DVB Logo
Home
မြန်မာသတင်း
မြန်မာကို အများဆုံးကူညီနေသည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ သြစတြေးလျ ဖြတ်
DVB
·
May 30, 2015
မြန်မာကို အများဆုံးကူညီနေသည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ သြစတြေးလျ ဖြတ်
Donate to DVB

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကူညီမှုအများဆုံး ပြုလုပ်ပေးနေတဲ့ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ၃ မျိုး ရန်ပုံငွေ (သရီးအမ်ဒီဂျီဖန်း) အဖွဲ့ကို ထောက်ပံ့ ငွေကြေး သြစတြေးလျ အစိုးရက ဖြတ်တောက်လိုက်ပါတယ်။

မေလ ၁၂ ရက်က နိုင်ငံခြား အကူအညီတွေကို ဖြတ်တောက်မယ်လို့ သြစတြေးလျ အစိုးရက ကြေညာခဲ့ပြီးတဲ့နောက်မျာတော့ သရီးအမ်ဒီဂျီဖန်း အဖွဲ့ကို ပေးမယ့် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၄၂ သန်းကို ထပ်ပေးတော့မှာ မဟုတ်ပါဘူး။ ဒေါ်လာ ၄၈.၂ သန်းထောက်ပံ့ ကူညီထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် သရီး အမ်ဒီဂျီဖန်းအဖွဲ့ ဒီနှစ်အတွက် ဒေါ်လာ ၂၉၂ သန်းပဲ ရရှိမှာ ဖြစ်ပါတယ်။ အရင်နှစ်က ဒေါ်လာ ၃၃၄ သန်းရရှိခဲ့ပြီး ၁၃ ရာခိုင်နှုန်း လျော့နည်းသွားပြီလို့ ဆိုပါတယ်။

အရင်က သရီးဒီဖန်းလို့ အမည်ပေးထားတဲ့ သရီး အမ်ဒီဂျီဖန်းအဖွဲ့ကို သြစတြေးလျက  အများဆုံး ကူညီခဲ့သလို သရီးအမ်ဒီဂျီဖန်း ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ နေရာကို ယူထားတာလည်း ဖြစ်ပါတယ်။

ကျန်းမာရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီး သရီးအမ်ဒီဂျီဖန်းက မြန်မာနိုင်ငံသားတွေရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် ထောက်ပံ့ဆောင်ရွက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒီဖြတ်တောက်မှုကြောင့် မြန်မာမှာ လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို ရုတ်တရက် ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အနာဂတ် အစီအစဉ်နဲ့ အသုံးစရိတ်တွေကိုတော့ ဘုတ်အဖွဲ့နဲ့ ကျန်းမာရေး ၀န်ကြီးဌာနတို့က  ဆွေးနွေးတိုင်ပင်နေတယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ကို ၂၀၁၂ ခုနှစ်က ထူထောင်ခဲ့ပြီး သြစတြေးလျ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်တို့က ထောက်ပံ့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013