DVB Logo
Home
Lead Story
ကာချုပ်လှူဒါန်းသည့် ကြေးသွန်းခေါင်းလောင်းကြီး မော်လမြိုင်ရောက် (ဓာတ်ပုံ)
DVB
·
May 28, 2015
ကာချုပ်လှူဒါန်းသည့် ကြေးသွန်းခေါင်းလောင်းကြီး မော်လမြိုင်ရောက် (ဓာတ်ပုံ)
1 / 9
Donate to DVB

မြန်မာနိုင်ငံက အကြီးဆုံးခေါင်းလောင်းတွေထဲမှာ တလုံးအပါဝင်ဖြစ်တဲ့ မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ ခေါင်းလောင်းတော်ကြီးဟာ မေလ ၂၈ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ကို ရောက်ရှိလာပါတယ်။

ဒီကြေးသွန်းခေါင်းလောင်းကို ထားဝယ်မြို့က ရွှေတောင်းစာစေတီမှာ ချိတ်ဆွဲဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့မိသားစုက လှူဒါန်းတာ ဖြစ်ပါတယ်။

ကြေးပိဿာချိန်ပေါင်း ၁၁၁၁၁ ရှိတဲ့ ကြေးသွန်းခေါင်းလောင်းဟာ အမြင့် ၁၇ ပေ ခေါင်းလောင်းဝအကျယ် ၇ ပေ ၁ လက်မနဲ့နှုတ်ခမ်းဝအထူ ၁၁ လက်မရှိတဲ့ ခေါင်းလောင်း ဖြစ်ပါတယ်။

ဒီကြေးသွန်းခေါင်းလောင်းကို မန္တလေးမြို့မှာသွန်းလာတာဖြစ်ပြီး တနင်္သာရီတိုင်း ထားဝယ်မြို့ကို သယ်ယူပို့ဆောင်နေတာဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ကျော်စိုး
[gallery ids="94915,94916,94917,94918,94919,94920,94921,94922,94923"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013