DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသား ၇၀၀ ကျော်ရှိ
DVB
·
May 30, 2015
ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသား ၇၀၀ ကျော်ရှိ
Donate to DVB

၂၀၁၄-၁၅ ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်က ၇၀၀ ကျော် ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ပြောပါတယ်။

မေ ၃၀ ရက် သင်္ကန်းကျွန်းမြို့နယ် ဓမ္မပီယ ကျောင်းမှာ နိုင်ငံရေးအကျဉ်းသားညီလာခံကို တတိယ အကြိမ် ကျင်းပခဲ့ပြီး အဖွဲ့က အခုလို ပြောလိုက်တာပါ။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၃ အကုန်နဲ့ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ နိုင်ငံရေး အကျဉ်းသား ၃၀ ရှိပေမယ့် လက်ရှိ ထောင်ထဲမှာ ဖမ်းဆီးခံရသူ ၇၀၀ ကျော်အထိ ရှိလာတာလို့ ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်နိုင်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က အစိုးရကို ထိရောက်တဲ့ တိုက်တွန်းမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

ဒီမိုကရေစီအစိုးရလက်ထက်မှာ  နိုင်ငံရေးအကျဉ်းသားအရေအတွက်က လျော့သွားပြီး လုံးဝမရှိတဲ့အဆင့် ထိရောက်မှသာ ၂၀၁၅ ရွေးကောက်ပွဲက တရားမျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်နိုင်မယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဖမ်းဆီးခံရမှု တိုးမြှင့်လာနေပေမယ့်  ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်မှာ နိုင်ငံရေးအကျဉ်းသားမရှိတော့ဘူးလို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က အသိပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013