DVB Logo
Home
မြန်မာသတင်း
ထုတ်ပြန်ကြေညာထားသည့် အခြေခံမဲစာရင်းများတွင် အမှားအယွင်းပေါင်းစုံပါဝင်နေ
DVB
·
May 29, 2015
ထုတ်ပြန်ကြေညာထားသည့် အခြေခံမဲစာရင်းများတွင် အမှားအယွင်းပေါင်းစုံပါဝင်နေ
1 / 2
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်နဲ့ နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ ကြေညာထားတဲ့ အခြေခံမဲပေးခွင့်ရှိသူ စာရင်းတွေမှာ အမည်နဲ့ မွေးသက္ကရာဇ်တွေပါအ၀င် လွဲချော်မှားယွင်းမှုတွေ အများအပြား တွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇာနည်စိန်ဝင်းက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်တော်ကောင်စီ ၈ မြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်က စုပေါင်း ၂၂ မြို့နယ်မှာ မေလ ၂၅ ရက်နေ့က အခြေခံ မဲစာရင်းတွေကို မဲဆန္ဒရှင်တွ စိစစ်နိုင်ဖို့ သီတင်း ၂ ပတ်ကြာ ကြေညာထားရာမှာ မှားယွင်းမှုတွေ ရှိနေတာလို့ ဦးဇာနည်စိန်ဝင်းက ပြောပါတယ်။

“ဥပမာ မွေးသက္ကရာဇ်တွေမှားနေတယ်။ နောက်တခုကကျတော့ စာလုံးပေါင်း မှားခြင်းပြဿ  နာတွေရှိတယ်။ နောက် အဖ နာမည်တွေ လွှဲချော်မှုတွေရှိတယ်။ မှားတာကတော့ ပေါင်းစုံမှားနေတာ။ နောက်တခုက သူတို့ ကပ်လိုက်တဲ့ မဲစာရင်းက အရမ်းသေးတယ်။ အရမ်းသေးတဲ့အတွက် အသက်ကြီးတဲ့ ရွယ်အိုပိုင်းတွေက ကြည့်တဲ့နေရာမှာပြသနာရှိ နိုင်တယ်။  မျက်စိလျှန်းနိုင်တယ်။ အဲဒီပြသနာတွေရှိတယ်။ ပြီးတော့ အခြေခံမဲစာရင်းဆိုတာက ၆၆/၆ ကို အခြေခံပြီး ကောက်ထားတာ။  ဒါပမေယ့် တချို့ကျတော့ ယာယီသန်းခေါင်စာရင်းပါ ပါလာပြီ။ အဲဒါမျိုးက ယာယီသန်းခေါင်စာရင်းက ပါစရာ အကြောင်းမရှိဘူးလေ။ ဒါပေမယ့် ပါလာတယ်ပေါ့။ ဒါတွေ ကျနော်တို့ တွေ့ရတယ်။”

ဒါ့အပြင် နေပြည်တော်မှာ ကွယ်လွန်သွားသူတွေ မဲစာရင်းမှာ ပါနေတာတွေလည်းရှိပြီး သက်ရှိထင်ရှားရှိနေပါလျက် မဲစာရင်းမှာ နာမည်မပါသူတွေလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

ရန်ကုန် သင်္ကန်းကျွန်းအခြေစိုက် အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကလည်း အခြေခံမဲပေးပိုင်ခွင့်ရှိသူ စာရင်းကြညာတဲ့နေရာမှာ သူ့နာမည်မပါဘူးလို့ ပြောပါတယ်။

“ကျနော်က သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရပ်ကွက်မှာနေပါတယ်။ မဲစာရင်းကပ်တဲ့အခါမှာ ၂၇ ရက်နေ့ကညမှာ ကျနော့်ကို ရပ်ကွက်ကော်မရှင်က လာပြောတယ်။ ဦးကျော်နာမည်မပါဘူးတဲ့။ အဲဒါ သူတို့ထည့်ဖို့အတွက်ကို သဘောထားပြောတော့ အဲဒါဆို ကျနော်က ခင်ဗျားတို့ ပြောတဲ့အတွက် မထည့်လိုဘူး။ ကျနော့် တာဝန်မရှိဘူး။ ကျနော်ဟာ ရွေးကောက်ပွဲတိုင်းမှာ မဲပေးခွင့်ရခဲ့တယ်။ အခုလည်း ကျနော် သန်းခေါင်စာရင်းရှိတယ်။ ကျနော် မဲပေးခွင့် ကျနော်မပါတာကတော့ ဒီအပေါ် ကျနော် သံသယဖြစ်တယ်လို့ ကျနော် အဲလိုပဲ ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကျနော် လွတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့တောင် မဲစာရင်းထဲမှာမပါဘူး ဆိုရင် ကျန်တဲ့သာမှန်လူထုအတွက်ကို မဲစာရင်းတွေကို ဘယ်လောက်ထိ သူတို့ ဝေ့လည်ကြောင်ပတ်လုပ်ထားမလဲတော့ ကျနော်မပြောနိုင်ဘူးလို့။ ဒီကိစ္စနဲပတ်သက်ပြီးတော့ လည်း ကျနော်လက် မခံဘူး။ ”

