DVB Logo
Home
မြန်မာသတင်း
ပြည်မြို့နယ်က တောင်သူများ ထွန်တုံးတိုက်ပွဲဝင် (ရုပ်သံ)
DVB
·
June 1, 2015
ပြည်မြို့နယ်က တောင်သူများ ထွန်တုံးတိုက်ပွဲဝင် (ရုပ်သံ)
Donate to DVB

ပဲခူးတိုင်း ပြည်မြို့နယ်ထဲမှာ မြန်မာ့ကြံလုပ်ငန်းက သကြားစက်အတွက်သိမ်းယူခဲ့တဲ့ လယ်မြေ ဧက ၂၀၀ ကျော်ပြန်လည်ရရှိဖို့ မူလပိုင်ရှင်တောင်သူလယ်သမား (၅၀)ခန့်က ထွန်တုံးတိုက်ပွဲ ၀င်ခဲ့ကြပါတယ်။

ပြည်မြို့နယ်၊ ရှမ်းကုန်း၊ ရှမ်းစု၊ ပန်းတင်ကျေးရွာတွေက တောင်သူတွေဟာ မေလ ၃၁ ရက်နေ့က၊ နွား(၁၀)ရှဉ်း နဲ့ ၀င်ရောက်ပြီး ထွန်ယက်ခဲ့ကြပြီး နှမ်းစိုက်ဖို့ မျိုးစေ့ကြဲခဲ့ကြတယ်လို့ လက်ခုပ်ပင်ကျေးရွာက လယ်သိမ်းခံ တောင်သူ ဦးခင်ဦးက ပြောပါတယ်။

“သကြားစက်အတွက် မြေတွေသိမ်းသွားတဲ့အပြင် စိုက်ထားတဲ့ သီးနှံတွေပါ ဖျက်စီးခံခဲ့ရတယ်။ နောက်တခါ ရေမြောင်းတူးဖို့ကို ထပ်သိမ်းလိုက်တော့ ဒီကမိသားစုတွေ အကုန်ဘ၀တွေ ပျက်ကုန်ပြီး အခုဆိုလယ်ယာမဲ့သွားတဲ့ အသက်ကြီးသူတွေတောင် မြို့ကိုတက်ပြီး အလုပ်ကြမ်း တွေ၊ ကုန်ထမ်းအလုပ်တွေလုပ်ပြီး သားသမီးတွေလည်း ကျောင်းမတက်နိုင်တော့ဘူး။ သူများတွေထံမှာ ကူလီလုပ်နေရတယ်။”

မြန်မာ့ကြံလုပ်ငန်းက န၀ဒေးသကြားစက်အတွက် မြေတွေသိမ်းခဲ့ပြီး သကြားစက်ကို ပုဂ္ဂလိက လွှဲပြောင်းပေးတဲ့အခါ သိမ်းယူထားတဲ့ မြေတွေကိုလယ်သမားတွေထံ ပြန်မပေးပဲ သကြားစက်ရုံက ဆက်လက်လုပ်ကိုင် နေတာကြောင့် လယ်သမားတွေက အစိုးရတာဝန်ရှိသူတွေကို တိုင်ကြားထားခဲ့ပါတယ်။

မြန်မာ့ကြံလုပ်ငန်းကက သကြားစက်ကိုရော လယ်သမားတွေကိုပါ ခေါ်ယူတွေ့ဆုံပြီး ဒီမြေတွေကို သူတို့စွန့်လွှတ်ပြီး နိုင်ငံတော်ကို ပြန်အပ်ပြီးသွားပြီလို့ ခရိုင်အဆင့် အာဏာပိုင်တွေ ရှေ့မှာ ပြောဆိုခဲ့ကြပါတယ်။

ရှမ်းစုကျေးရွာက တောင်သူ ကိုသန်းနိုင်က “သိမ်းတုန်းက ဥပဒေနဲ့အညီသိမ်းတာ မဟုတ်ဘူး။ သကြားစက်ရုံနဲ့ လမ်းအတွက် သိမ်းထားတာ တွေကိုပဲ လျှော်ပေးတယ်။ ကျန်တာတွေကို ဘယ်ဟာမှ လျှော်ကြေးမပေးဘူး။ ကုမ္ပဏီပဲဖြစ်ဖြစ် လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ မြေပိုင်ဆိုင်ခွင့် လက်မှတ်ရှိမှ ပိုင်လို့ရတယ်။ အခုဒီသကြားစက်မှာ ဘာအထောက်အထားမှ မရှိဘူး။ သူတို့ကသာ ပိုင်တယ်လို့ပြောနေတာ သူတို့ပိုင်မြေ မဟုတ်ဘူး။”

တောင်သူတွေဟာ ပြီးခဲ့တဲ့မေလ ၂၇ ရက်ကလည်းတကြိမ် ထွန်တုံးတိုက်ပွဲဝင်ခဲ့ပြီး သိမ်းဆည်းခံမြေတွေ ပြန်ရဖို့အရေး အစိုးရဌာနဆိုင်ရာ အသီးသီးကို တိုင်စာပေးပို့တာ၊ ဆုတောင်းပွဲနဲ့ ဆန္ဒထုတ်ဖော်ပွဲတွေလုပ်ခဲ့ပေမယ့် အကြောင်းမထူးခဲ့တာကြောင့် အခုလို ဒုတိယအကြိမ် ၀င်ရောက်ထွန်ယက်ခဲ့ကြတာပါ။

အခုလို လယ်သိမ်းခံတောင်သူတွေက လူအင်အားနဲ့ ၀င်ရောက်ထွန်ယက်စိုက်ပျိုးတာကို ကျေးရွာ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့က လာရောက်ကြည့်ရှုခဲ့ပေမယ့် တားမြစ် နှောက်ယှက်ခဲ့တာတော့ မရှိခဲ့ပါဘူး။

၁၉၉၆-၁၉၉၇ ခုနှစ် လောက်က မြေ ၂၀၇ဧက ကျော်ကို မြန်မာ့ကြံလုပ်ငန်းက န၀ဒေး သကြားစက်အတွက်သိမ်းယူခဲ့ပြီး သကြားစက်ကို ပုဂ္ဂလိက လွှဲပြောင်းပေးတဲ့အခါ သိမ်းယူ ထားတဲ့ မြေတွေကို လယ်သမားတွေထံ ပြန်မပေးခဲ့ပါဘူး။
သကြားစက်ကမြေယာ ပိုင်ဆိုင်ကြောင်းအထောက်အထားမရှိပဲ ဆက်လက်လုပ်ကိုင် နေတာကို၊ဒေသဆိုင်ရာအာဏာပိုင်တွေကဖြေရှင်းမပေးတာကြောင့်မူလပိုင်ရှင်လယ်သမားတွေက အခုလိုဝင်ရောက်စိုက်ပျိုးနေကြတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013