DVB Logo
Home
Lead Story
လှေစီးဝင် ဘင်္ဂါလီ ၇၀၀ ကျော် ဖမ်းမိမှု ဧရာဝတီတိုင်းအစိုးရ ပြောကြားချက်
DVB
·
May 29, 2015
လှေစီးဝင် ဘင်္ဂါလီ ၇၀၀ ကျော် ဖမ်းမိမှု ဧရာဝတီတိုင်းအစိုးရ ပြောကြားချက်
Donate to DVB

ဧရာဝတီတိုင်း ဖျာပုံမှာ ဘင်္ဂါလီလှေစီး ဒုက္ခသည် ၇၀၀ ကျော်ကို မြန်မာရေတပ်က ဒီကနေ့မနက် ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး  ဧရာဝတီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်ရဲ့ ဒီဗွီဘီကို ပြောကြားချက်။

“၇၂၇ ယောက် ၀င်တယ်။  ကနေ့ မနက် ၆ နာရီခွဲမှာပါ။ သူတို့ကို ပြန်ပြီး နည်းနည်း စစ်ဆေးကြည့်တော့ သူတို့က မတ်လလောက်က  ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကျနော်တို့ ဘူးသီးတောင် မောင်းတောပေါ့နော်။ အဲဒီကနေ စိစစ်ဆဲ ဘင်္ဂါလီတွေ တင်ထားတဲ့ စက်လှေ ၃ စီးပေါ့။ သူကတော့ ထိုင်းနိုင်ငံက တဆင့် မလေးရှားကိုသွားဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ ပင်လယ်ပြင်ကြားမှာ သူတို့က စတင်ပြီးတော့ ထွက်ခွာတာပေါ့နော်။ ဧပြီလ ဆန်းလောက်မှာ ထိုင်းပင်လယ်ပြင် ရောက်တယ်။ အဲမှာ မလေးရှားကနေပြီးတော့မှ လာရောက်ခေါ်ဆောင်မယ့် စက်လှေစောင့်ဆိုင်းရာ ၄၅ ရက်တောင်ကြာတယ်လို့ ပြောတယ်။ ကြာတော့ လာမခေါ်တဲ့ အတွက် သူတို့ မူလနေရာကို ထွက်ခွာတာ လွန်ခဲ့တဲ့ ၁၀ လောက်က ထိုင်းပင်လယ်ပြင်ကို ပြန်ထွက်လာတာပေါ့နော်။”

“ပင်လယ်ပြင်တနေရာမှာတော့ စက်လှေ ၃ စီးက ဘင်္ဂါလီတွေကို ကျနော်တို့ အခု ဖမ်းဆီးရမိတဲ့ စက်လှေပေါ်ကို ပြောင်းတင်ပြီးတော့မှ ကျန်တဲ့ ၂ စီးကတော့ ထိုင်းပင်လယ်ကို ပြန်ထွက်သွားတယ်။ အဲဒီထွက်သွားတဲ့ စက်လှေ ၂ စီးပေါ်မှာ ထိုင်းနိုင်ငံသား ၁၁ ယောက်ပါတယ်လို့ ပြောတယ်။ ကျနော်တို့ ကနေ့ မနက် ၆ နာရီခွဲလောက်မှာတော့ လတ္တီကျု ၁၅ ဒီဂရီ ၄၀ ဒီဂရီ ၈ မိနစ်မြောက်နဲ့ လောင်တီဂျူ  ၉၅ ဒီဂရီ ၄၂ မိနစ် ရှေ့ အရောက်မှာ ကျနော်တို့ ဖျာပုံမြို့ကနေ တောင်ဘက် မိုင် ၃၀ အကွာမှာ ထိုင်းစာတန်းပါ စက်လှေတစီးကို တွေ့တာပေါ့ဗျာ။  အဲဒီမှာ ဘင်္ဂါလီ ၇၂၇ ယောက်ပါတယ်။”

“သူတို့ကို အခု ကျနော်တို့  ဟိုင်းကြီးကျွန်းဘက်ကိုခေါ်သွားတယ် နီးတဲ့နေရာပေါ့နော်။ ခေါ်ပြီးတော့ ကျနော်တို့ ဒီကနေပြီးတော့မှ  ကယ်ဆယ်ရေးအတွက် ခြင်ထောင်တို့ စောင်တို့ ခေါင်းအုံးတို့ စားစရာတွေကတော့ ဟိုရောက်ရင် စီစဉ်မှာပေါ့။ ဒီကနေပြီးတော့ ကျန်းမာရေး စစ်ဆေးဖို့ ကျန်းမာရေးအဖွဲ့နဲ့ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့၊ နောက် သက်ဆိုင်ရာ ရဲအဖွဲ့နဲ့ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သွားနေကြတယ်။ မွန်းလွဲ ၁ နာရီလောက်က ထွက်သွားတယ်။ ဟိုင်းကြီးဘက်ကို။ သူတို့ မရောက်သေးဘူး။ အဲဒီမှာသူတို့ လိုအပ်တာ စစ်ဆေးပြီးတော့ အ၀တ်အစား ပေး ကျွေးမွေးပြီးတော့ တည်းခိုဖို့ဟာတွေ စီစဉ်ပြီးတော့ လုပ်မှာပေါ့။”

“ယူအန်အိပ်ခ်ျစီအာလည်း ဒီညပုသိမ်ရောက်ပြီးတော့ မနက်ဖြန် ဆက်ထွက်မယ်။ လိုအပ်တာတွေယူပြီးတော့၊ သူတို့ ဆီကလည်း ဆေးဝါးတွေနဲ့ သူတို့အဖွဲ့တွေလည်း ရန်ကုန်က ထွက်လာပြီလို့ သိရတယ်။ အားလုံးရောက်ပြီး စိစစ်တဲ့အချိန်ကျမှ အဖြေမှန် တိတိကျကျ သဲသဲကွဲကွဲသိရမှာ၊ လက်ရှိကတော့ သင့်တော်တဲ့လူတွေကိုမေးပြီးတော့ ရသလောက် သတင်းပေါ့။ သူတို့ ဟိုင်းကြီးရောက်ရင် အားလုံးမေးမြန်းပြီးတဲ့အချိန် အတိအကျ ထွက်လာမှာပေါ့။ သင်္ဘောက အခုမှ မောင်းလာတုန်းပဲ ရှိသေးတယ်။ မရောက်သေးဘူး။ ဖမ်းဆီးတဲ့ တပ်မတော်ရေက သူတို့ တွေ့လာလို့ ခေါ်လာပေးတာပေါ့နော်။ အဲဒီမှာ ခတ္တတဖြုတ် ကျနော်တို့က အကုန်လုံးလည်း မစစ်နိုင်ဘူးပေါ့နော်၊ ရသလောက် အရေအတွက်နဲ့ ဘယ်ကလာလဲ ဘာလောက်ဆိုပြီး သက်ဆိုင်ကို ချက်ချင်းခေါ်လာရတာပဲ။”

“နောက်နေ့မနက်မှ ရောက်မယ်ပြောတယ်၊ သူတို့ စက်လှေကလည်းဝန်နဲ့ ၀ိတ်နဲ့ မမျှဘူး၊  ကျန်တဲ့ လှေတွေနဲ့ မျှတင်ပြီး ခေါ်လာတယ်ပြောတယ်။ ဖြည်းဖြည်းဖြည်းဖြည်း သွားနေတယ်။ အန္တရာယ်လည်း မဖြစ်အောင်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013