DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု မှုခင်းဆေးပညာအရ သက်သေ ပြန်မစစ်မည်ကို ရှေ့နေများ စိုးရိမ်
DVB
·
May 31, 2015
လိပ်ကျွန်းအမှု မှုခင်းဆေးပညာအရ သက်သေ ပြန်မစစ်မည်ကို ရှေ့နေများ စိုးရိမ်
Donate to DVB

တရားရုံးမှာ အမှုမစစ်ဆေးမီ မှုခင်းဆေးပညာဆိုင်ရာ သက်သေတွေ ပြန်မစစ်ဆေးမှာကို စိုးရိမ်ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး သတ်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရှေ့နေတွေက ပြောပါတယ်။

စွပ်စွဲခံ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ရဲ့ ရှေ့နေတွေက ထိုင်းရဲတပ်ဖွဲ့က စုဆောင်းထားတဲ့ မှုခင်းဆေးပညာဆိုင်ရာ သက်သေတွေကို လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေဆီ ပို့ဆောင်ဖို့ တောင်းဆိုထားပါတယ်။

ဒါပေမယ့် ဒီအမှုနဲ့ပတ်သက်တဲ့ တရားသူကြီးတွေက တရားရုံးမှာ အမှု စစ်ဆေးတဲ့ နေ့ ဇူလိုင် ၈ ရက် ရောက်မှာသာ မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားတွေ ပြန်စစ်ဖို့ အမိန့် ထုတ်ပေးမယ်လို့ ရှေ့နေတွေကို ပြောပါတယ်။

"ပြောင်းလဲလာနေတဲ့ အခြေအနေကို ကျနော် အလွန်အမင်းကို စိုးရိမ်နေပါတယ်၊ မှုခင်း ဆေးပညာဆိုင်ရာ သက်သေ အထောက်အထားတွေက အမှုအတွက် အဓိက ကျပါတယ်။ ဒီသက်သေတွေကို တရားရေး ၀န်ကြီးဌာနရဲ့ ဗဟို မှုခင်းဆေးပညာ သိပ္ပံ အင်စတီကျူက ပြန်မစစ်ရင် ကြီးမားတဲ့ ရာဇ၀တ်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမှုကို ခုခံချေပမယ့် သူ ၂ ဦးရဲ့ ခုခံနိုင်မယ့် အခြေအနေကို အဟန့်အတားဖြစ်စေမှာပါ” လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေအဖွဲ့ ခေါင်းဆောင် နခွန်ချောင်ဖူချတ်က အမှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

၂၀၁၄ စက်တင်ဘာ ၁၅ ရက်က ဗြိတိသျှလူမျိုး ၂ ဦး သေဆုံးခဲ့တဲ့ အမှုမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို လူသတ်မှုနဲ့ စွပ်စွဲ ဖမ်း ဆီးထားတာ ဖြစ်ပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးချက်တွေဟာ ရှုပ်ထွေးနေသလို ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ညံ့ဖျင်းတယ်လို့ စွပ်စွဲချက်တွေရှိနေပါတယ်။

ဒီလူငယ် ၂ ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ ပြစ်မှုကြီးကျူးလွန်ပြီး လိမ်လည်မှု၊ ခိုးမှုနဲ့ တရားမ၀င်ဝင်ရောက်မှု စတဲ့ပုဒ်မ ၅ ခုနဲ့ စွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013