DVB Logo
Home
မြန်မာသတင်း
မဆလပါတီဝင်ဟောင်းများ ကရင်ပါတီသစ်ထူထောင်
DVB
·
May 28, 2015
မဆလပါတီဝင်ဟောင်းများ ကရင်ပါတီသစ်ထူထောင်
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် ကရင်ပါတီသစ်တခုဖြစ်တဲ့   ‘စည်လုံးညီညွှတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ’ ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုဖို့  မနေ့ မေလ ၂၇ ရက်နေ့က လျှောက်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာ ထားပါတယ်။

ပါတီကို ဦးဝင်းမြင့်ကျော်က ဦးဆောင်ပြီး   ကော်မီတီဝင် ၂၀ နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး

ဦးဆောင်ကော်မီတီဝင်တွေဟာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဝင် ဟောင်းတွေဖြစ်ပါတယ်။

ပါတီနိုင်ငံရေးကို စိတ်ဝင်စားပြီး ပြည်နယ်အကျိုးအတွက်ဆောင်ရွက်ဖို့ ဒီပါတီသစ်ကို ဖွဲ့စည်းခဲ့တာလို့ ပါတီထူထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့  ပါတီ ဒုတိယ ခေါင်းဆောင် ဦးမြတ်စိုးကပြောပါတယ်။

“အဓိကကတော့ ပါတီသစ်ဖွဲ့စည်းပြီးတော့ ပါတီသစ်မှာ ပါဝင်နေတဲ့သူတွေအားလုံးဟာ ကရင်ပြည်နယ်တိုးတက်ဖို့၊ ကရင်လူမျိုးတွေ တိုးတက်ဖို့အတွက် ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းဆောင်ရွက် ခြင်းပဲဖြစ်ပါတယ်။ ခေါင်းစဉ်ကိုက ‘စည်လုံးညီညွှတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ’ ဆိုတော့ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကရင်အမျိုးသားအားလုံး စည်းစည်းလုံးလုံးညီညီညွှတ်နဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်တဲ့နေရာမှာ ကရင်ပြည်နယ်သူပြည်နယ်သားအားလုံး အခွင့်အရေး အပြည့်အ၀ရရှိပြီးတော့ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်တဲ့နေရာမှာ ပါဝင်နိုင်ဖို့အတွက် ဒီပါတီကို ဖွဲ့စည်း ရခြင်းဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။

ဒီပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်နိုင်အောင်ကြိုးစားမှာဖြစ်ပြီး ရွေးကောက်ပွဲမှာ ကရင်ပြည်မှာရှိတဲ့ လွတ်တော်နေရာအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့လည်း ဦးမြတ်စိုးက ပြောပါတယ်။

လက်ရှိ ကရင်ပြည်နယ်အတွင်းမှာ ကရင်ပါတီတွေဖြစ်တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ နဲ့  ကရင်ဒီမိုကရက်တစ် ပါတီတို့ရှိပြီး အခြားအင်အားကြီးပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း စည်းရုံးလှုပ်ရှားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013