DVB Logo
Home
မြန်မာသတင်း
လူငယ်သိပ္ပံတီထွင်ဆုရ မြန်မာကလေးငယ် ၂ ဦးကို ချင်းမိုင်ခရိုင်ဝန် တွေ့ဆုံ
DVB
·
May 29, 2015
လူငယ်သိပ္ပံတီထွင်ဆုရ မြန်မာကလေးငယ် ၂ ဦးကို ချင်းမိုင်ခရိုင်ဝန် တွေ့ဆုံ
1 / 6
Donate to DVB

မလေးရှားနိုင်ငံကနေ လူငယ်သိပ္ပွံတီထွင်ဆု ငွေတံဆိပ် ရရှိခဲ့တဲ့ မြန်မာရွှေ့ပြောင်း ကလေး ၂ ဦးဟာ မေလ ၂၈ ရက် မွန်းလွဲပိုင်းမှာ ချင်းမိုင်ခရိုင်ဝန်ကို သွားရောက်တွေ့ဆုံဂါရ၀ပြုခဲ့ပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံသား မဟုတ်ပေမယ့်လည်း နိုင်ငံခြားမှာ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ ခရိုင်ဝန်က နိုင်ငံကူးလက်မှတ်ရရှိရေး ကူညီပေးခဲ့တာကြောင့် ကျေးဇူးတင်ကြောင်း လာရောက်ဂါရ၀ပြုတာလို့  ဆုရရှိသူ အသက် ၁၃ နှစ်ရွယ် စိုင်းလိုင်လုန်းအောက ဒီဗွီဘီကို ပြောပါတယ်။

ချင်းမိုင်ခရိုင်ဝန် နိုင်းဆူရိယ ပရဆတ်ပန်းဒစ်ကလည်း လူငယ် ၂ ဦးအတွက် ဂုဏ်ယူ ၀မ်းမြောက်ကြောင်း၊ သူတို့ကို သင်ကြားပေးတဲ့ ဆရာကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့ပါတယ်။

“သူတို့ဟာ ထိုင်းနိုင်ငံသားအပြည့်အ၀မဟုတ်ပေမယ့် ထိုင်းနိုင်ငံအတွက် ဂုဏ်ဆောင်ပေး ခဲ့ပါတယ်။ ထိုင်းကလေးတွေအတွက် နမူနာကောင်းဖြစ်တယ်၊ ထူးချွန်တယ်၊ ကြိုးစားမှုရှိတယ်၊  ဒီကနေ့ခေတ်မှာ  ထိုင်းနိုင်ငံဟာ ရွှေ့ပြောင်းအလုပ်သမားတွေ၊ တောင်ပေါ် သားတွေအတွက် အခွင့်အရေးတွေလည်း အများကြီးပေးထားတယ်။ ဒီကလေး ၂  ယောက်ဟာ ထိုင်းနိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်းတွေရှိတယ်။ ဒါပေမယ့် နိုင်ငံသားဖြစ်နိုင်တဲ့  ဥပဒေ ပြဋ္ဌာန်းချက်တွေ  လမ်းကြောင်းတွေကို ပြန်ကြည့်ရမှာဖြစ်တယ်။”

ကလေးတွေ ထူးချွန်အောင် သွန်သင်နည်းပြပေးတဲ့ ဆရာဟာလည်း အဓိကကျကြောင်း၊ နောက်နောင်လည်း ဆက်လက်မြေတောင်မြှောက်သွားဖို့၊ ကလေးတွေ အနေနဲ့ မိမိအနာဂတ် ပိုမိုတောက်ပစေဖို့ ဆက်လက်ကြိုးစားသွားဖို့လည်း ခရိုင်ဝန်က တိုက်တွန်းသွားပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ကလေး ၂ ဦးကို ထုတ်ပေးခဲ့တဲ့ နိုင်ငံကူးလက်မှတ်ဟာ အ၀ါရောင်ဖြစ်ပြီး သက်တမ်း ၁ နှစ်ရှိကာ တနှစ်အတွင်းနိုင်ငံခြားသွားခွင့်ရှိပေမယ့် အကျိုး အကြောင်းလည်း ရှိဖို့လိုတယ်လို့ သူတို့ရဲ့ နည်းပြဆရာ နိုင်းပရ ၀စ်ဖောင်းမွန်းက ဒီဗွီဘီကို ပြောပါတယ် ။

