DVB Logo
Home
မြန်မာသတင်း
၁၉၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်မဖော်ခဲ့သူများကို တရားစွဲမည်
DVB
·
May 27, 2015
၁၉၉၀  ရွေးကောက်ပွဲရလဒ် အကောင်အထည်မဖော်ခဲ့သူများကို တရားစွဲမည်
1 / 7
Donate to DVB

၁၉၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်မပေးခဲ့သူတွေကို တရားစွဲဆိုမယ်လို့ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်အမတ်ဟောင်းတွေက  ကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့ ယုဒသန်ခန်းမမှာ ဒီကနေ့ ကျင်းပတဲ့   ၁၉၉၀ ပြည့်နှစ်  မေလ ၂၇ ရက်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှစ်ပေါင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား မှာ ကြေညာလိုက်တာလို့ ၁၉၉၀ လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေး သာအောင်က ပြောပါတယ်။

“အစီရင်ခံစာမှာကတော့ ထုံးစံအတိုင်း ၉၀ ရွေးကောက်ပွဲရဲ့ ဖြစ်စဉ်တွေကို အစီရင်ခံစာ ပြင်ထားပါတယ်။ နောက် ကြေညာချက် တစောင်ထုတ်ပါတယ်။ အဲဒီကြေညာချက်မှာက ၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်တဲ့အတွက်၊ ပြီးတော့ မတော်မတရားတွေ လုပ်ခဲ့တဲ့အတွက်ကြောင့် တာဝန်ရှိတဲ့ ပုဂိုလ်တွေကို တရားစွဲမယ်လို့ပါတယ်။ န၀တ၊ နအဖ၊ ခေါင်းဆောင်တွေကို တရားစွဲမယ်လို့ပါတယ်။”

၁၉၉၀ အန်အယ်လ်ဒီ ဟင်္သာတ အမတ်ဟောင်း ဒေါက်တာဇော်မြင့်ကလည်း   “ဥပဒေအရ တရားစွဲတာ လူတယောက်တည်းကလည်း စွဲလို့ရတယ်၊  လူ ၅ ယောက်ကလည်းစွဲလို့ရတယ် တဖွဲ့လုံးကလည်းစွဲလို့ရတယ်  ဘယ်သူပဲစွဲစွဲ စွဲတာကတော့ စွဲမှာပဲ ဘယ်သူ့ကိုစွဲမှာလည်းဆိုတော့ အဲဒီအချိန် အဲဒီအခါက ရှိခဲ့တဲ့ အစိုးရကို စွဲမှာ  ခုလောလောဆယ် ဦးသိန်းစိန်အစိုးရကို စွဲမှာမဟုတ်ဘူး အဲဒီအချိန် အဲ့ဒီအခါမှာရှိခဲ့တဲ့ အစိုးရ အဲဒီအချိန်အဲဒီအခါက သူတို့လိမ်ခဲ့တာ လိမ်ခဲ့တဲ့အတွက် အဲဒီအချိန်အဲဒီအခါက အစိုးရကို စွဲမှာ၊  ဘယ်သူ့ကိုဘယ်သူ့ကို နာမည်နဲ့ မဟုတ်ဘူး အဖွဲ့အစည်းကိုစွဲမှာ”လို့ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး စောမောင်ခေါင်းဆောင်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) အာဏာသိမ်းစစ်အစိုးရက ၁၉၉၀ ပြည့်နှစ်မေလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကျင်းပပေးခဲ့ပေမယ့်  မဲအများစုနဲ့ အနိုင်ရတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီအချိန်က အနိုင်ရတဲ့ပါတီ၊ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း နည်းမျိုးစုံနဲ့ ဖိနှိပ်၊ ဖမ်းဆီး၊ ထောင်ချခံခဲ့ရပြီး တချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီကနေ့ ရန်ကုန်မှာကျင်းပတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ငွေရတုအခမ်းအနားကိုတော့  ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် ကျောင်းသားပြည်သူ ရာချီ တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - Ko Zaw Yann facebook

[gallery ids="94846,94847,94848,94849,94850,94851,94852"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013