DVB Logo
Home
မြန်မာသတင်း
မျက်ကန်းမျိုးချစ် မဖြစ်ရေး ကြံ့ခိုင်ရေးပါတီခေါင်းဆောင် သူရဦးရွှေမန်း သတိပေး
DVB
·
June 1, 2015
မျက်ကန်းမျိုးချစ် မဖြစ်ရေး ကြံ့ခိုင်ရေးပါတီခေါင်းဆောင် သူရဦးရွှေမန်း သတိပေး
1 / 5
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ဖို့အတွက် ကြံ့ခိုင်ရေးပါတီဝင်တွေအနေနဲ့ မျက်ကန်းမျိုးချစ်တွေ မဖြစ်ရေး သတိထားကြဖို့ ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

မေ ၂၉ ရက်ကနေ ၃၁ ရက်ထိ နေပြည်တော် ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့တာလို့ ပါတီအာဘော် ပြည်ထောင်စုနေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။

ရွေးကောက်ပွဲအနိုင်ရအောင် ပါတီကို ဦးဆောင်ဖို့ တာဝန်ပေးခံရတဲ့ အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးရွှေမန်းက “အောင်မြင်မှုရရှိဖို့အတွက် ပြည်သူများရဲ့ ယုံကြည်မှု အရေးကြီးပါတယ်။ ပြည်သူပါတဲ့ဘက်က နိုင်ပါလိမ့်မယ်။ ဒါကြောင့် ပြည်သူများပါအောင် ကျွန်တ်ာတို့ပါတီက ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောချင်တာက ကျွန်တော်တို့ ပါတီဝင်များဟာ မျိုးချစ်နိုင်ငံရေးသမားများ ဖြစ်ဖို့လိုပါတယ်။ မျက်ကန်းမျိုးချစ် မဖြစ်ရေးလည်း သတိထားရမယ့်သဘော ရှိပါတယ်။ ထို့အတူ တရားသေဝါဒစွဲကိုင်သူများ မဖြစ်ဖို့နဲ့ ပြုပြင်ပြောင်းလဲရေးကို မှန်ကန်စွာ ချိန်ကိုက်ဆောင်ရွက်နိုင်ဖို့လိုမယ်လို့ ယူဆပါတယ်။ ဒီအချက်တွေဟာ ရွေးကောက်ပွဲ အောင်နိုင်မှုနဲ့ ရွေးကောက်ပွဲအပြီး တည်ငြိမ်အေးချမ်းရေး ဖြစ်ပေါ်စေဖို့ ပြည်တွင်းပြည်ပ ထောက်ခံမှုများ ရရှိနိုင်မယ်လို့ ယူဆတဲ့အတွက် ယခုလို တင်ပြရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

[caption id="attachment_95427" align="aligncenter" width="492"]ဓာတ်ပုံ - သည်ယူနီယံဒေးလီး ဓာတ်ပုံ - သည်ယူနီယံဒေးလီး[/caption]

ပါတီဝင်တွေအနေနဲ့ ပါတီအကျိုးနဲ့ နိုင်ငံတော်အကျိုး ယှဉ်လာမယ်ဆိုရင် နိုင်ငံ့အကျိုး ဦးစားပေး ဆောင်ရွက်ဖို့နဲ့ လာမယ့် ရွေးကောက်ပွဲမှာ ပါတီအနိုင်ရရေး ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း သူရဦးရွှေမန်းက ကတိပေး ပြောဆိုသွားပါတယ်။

“ကိုယ့်ပါတီမို့လို့၊ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တဲ့သဘော မဟုတ်ပါဘူး။ ကျွန်တော်တို့ပါတီ အောင်နိုင်မှသာလျှင် ကျွန်တော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းပြီး အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်တဲ့ တခုတည်းသော ပါတီကြီးတခုဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။”

ကြံ့ခိုင်ရေးပါတီကို ပြည်သူ့ပါတီမဟာဗျူဟာအဖြစ် ရည်မှန်းချက်ထား ဆောင်ရွက်တဲ့နေရာမှာ အောင်မြင်မှု ရာခိုင်နှုန်း ၆ဝ လောက်ရနေပြီလို့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၁၅၄ နေရာအနက် ၈၈၃ နေရာအနိုင်ရပြီး လက်ရှိ လွှတ်တော် ၃ ရပ်စလုံးမှာ အင်အားအတောင့်တင်းဆုံးပါတီအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းလောက် ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၀င်ပြိုင်သွားမှာဖြစ်ပြီး ပါတီကိုယ်စားလှယ်လောင်းစာရင်း သီတင်း ၂ ပတ်အတွင်း ထုတ်ပြန်မယ်လို့ ပါတီအတွင်းရေးမှူး ဦးသိမ်းဆွေက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ လက်ရှိ တနိုင်ငံလုံးမှာ ပါတီဝင်အင်အား ၅ သန်းခွဲလောက် ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013