DVB Logo
Home
မြန်မာသတင်း
တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးနိုင်ရန် ရှမ်းပြည်တပ်မတော် ပူးပါင်းကြိုးပမ်းမည်
DVB
·
May 29, 2015
တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးနိုင်ရန် ရှမ်းပြည်တပ်မတော် ပူးပါင်းကြိုးပမ်းမည်
1 / 3
Donate to DVB

သတ်မှတ်ထားတဲ့အချိန်အတွင်း တနိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးနိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းဖို့ အစိုးရနဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းလို့ လူသိများတဲ့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ ဆွေးနွေး သဘောတူခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ မေ ၂၉ ရက်က ၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်တဲ့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေတို့ တွေ့ဆုံဆွေးနွေးမှုအတွင်း အခုလို သဘောတူခဲ့ကြတာလို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

“တနိုင်ငံလုံး အပစ်ရပ်စာချုပ် အန်စီအေကို သတ်မှတ်ထားတဲ့အချိန်အတွင်း လက်မှတ်ထိုးနိုင်ဖို့ အရေးကြီးတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်း လက်မျတ်ထိုးနိုင်ဖို့ ၀ိုင်းပြီး ကြိုးပမ်းကြဖို့လည်း ၀န်ကြီးဦးအောင်မင်းတို့က တိုက်တွန်းတယ်၊ အာစီအက်စ်အက်စ် ကလည်း သူတို့ အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ပါ့မယ်လို့ ပြောပါတယ်။”

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအနေနဲ့ ဇွန်လဆန်း  ကရင်နယ်မြေ လော်ခီးလာမှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ လော်ခီး လာညီလာခံကို မတက်ဘူးလို့ အကြောင်းပြန်ထားပြီး အစိုးရနဲ့ ဒီနေ့ဆွေးနွေးပွဲမှာ လော်ခီးလာညီလာခံကို ကိုယ်စားလှယ်စေလွှတ်ဖို့  အစိုးရဘက်က တိုက်တွန်းခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာစီအက်စ်အက်စ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက  “၀န်ကြီး ဦးအောင်မင်းက ကျနော်တို့ကို လော်ခီးလာညီလာခံ တက်စေချင်တယ်ပေါ့နော်၊ အန်စီအေ တပြည်လုံးအပစ်ခတ်ရပ်စဲရေးကိစ္စကလည်း အရေးကြီးတော့ ကျနော်တို့ အဖွဲ့အနေ နဲ့ သွားရောက်အားပေးပြီး ၀ိုင်းဝန်းဆောင်ရွက်ဖို့ ပြောတယ်။ ကျနော်တို့က  အန်စီစီတီအဖွဲ့ ၀င်လည်း မဟုတ်တော့ လော်ခီးလာညီလာခံဟာ ကျနော်တို့နဲ့ တိုက်ရိုက်မပတ်သက်ဘူး၊ သူတို့ဖာသူတို့ လွတ်လွတ်လပ်လပ်ဆွေးနွေးပြီး သဘောထားထုတ်ပြန်ချက်တွေ ထွက်လာမှ အဲဒီကြေညာချက်ပေါ်မူတည်ပြီး အစိုးရအနေနဲ့ လက်မှတ်ထိုးတဲ့ထိ စောင့်ကြည့်မယ်။ ပြီးမှ အစိုးရက ကျနော်တို့ကို ဘာလုပ်စေချင်သလဲ ဆိုတဲ့ပေါ်မှာ မူတည်ဆောင်ရွက်သွားမယ်လို့ ပြန်ပြောခဲ့ပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ရဲ့ အလွတ်သဘောဆွေးနွေးပွဲ မနေ့ကပြီးစီးသွားပြီးနောက်  ဒီကနေ့ ရှမ်းနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲကတွေ ဆက်လက်တွေ့ဆုံကြတာဖြစ်ပြီး ကေအိုင်အေအဖွဲ့နဲ့  တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် မတွေ့ဖြစ်ခဲ့ကြပါဘူး။

အစိုးရဘက်က တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေကို ဇွန်လအတွင်း လက်မျတ်ထိုးနိုင်ဖို မျှော်မှန်းလုပ်ဆောင်နေပြီး အချိန်မီ လက်မျတ်ထိုးနိုင်ဖို့က  တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ လော်ခီးလာညီလာခံရလဒ်ပေါ်မူတည်နေပါတယ်။

[gallery ids="95055,95056,95057"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013