DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးအဆင့်မြှင့် ကျပ် ၁၀၀၀၀ တန်ငွေစက္ကူ သစ်များ ထုတ်ဝေမည်
DVB
·
May 29, 2015
လုံခြုံရေးအဆင့်မြှင့် ကျပ် ၁၀၀၀၀ တန်ငွေစက္ကူ သစ်များ ထုတ်ဝေမည်
Donate to DVB

လုံခြုံရေးစနစ် ပိုမိုအဆင့်မြှင့်တင်ထားတဲ့ ကျပ် ၁၀၀၀၀ တန်ငွေစက္ကူ သစ်ကို ဇူလိုင် ၁ ရက်နေ့ စတင်ထုတ်ဝေတော့မယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေ ၂၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အသုံးပြုနိုင်မှု သက်တမ်း ပိုမိုရှည်ကြာစေဖို့နဲ့ အတုအပပြုလုပ်တာကို ကာကွယ်ဖို့ အတွက် တောက်ပတဲ့ မြစိမ်းရောင် ဂဏန်းပုံစံအသစ်၊ ရေစာအသစ် နဲ့ ငွေစက္ကူ ရဲ့ မျက်နှာပြင် နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာ နဲ့ ဖုံးအုပ်ကာကွယ်ထားတဲ့ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူကို ထုတ်ဝေမှာဖြစ်ပါတယ်။

မူလ ၁၀၀၀၀ ကျပ်တန်ရဲ့ မျက်နှာစာ ညာဘက် အောက်ထောင့်မှာ ရိုက်နှိပ်ထားတဲ့ ရိုးရိုးဂဏန်း ၁၀၀၀၀ အစား တောက်ပတဲ့ မြစိမ်းရောင် ၁၀၀၀၀ ဂဏန်းကို ပြောင်းလဲ ထည့်သွင်းထားပြီး ငွေစက္ကူကို အနေအထား ပြောင်းလဲကြည့်ရင် အဲဒီဂဏန်းရဲ့ တောက်ပတဲ့ အလင်းရောင်ဟာ အထက်အောက် ရွှေ့လျားပြီး ဂဏန်းရဲ့ အရောင်ဟာ မြစိမ်းရောင်ကနေ အပြာရင့်ရောင်ကို ပြောင်းလဲနိုင်မယ်လို့ ဆိုပါတယ်။

ငွေစက္ကူ မျက်နှာစာရဲ့ လက်ဝဲဘက်အပိုင်းမှာ ပုံစံသစ်နဲ့ လုပ်ထားတဲ့ ကြာဖြူပွင့်ပုံ ရေစာပါပြီး၊ ငွေစက္ကူရဲ့ ရှေ့မျက်နှာစာ ဘယ်/ ညာ အစွန်းတွေမှာ ဖောင်းကြွလိုင်းတိုတွေကို ထည့်သွင်းထားပါတယ်။

လုံခြုံရေးကြိုးကတော့ မူလ ၁၀၀၀၀ ကျပ်တန်က အတိုင်းဖြစ်ပြီး  ကြည့်တဲ့ အနေအထားပေါ် မူတည်ပြီး ပန်းခရမ်းရောင်ကနေ အစိမ်းရောင်ကို ပြောင်းလဲနိုင်ပါတယ်။ ကျန်တဲ့ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဌာန်နဲ့ အရောင်သတ်မှတ်ချက်တွေကတော့ မူလ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူ အတိုင်းပဲ ဖြစ်မှာပါ။

လက်ရှိ တရားဝင် သုံးစွဲနေတဲ့ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူတွေလည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမယ်လို့ ဗဟိုဘဏ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013