DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်း အကြမ်းဖက်မှု ၁၂ နှစ်ပြည့် အခမ်းအနားကျင်းပ
DVB
·
May 30, 2015
ဒီပဲယင်း အကြမ်းဖက်မှု ၁၂ နှစ်ပြည့် အခမ်းအနားကျင်းပ
Donate to DVB

ဒီပဲယင်းအကြမ်းဖက်မှု ၁၂နှစ်ပြည့်နေ့အထိမ်းမှတ် ဆွမ်းကပ်လှူပွဲကို မုံရွာခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ကြီးမှူးပြီး မေ ၃၀ ရက်က မုံရွာမြို့မှာ ပြုလုပ်သွားပါတယ်။

မုံရွာခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ကြီးမှူးပြီး အခမ်းအနားကို မုံရွာမြို့ ဇနကာရုံ ဘုန်းကြီးကျောင်းမှာ ကျင်းပနေတာပါ။

မနက်ပိုင်းမှာ သံဃာတော် ၁၀ ပါးကို ဆွမ်းဆက်ကပ်လှုဒါန်းပြီး နောက် တက်ရောက်လာကြသူတွေနဲ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ပါတယ်။

မုံရွာခရိုင်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးကွန်ရက်အသီးသီးက  က တာဝန်ရှိသူတွေနဲ့  စိတ်ပါ ၀င်စားသူ ဒေသခံတွေ တက်ရောက်ပြီး ဒီပဲယင်း အကြမ်းဖက်မှု အကြောင်းကို ပြန်ပြောင်းပြောဆိုခဲ့သလို ကဗျာတွေလည်း ရွတ်ဆိုခဲ့ပါတယ်။

ဒီပဲယင်းအရေးခင်း အမှုမှန်ပေါ်ပေါက်ရေးအတွက် လက်ရှိ အစိုးရမှာ တာဝန်ရှိကြောင်းနဲ့ ပါဝင်အကြမ်းဖက်ခဲ့တဲ့  တရားခံတွေကို ပြည်သူတွေသိရှိအောင် ပွင့်လင်းမြင်သာစွာ  ထုတ်ဖော်ပြောဆိုသင့်ကြောင်း တက်ရောက်လာတဲ့  နိုင်ငံရေးအကျဉ်းသားဟောင်းမျာတွေက သုံးသပ်ပြောဆိုကြပါတယ်။

၂၀၁၃ ခုနှစ် မေ ၃၀ ရက် မှာ တန်ဆည်မြို့ကို ပါတီဆိုင်းဘုတ်တင်အခမ်းအနား သွားရောက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာတဲ့ ယဉ်တန်းကားတွေကို ဒီပဲယင်းမြို့ ကြည်ရွာအနားမှာ  အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့အတွက်  လူအမြောက်များသေဆုံးခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013