DVB Logo
Home
မြန်မာသတင်း
ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြေနေရာတင်ဒါခေါ်ယူမှု ဆိုင်းငံ့
DVB
·
May 28, 2015
ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြေနေရာတင်ဒါခေါ်ယူမှု ဆိုင်းငံ့
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြေဧက ၉၀ လောက် ပုဂ္ဂလိကကို အပိုင်လွှဲပေးဖို့ ခေါ်ယူ ထားတဲ့တင်ဒါကို ဆိုင်းငံ့ထားဖို့ ပြည်ထောင်စုလွှတ်တော်က  မေလ ၂၇ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်က ရေကူး အသံလွှင့်ရုံဝင်းဟောင်း မြေနေရာကို တင်ဒါ ခေါ်ယူခဲ့ပြီးတဲ့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ဆိုင်းငံ့ထားဖို့ အရေးကြီးအဆို တင်သွင်းခဲ့တာပါ။

ကျပ် ၁၀ သိန်းစီပေးဝယ်ရတဲ့ အဲဒီတင်ဒါ စည်းကမ်းတွေဟာ ကုမ္ပဏီတခုတည်းကို ရည်ညွှန်းထားသလို ဖြစ်နေတယ်လို့ အဆိုတင်သွင်းရာမှာ ပြောကြားခဲ့ပါတယ်။ ပြီးတော့ ဒီမြေကိုရခဲ့ရင် အဲဒီ ကုမ္ပဏီအနေနဲ့ ကျပ်ဘီလီယံ ၂၀၀ ကျော်မြတ်စွန်းနိုင်ပြီး ဒါဟာ နိုင်ငံရဲ့ဆုံးရှုံးငွေလို့လည်း ထောက်ပြ သွားပါတယ်။

ဒီအဆိုကို မေလ ၂၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး သင့်၊ မသင့် ဆုံးဖြတ်နိုင်ဖို့အတွက် ဆိုင်းငံ့ထားဖို့ သဘောမတူသူမရှိ ဆုံးဖြတ်လိုက်တာပါ။ ဒါ့အပြင်  ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၇၁ နဲ့ အညီ ဆောင်ရွက်မယ်လို့ နာယက သူရဦးရွှေမန်းက ကြေညာခဲ့ပါတယ်။

အဲဒီအတွက် ဆုံးဖြတ်ပြီးတဲ့ အဆိုရဲ့ မိတ္တူကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆီကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013