဟော်မုဇ်ရေလက်ကြားနဲ့ပတ်သက်ပြီးလည်း ထရမ့်ပ်က ငွေပေးရတာမျိုးမရှိဘဲ ဟော်မုဇ်ရေလက်ကြား ဖွင့်မှာပါလို့ ပြောပါတယ်။ 

ဒီရေလက်ကြားကို အမေရိကန်တွေက အသုံးပြုတာမဟုတ်ဘဲ အခြားနိုင်ငံတွေက သုံးတာကြောင့် အဲဒီနိုင်ငံတွေက အကူအညီပေးရမယ်ဆိုတာနဲ့ ဒီကိစ္စက မလွယ်ကူပေမဲ့ မကြာမီ ပြန်ဖွင့်နိုင်မယ်လို့ ထရမ့်ပ်က ဆိုပါတယ်။ 

စီစဉ်ထားတဲ့အတိုင်း မဖြစ်ဘူးဆိုရင် အခြား ဘာအစီအစဉ်ရှိလဲလို့ မေးမြန်းမှုအပေါ် ထရမ့်ပ်က “အစီအစဉ်မလိုပါဘူး။ စစ်ရေးအရ ရှုံးနိမ့်နေပြီး အီရန်ရဲ့ စစ်တပ်ကလည်း မရှိတော့ပါဘူး။ သူတို့မှာ ဒုံးကျည်နည်းနည်းပဲရှိပါတယ်။ ကျနော်တို့ရဲ့ စစ်တပ်က သူတို့မှာ ဘာမှမရှိအောင် အကောင်းဆုံးတိုက်ခိုက်နိုင်ခဲ့ပါတယ်” လို့ ဖြေခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013