DVB Logo
Home
မြန်မာသတင်း
ဇွဲကပင်တောင် မိုးပျံရထား ဆောက်လုပ်ရေး စီမံကိန်းစတင်
DVB
·
May 31, 2015
ဇွဲကပင်တောင် မိုးပျံရထား ဆောက်လုပ်ရေး စီမံကိန်းစတင်
1 / 4
Donate to DVB

ကရင်ပြည်နယ် ဇွဲကပင်တောင်ထိပ်ကို မိနစ်ပိုင်းအတွင်း တက်ရောက်ပြီး ဆံတော်ရှင်စေတီတော်ဘုရားကြီးကို ဖူးမြော်နိုင်မယ့် ကေဘယ်မိုးပျံရထား အုတ်မြစ်ပိုင်းကို စတင် ဆောင်ရွက်နေပါတယ်။

နိုင်ငံတကာ အကူအညီတွေ မရောက်သေးပေမယ့် မြန်မာအင်ဂျင်နီယာ ပညာရှင်တွေနဲ့ စတင်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ဂျပန်ကလည်း ဝိုင်းကူဝိုင်းလှူမယ်ပေါ့၊ သူတို့ကိုလည်း မျှော်နေမယ်ပေါ့။ သူတို့လည်း အချိန်အထိမလာတော့ ဒီမှာ မြန်မာပြည်က အင်ဂျင်နီယာတွေနဲ့ ကုမ္ပဏီပြောရင်တော့ မုတ္တမ ကုမ္ပဏီနဲ့ ဆက်ပြီးတော့ အလုပ်လုပ်နေတယ်” လို့ ဇွဲကပင် ဆံတော်ရှင် ဆရာတော် အရှင်က၀ိဓဇက မိန့်ကြားပါတယ်။

ဂျပန်နိုင်ငံ အလှူရှင်က ထောက်ပံ့လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ၅ သန်း လှူဒါန်းမယ်လို့ အကြောင်းကြားထားသလို စီမံကိန်းအတွက် ဒေါ်လာ ၇ သန်း ကုန်ကြမယ်လို့ မိန့်ပါတယ်။

ဒီစီမံကိန်း ပြီးစီးသွားပါက ဘုရားဖူးသူတွေအတွက်သာမက ပြည်နယ်အတွင်းက ဒေသခံတွေအတွက်လည်း အကျိုးအမြတ် ရရှိမယ်လို့ ဆရာတော်က မိန့်ပါတယ်။

“နိုင်ငံခြားမှာ အပျော်စီးပေါ့ ဒီမှာက ဆံတော်ရှင်ကို တက်ဖူးမယ်ပေါ့၊ ကရင်ပြည်နယ်လည်း စည်းကားလာမယ်ပေါ့၊ အခု ကေဘယ်လုပ်မယ်ပြောသံကြားတာပဲ ရှိသေးတယ် ဒီနယ်တလျှောက်က မြေကြီးတွေ အကုန်ဈေးတက်တယ်။ ကေဘယ်ပြီးရင် ကရင်ပြည်နယ်က စီးပွားရေး လူမှုရေးကိစ္စတွေ အဆင်ပြေသွားမှာပေါ့” လို့ အရှင် က၀ိဓဇက မိန့်ပါတယ်။

ငွေကြေး အဆင်ပြေပါက ၁၂ လအတွင်း ကေဘယ်မိုးပျံရထားပြီးစီးအောင် ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။

မိုးပျံရထားကို လူ ၄၀ အထိစီးနိုင်ပြီး ၁၀-၁၅ မိနစ်လောက်နဲ့ ဇွဲကပင်တောင်ထိပ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဇွဲကပင်တောင်ပေါ်ကို ခြေကျင်တက်ရောက်ပါက ၂ နာရီခွဲကနေ ၃ နာရီအထိ ကြာတယ်လို့ ဆိုပါတယ်။

[gallery ids="95348,95349,95350,95351"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013