ဒါ့အပြင် လက်ရှိ ထုတ်ပြန်တဲ့မဲစာရင်းတွေဟာ လ၀က က ပေးထားတဲ့စာရင်းကို အခြေခံပြီး မဲပေးပိုင်ခွင့်ရှိသူကို ထုတ်နုတ်ပြီး စာရင်းပြုထားတဲ့အတွက် ဒါဟာ ခိုင်မာမှု မရှိဘူးလို့လည်း ဦးကျော်က ဝေဖန်ပါတယ်။ ဒါ့အပြင် ဒီခိုင်မာမှုမရှိတဲ့ မဲစာရင်းကို လူထုကို လာကြည့်ခိုင်းတာဟာ လူထုကို ၀န်ပိအောင်လုပ်ဆောင်နေတာလို့ ပြောပါတယ်။

ရန်ကုန်တိုင်း ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကတော့ ကြေညာထားတဲ့  ဒီမဲစာရင်းဟာ အခြေခံမဲစာရင်းဖြစ်တဲ့ အတွက် မည်သူမဆို လာရောက်ပြင်ဆင်နိုင်ဖို့ ဖိတ်ခေါ်ထားတာဖြစ်လို့ ပြောပါတယ်။

“အခုကျနော်တို့ လုပ်နေတဲ့ မဲစာရင်းက အခြေခံ မဲဆန္ဒရှင် ဆိုတဲ့ အခြေခံဆိုတဲ့ စာကားလုံးပါပါ တယ်။ အဲဒီတော့ ကျနော်တို့ ကြေညာကတည်းကလေ ကျနော်တို့ မဲစာရင်းက ပြည့်စုံပြီလို့ ပြောပြီး ကြေညာတာမဟုတ်ပါဘူး။ ကျနော်တို့ မဲစာရင်းသည်မှားနိုင်တယ်။ အားနည်းချက်တွေရှိ တယ်။ ဒါကြောင့် အားနည်းချက်တွေ ပြင်နိုင်အောင်လို့ မဲဆန္ဒရှင်တွေကို လာကြည့်ခိုင်းတာပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အဲလိုပါ။ အမှားအယွင်းတွေ ရှိမယ်လေ။ အဖေအမေနာမည်လွှဲ တာတွေရှိမယ်။ မှတ်ပုံတင်နံပါတ်တွေ ကိန်းဂဏန်းတွေ လွဲတာတွေရှိမယ်။ လိပ်စာမှားတာ တွေရှိမယ်။ မှားနိုင်ပါတယ်”

ခုကြေညာထားတဲ့ မဲစာရင်းဟာ အပြီးသတ် မဲစာရင်းမဟုတ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲအတွက် လက်၇ှိစာရင်းကို အခြေခံပြီး  နောက်ထပ် မဲစားရင်ထပ်ပြီး ပြုစုရမှာဖြစ်တယ်လို့လည်း ဦးကိုကိုကပြောပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှာ ကိုယ့်နာ မည်ပါမပါ သွားရောက်ကြည့်ရှုကြဖို့၊ မဲစာရင်းမှာ နာမည်မပါသူတွေအနေနဲ့ ပုံစံ (၃)နဲ့ လျှောက်ထားဖို့၊ အချက်အလက် မှားနေပါက ပုံစံ (၄-ဂ) နဲ့ ကန့်ကွက်ဖို့၊ မဲစာရင်းမှာ မပါသင့် သူတွေဖြစ်တဲ့ ကွန်လွန်သူတွေနဲ့ ထောင်ကျနေသူတွေ ပါနေရင် ပုံစံ (၄)နဲ့ ကန့်ကွက်ဖို့ေ၇ွးကောက်ပွဲ ကော်မရှင်ကနှိုးဆော် ထားပါတယ်။

လက်ရှိ မဲစာရင်းတွေကြေညာထားတဲ့ ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်မှာ မဲဆန္ဒပေးနိုင်သူ ၁ဒသမ ၈ သန်းရှိပြီး နေပြည်တော် ကောင်စီ ၈ မြို့နယ်မှာ ခြောက်သိန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က စာရင်း ထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013