ကလေး ၂ ဦး လက်ရှိပညာသင်ကြားနေတဲ့ မယ်ဟန့်အလယ်တန်းကျောင်းမှာ ထိုင်းလူမျိုးက ၁၀ ရာခိုင်နှုန်းသာရှိပြီး ကျန်တာက တောင်ပေါ်သားနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေ ဖြစ်ကြောင်း၊ ဒါပေမယ့် ကလေးတွေကို လူမျိုး၊ နိုင်ငံသား မခွဲခြားဘဲ သူတို့ရဲ့ အရည်အချင်းပေါ် မူတည်ပြီး နိုင်ငံတကာ အဆင့်ထိ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ လေ့ကျင့်ပျိုးထောင်ခဲ့တာလို့  သူတို့ နည်းပြ ဆရာက ဆက်ပြော ပါတယ်။

ကလေး ၂ ဦးဟာ အလိုအလျောက်သောက်ရေသန့်ဘူးခွံဝယ်ယူတဲ့ ကိရိယာကို တီထွင်ဖို့ အချိန် ၃ လပေးခဲ့ရပြီး သူတို့စိတ်ကူးတွေ အကောင်အထည်ဖော်နိုင်ဖို့ နည်းပြဆရာက အများဆုံး ကူညီလမ်းပြခဲ့တယ်လို့  အသက် ၁၁ နှစ်ရွယ် လူငယ်သိပ္ပံ ဆုရှင် စိုင်းဆုမ်ပေါင်းက ပြောပါ တယ်။

စိုင်းဆုမ်ပေါင်း နဲ့ စိုင်းလိုင်တို့ ၂ ဦးဟာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်နဲ့ ကပ်လျှက် ရှိတဲ့ ထိုင်းနိုင်ငံ မယ့်အိုင်းမြို့နယ် မယ်ဟန့်အလယ်တန်းကျောင်းမှာ ပညာသင်ကြားနေပြီး ၂ ဦးစလုံးရဲ့ မိဘတွေဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။

သူတို့ဟာ ကျောင်းဝင်းထဲမှာ သောက်ရေဘူးခွံအလွတ်တွေ ပြန့်ကျဲနေတာကို တွေ့ရှိရာက အလို အေ လျာက်ငွေအကြွေနဲ့ ၀ယ်ယူစုဆောင်းလို့ရတဲ့ကိရိယာကို တီထွင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထိုင်းနိုင်ငံလုံးဆိုင်ရာ လူငယ်သိပ္ပံတီထွင်မှု ပြပွဲကနေတဆင့်  အာဆီယံ လူငယ် အဆငိ့မှာ သွားရောက်ယှဉ်ပြိုင်ဖို့ အရွေးခံခဲ့ရတာပါ။

မေလ ၂၁ ရက် ကနေ ၂၃ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ ကျင်းပသွားတဲ့ အာဆီယံ လူငယ်သိပ္ပံတီထွင်မှုပြိုင်ပွဲ Asian Young Inventors Exhibition 2015 မှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက ကလေးတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့  ၆ နှစ်ကလည်း စိုင်းမောင်ထောင်းဒီးဆိုသူ မြန်မာ ရွှေ့ပြောင်း အလုပ်သ မားကလေးဟာ  ဂျပန်နိုင်ငံကနေ စက္ကူလေယာဉ်ပစ် အိုရီဂါမီ ချန်ပီယံဆုကို ထိုင်းနိုင်ငံ ကိုယ်စားပြုအနေနဲ့ ရရှိခဲ့ပါတယ်။

[gallery ids="94963,94964,94965,94966,94967,94968"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013