DVB Logo
Home
မြန်မာသတင်း
လှေစီးလူကုန်ကူးပြဿ နာ အချိန်ဆွဲရင် ပိုဆိုးလာနိုင်ဟု အန်အယ်လ်ဒီ သတိပေး
DVB
·
June 1, 2015
လှေစီးလူကုန်ကူးပြဿ      နာ အချိန်ဆွဲရင် ပိုဆိုးလာနိုင်ဟု အန်အယ်လ်ဒီ သတိပေး
1 / 2
Donate to DVB

တကမ္ဘာလုံးက စိုးရိမ်ပူပန်နေတဲ့ လူကုန်ကူးပြဿ နာကို ထိရောက်စွာ ကိုင်တွယ်ဖို့နဲ့  လူကုန်ကူးသူတွေကို အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဇွန် ၁ ရက်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေက မြန်မာအပါအ၀င် အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ပင်လယ်ပြင်မှာ တွေ့ရှိတဲ့ ထောင်နဲ့ချီတဲ့ ပင်လယ်ပြင် လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီက ပထမဆုံးအကြိမ် သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဒီကြေညာချက်မှာ လှေစီးဒုက္ခသည် အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်ပေမယ့် မြန်မာနိုင်ငံကလည်း ပါဝင်တယ်လို့ သိရကြောင်း၊ လှေစီးဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ သက်သောင့်သက်သာ နေနိုင်ရေး အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ အကူအညီယူကာ ပြဿ  နာကို ကူညီဖြေရှင်းပေးရမှာဖြစ်ကြောင်းနဲ့ ဘယ်နိုင်ငံက ဖြစ်တယ်ဆိုတာ သေချာစိစစ် အတည်ပြုပေးရမယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

[caption id="attachment_95482" align="aligncenter" width="720"]ဓာတ်ပုံ - မြ၀တီ ဓာတ်ပုံ - မြ၀တီ[/caption]

ဒါ့ပြင် လှေစီးဒုက္ခသည်ကိစ္စဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ရှုမြင်တယ်လို့လည်း အန်အယ်လ်ဒီကပြောပါတယ်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ရခိုင်မှာ အဲဒီ သုံးလေးနှစ်လောက်က ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်ခဲ့ကြတယ်။ လူအသေအပျောက်တွေလည်း ရှိခဲ့ကြတယ်။ အဲဒီဟာတွေရဲ့ အရှိန်အဟုန်ဟာ အခုဒီဘက်ကို ရောက်လာတယ်။ ရောက်လာပြီးတော့ တခါ လူကုန်ကူးမှု  ပြဿ နာနဲ့ ဆက်စပ်သွားတယ်၊ ကျနော်တို့ ဒီပြဿ  နာကို ခပ်လွယ်လွယ်လုပ်လို့ မရဘူး။ ခပ်လွယ်လွယ်လုပ်ရင် ပိုဆိုးလာမယ်။၊ အဲတော့ ဒီပြဿ  နာ ပျောက်သွားအောင်  အရေးကြီးတဲ့လုပ်ငန်း (၇) ရပ် ကျနော်တို့ ဖော်ပြပါတယ်။ အဲဒါတွေကိုလုပ်မှ ပြီးပြတ်သွားမယ်။ ဟိုတစ ဒီတစလောက်နဲ့ ပြောနေလို့ မရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခတွေ ပြေငြိမ်းစေဖို့နဲ့ လှေစီးဒုက္ခသည်တွေ ထပ်မံမပေါ်ပေါက်လာစေဖို့ အန်အယ်လ်ဒီက တိုက်တွန်းထားတဲ့ အချက် ၇ ချက်ထဲမှာ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်လုံခြုံရေး၊ နယ်စပ်အာဏာပိုင်တွေ အဂတိလိုက်စားမှု ကင်းရှင်းရေး၊ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်သူတွေထံ အမြန်ရောက်ရှိရေး၊ ဒုက္ခသည်စခန်းတွင်းနေသူတွေ ပြန်လည်နေရာချထားရေး၊ ဒေသတွင်း နေထိုင်သူတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စတွေကို တရာမျှတပွင့်လင်းစွာ ဆောင်ရွက်ပေးရေးတွေ ပါဝင်ပါတယ်။

အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ လှေစီးဒုက္ခသည်အရေး မြန်မာအစိုးရရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ကြိုဆိုတယ်လို့  အာအက်ဖ်အေ သတင်းဌာနနဲ့ အပတ်စဉ် မေးမြန်းခန်းမှာ ပြောပါတယ်။

“ဒုက္ခသည်ပြဿ နာကတော့ တကမ္ဘာလုံးမှာ ရှိတယ်ပေါ့နော်။ အခုနောက်ဆုံးပြဿ နာနဲ့ ပတ်သက်လို့တော့ ဗမာအစိုးရဘက်က ဗမာပြည်ကသွားတဲ့ ဒုက္ခသည်တွေမှန်လို့ရှိရင် ကြည့်ရှုစောင့်ရှောက်မယ်ဆိုတဲ့သဘော ပြောသွားတာတော့ အဲဒါတော့ ကြိုဆိုရမှာပဲ၊ ကိုယ့်နိုင်ငံက လူတွေဆိုရင် ကိုယ်တာဝန်ယူရမှာပေါ့။ ဒါပေမယ့် စဉ်းစားရမှာက ဒီကမ္ဘာလောကကြီးမှာ ဘာလို့ ဒုက္ခသည်တွေ ဒီလောက်များနေသလဲ၊ ဒုက္ခသည်တွေ ပေါ်ပေါက်ရခြင်းရဲ့ အကြောင်းတွေကို စိစစ်ပြီးတော့ ပြုပြင်ဖို့ လိုတာပဲ။ ဒုက္ခသည်တွေဖြစ်ပြီး ဒုက္ခသည်တွေ ဟိုရောက် ဒီရောက် ရောက်မှ၊ သင်္ဘောပျက်မှ စသဖြင့်  ဘာလုပ်ရမလဲ၊ ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲ ဆိုပြီးတော့ စဉ်းစားတာတွေဟာ  တကယ့်ပြဿ  နာနဲ့ အရင်းအမြစ်ကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်လို့ ဖြစ်တာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး အသံတိတ်နေတယ်လို့ နိုင်ငံတကာ အသိုက်အ၀န်းရဲ့ ဝေဖန်ခံနေရတာဖြစ်ပြီး တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကလည်း  မြန်မာပြည်က ရိုဟင်ဂျာတွေအရေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပိုမိုအာရုံစိုက် ဆောင်ရွက်ပေးဖို့နဲ့  နိုဘယ်ဆုရှင်တဦးအနေနဲ့ တခုခုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း သြစတေးလျ သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တိုက်တွန်းထားပါတယ်။

လတ်တလော ပင်လယ်ပြင် လှေစီးဒုက္ခသည်အရေးပြဿ နာဟာ ဒေသတွင်း ပြဿ နာတခုလို ဖြစ်လာနေပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာလည်း  လူ ၂၀၀ ကျော်ပါ လူမှောင်ခို လှေတစီး မြန်မာရေတပ်က ဖမ်းမိခဲ့သလို ဧရာဝတီတိုင်းမှာလည်း ဘင်္ဂါလီ ၇၀၀ ကျော် လိုက်ပါလာတဲ့ လှေတစီး မြန်မာရေတပ်က ဖမ်းမိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013