DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းစာရင်း နှစ်ပတ်အတွင်း ထုတ်ပြန်မည်
DVB
·
May 31, 2015
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းစာရင်း နှစ်ပတ်အတွင်း ထုတ်ပြန်မည်
Donate to DVB

ကြံ့ခိုင်ရေးပါတီအနေနဲ့ သမ္မတလောင်းစာရင်းထုတ်ပြန်သွားဖို့ မရှိဘဲ ကိုယ်စားလှယ်လောင်းစာရင်းကို နောက်နှစ်ပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ မေ ၃၁ ရက်နေ့ ပါတီစတုတ္ထအကြိမ် အစည်းဝေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုကော်မတီအတွင်းရေးမှူး ဦးသိမ်းဆွေက ပြောပါတယ်။

“တပ်မတော်သားကိုယ်စားလှယ်လောင်းတွေ ပါလာနိုင်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေရော၊ အရပ်သားကိုယ်စားလှယ်တွေပါ ကျနော်တို့ပါတီမှာ ဟိုဘက်ခန်းမှာ အစည်းအဝေးလုပ်နေတယ်။ အဲ့ဒါ အောင်နိုင်ရေးနဲ့ ကိုယ်စားလှယ်ရွေးချယ်ရေးကိစ္စပဲ ဖြစ်ပါတယ်။ လာမယ့် ရှေ့နှစ်ပတ်လောက်မှာ အခြေခံစာရင်းတွေရအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

ပါတီစည်းဝေးပွဲမတိုင်မီက ဒီစည်းဝေးပွဲကနေ  ပါတီရဲ့ သမ္မတလောင်းနဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေစာရင်း ထုတ်ပြန်နိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အခုစည်းဝေးပွဲကနေ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ အောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး စည်းဝေး ဆုံးဖြတ်ချက်တွေအရလည်း ဦးရွှေမန်းကိုပဲ ပါတီတွင်း ရွေးကောက်ပွဲကိစ္စတွေမှာ အာဏာအပြည့်အ၀ပေးအပ်ထားတာ တွေ့ရပါတယ်။

အစောပိုင်းထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့က အစိုးရအဖွဲ့ထဲက ရွေးကောက်ပွဲဝင်မယ့်သူ ၇၀ စာရင်းပေးပို့ထားတယ်ဆိုတာနဲ့ စစ်တပ်ကဒုဗိုလ်ချုပ်ကြီးတွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးပို့ထားတယ်ဆိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့တော့ အခုအစည်းဝေးပွဲက အတည်ပြုပြောဆိုနိုင်ခဲ့ခြင်း မရှိပါဘူး။

ပါတီစတုတ္ထအကြိမ် စည်းဝေးပွဲကို မေလ ၂၉ ရက်ကနေ ၃၁ ရက်ထိ ၃ရက်ကြာ ကျင်းပပြုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013