
အီရန်အစိုးရဟာ သယ်ယူပို့ဆောင်ရေး စရိတ်စကတွေကို လျှော့ချဖို့အတွက် အီရန်သင်္ဘော မဟုတ်တဲ့ တခြား နိုင်ငံခြားသင်္ဘောတွေပေါ် ကောက်ခံတဲ့ ၁၀ ရာခိုင်နှုန်း သယ်ယူခ အပိုကြေးကို ယာယီဆိုင်းငံ့လိုက်ပါတယ်။
ဒီဆိုင်းငံ့မှုထဲမှာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံဓာတ်ငွေ့ရည် သယ်ယူတဲ့ သင်္ဘောတွေ ပါဝင်တယ်လို့ အစိုးရ တစိတ်တပိုင်း ပါဝင်စီမံတဲ့ ဖှားရ်စ် သတင်းအေဂျင်စီက ဖော်ပြပါတယ်။
ဒီအပိုကြေး ကောက်ခံမှုကို ယာယီဆိုင်းငံ့ထားဖို့ အီရန် ဒုတိယသမ္မတ (ဥပဒေရေးရာ) က ဒုတိယ ရေနံဝန်ကြီးကို ညွှန်ကြားလိုက်တာလို့ ဖှားရ်စ် သတင်းမှာ ပါရှိပါတယ်။
အရင်ကတော့ အီရန်ဟာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အရည်ပျော် ရေနံဓာတ်ငွေ့ သယ်ယူတဲ့ နိုင်ငံခြား သင်္ဘောတွေဆီက အခကြေးငွေတွေ ကောက်ခံခဲ့တာကြောင့် ဒီကုန်ပစ္စည်းတွေရဲ့ သယ်ယူ ပို့ဆောင်ရေးစရိတ် ပိုကြီးခဲ့တာပါ။
ခုလို ယာယီဆိုင်းငံ့လိုက်တာကြောင့် သယ်ယူစရိတ်တွေ သက်သာသွားပြီး အီရန်နိုင်ငံကို ကုန်စည် အဝင်အထွက် သယ်ယူပေးဖို့ နိုင်ငံခြားသင်္ဘောအုပ်စုတွေကို ပိုပြီး ဆွဲဆောင်နိုင်လိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
Source: Reuters










