DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်းမြို့နယ် ၁၆၀ ကျော်တွင် ညီနောင်တိုင်းရင်းသားပါတီများရွေးကောက်ပွဲ ၀င်ပြိုင်မည်
DVB
·
May 28, 2015
နိုင်ငံတ၀န်းမြို့နယ် ၁၆၀ ကျော်တွင် ညီနောင်တိုင်းရင်းသားပါတီများရွေးကောက်ပွဲ ၀င်ပြိုင်မည်
Donate to DVB

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတ၀န်းမြို့ နယ်ပေါင်း ၁၆၀ ကျော်မှာ ၀င်ပြိုင်မှာဖြစ်ပြီး အင်အားကြီးပါတီတွေကြောင့် တိုင်းရင်းသား ပါတီတွေနဲ့ ဒေသခံတိုင်းရင်းသားတွေကြား စိတ်ဝမ်းကွဲမူတွေဖြစ်စေတယ်လို ပြောဆိုလိုက်ပါ တယ်။

တိုင်းရင်းသားဒေသတွေမှာ ပါတီကြီးတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာတွေကြောင့် တိုင်းရင်းသားပါတီတွေနဲ့ ဒေသခံတိုင်းရင်းသားတွေကြား စိတ်ဝမ်းကွဲမူတွေဖြစ်မှာကို စိုးရိမ်နေ တယ်လို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ဒါရိုက်တာ ဒေါ်ချင်းချင်းက ပြောပါတယ်။

“တခြားပါတီတွေရဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ ၀င်ရောက်စွက်ဖက်မှုက ဒေသခံတွေမှာက စိတ်ဝမ်းကွဲမှုတွေ တော်တော်လေးဖြစ်ပါတယ်။ အဲဒါတွေကြားနေရတယ်။ အန်အလ်ဒီက ပြည်နယ်တိုင်းမှာ ၀င်တာကိုး၊ မြို့နယ်တိုင်းမှာ ၀င်တဲ့အခါ တချို့ကျတော့လည်း ကိုယ့်တိုင်းရင်းသားပါတီရှိရဲ့သားနဲ့ အန်အယ်လ်ဒီမှာ ၀င်ပြီးတော့ လုပ်သွားတာမျိုးတွေ ရှိတယ်။”

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းကပြီးခဲ့တဲ့မေလ ၂၃နဲ့ ၂၅ ရက်နေ့တွေက ကရင်ပြည်နယ် ဘားအံမြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့တွေမှာ ရက်နေ့မှာ ဘားအံမြို့နယ်မှာ ဆွေးနွေးပွဲ ကျင်းပပြီးနောက် အခုလိုပြောကြားလိုက်တာပါ။

တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားမပြုတဲ့အပြင် တိုင်းရင်းသားတွေအရေး စိတ်ပါဝင်စား ဆောင်ရွက်ပေးတာမရှိတဲ့ ပါတီတွေက ပြည်ထောင်စုကို ကိုယ်စားပြုတယ်လို့ ပြောဆို စည်းရုံးမှုတွေကို ရှုတ်ချတယ်လို့လည်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ဆွေးနွေးပွဲအပြီး ထုတ်ပြန်ကြေညာထားပါတယ်။

ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီး ဒုဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကတော့ “ ကျနော်အမြင်ကတော့ သိပ်မထိခိုက်နိုင်ဘူး။ သူတို့လည်း သူတို့အလျောက်ပေါ့။ လာပြီးတော့မဖွင့်ရဘူး။ မဲမဆွယ်ရဘူး လို့ တားတဲ့ ဥပဒေမရှိဘူး၊ အမိန့်မရှိဘူး။ သူတို့လာပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ဒီဘက်မှာ တိုင်းရင်းသားနေနဲ့ တိုင်းရင်းသားပါတီ တခုအနေနဲ့ သူတို့အနေနဲ့ ယှဉ်လာပြီဆို တိုင်းရင်းသားတွေက တိုင်းရင်းသားပါတီကိုပဲ ဦးစားပေးမှာပေါ့။ တိုင်းရင်းသားပါတီပဲ ဦးစားပေးမယ်ဆိုရင် သူတို့က ဘယ်လိုပဲပြောပြော ဘယ်လိုပဲ သမိုင်းအရ ထင်ရှားကျော်ကြားခဲ့ ကျော်ကြားခဲ့ ဒီနေရာမှာတော့ အန်ကယ့်စိတ်ထင်တော့ သူတို့ မယှဉ်နိုင်ဘူးလို့ယူတယ်။’

တိုင်းရင်းသားပါတီပေါင်း ၂၂ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့ဝင်ပါတီတွေဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးမှာ အနည်းဆုံး မြို့နယ်ပေါင်း ၁၆၁ မြို့နယ်နဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးနေရာ အားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မေလ ၂၅ ရက်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013