DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးကျင်းပ
DVB
·
May 29, 2015
ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးကျင်းပ
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ စတုတ္ထအကြိမ် ဗဟိုကော်မတီအစည်အဝေးကို  နေပြည်တော်မှာ ဒီကနေ့ မွန်းလွဲပိုင်း ကျင်းပဖို့ရှိပါတယ်။

ဒီအစည်းအဝေးဟာ ပါတီရဲ့ မူဝါဒပိုင်းရော၊ ရွေးကောက်ပွဲဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပိုင်းပါ ဆွေးနွေးမယ့် အရေးကြီးတဲ့ ဗဟိုကော်မတီ အစည်းအဝေးဖြစ်တယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဇော်မြင့်ဖေက ဒီဗွီဘီ ကို ပြောပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲ ရာသီနဲ့လည်း နီးကပ်နေပြီဖြစ်တဲ့အတွက် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပါတီရဲ့သဘောထားတွေကို ဆွေးနွေးဖို့ ဖြစ်ပါတယ်။ မူဝါဒတွေကို ဆွေးနွေးသလို လူအပိုင်းလည်း ပါလာနိုင်တယ်လို့ မှန်းဆရပါတယ်။ ပါတီတိုင်းပါတီတိုင်းအနေနဲ့ ဒီအချိန်မှာ မူရော လူရော စဉ်းစားနေရတဲ့ အချိန်ဖြစ်ပါတယ်။ အဲတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေနဲ့လည်းပဲ အလားတူပဲ စဉ်းစားဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက်၊ လူလျာထားမှုတွေဘာတွေကတော့ ဗဟိုကော်မတီအစည်းအဝေးမှာတင်မလား၊ ပါတီ အလုပ်အမှုဆောင်အဖွဲ့မှာပဲ ဆုံးဖြတ်မလား၊ ပါတီဗဟိုကော်မတီကပဲ ပါတီဗဟိုအလုပ်အမှုဆောင် စီအီးစီကိုလွှဲမလား မူပိုင်းအရ ဗဟိုကော်မတီကပဲ ဆုံးဖြတ်သွားမယ်လို့ ယူဆပါတယ်။  သိသလောက် ပြောရမယ်ဆိုရင် ဒါဟာ မူပိုင်းရော လူပိုင်းပါ စဉ်းစားမယ့် အရေးကြီးတဲ့ ဗဟိုကော်မတီ အစည်းအဝေးဖြစ်တယ်”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ဆင်ဖို့ ပါတီဗဟိုကော်မတီအနေနဲ့ ယခင်အစည်းအဝေးကတည်းက အသေးစိတ် မူဝါဒချမှတ် သဘောတူထားပြီး ဖြစ်တဲ့အတွက် ဒါကို ဆွဲကိုင်ပြီး ဆက်လက်ဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ  ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်နေရာ ပေါင်း ၁၁၅၄ နေရာအနက် လွှတ်တော်ကိုယ်စားလှယ် ၈၈၃ နေရာနဲ့ အများဆုံး အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013