
ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ပြန်ပြီး ဖြတ်သန်းနိုင်ဖို့ ပြင်သစ်နဲ့ ဗြိတိန်တို့ဟာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ဖို့ ရည်ရွယ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုကြောင်း ရိုက်တာက ဖော်ပြပါတယ်။
ပြင်သစ်သမ္မတ မက်ခွန်းက ဖြစ်နိုင်ခြေရှိပြီး တင်းကျပ်တဲ့ ရေတပ်ကာကွယ်ရေး မစ်ရှင်တခုကို ဖော်ပြခဲ့ပြီး ဟော်မုဇ်ရေလက်ကြားမှာ လွတ်လပ်စွာ ပြန်သွားလာနိုင်ဖို့ ရည်ရွယ်ပါတယ်။
ဒီဆွေးနွေးပွဲကို ဧပြီ ၁၇ ရက်မှာ ပြင်သစ်နဲ့ ဗြိတိန်တို့က ပူးတွဲအိမ်ရှင်အဖြစ် ပြုလုပ်ဖွယ်ရှိပြီး တခြားနိုင်ငံတွေကလည်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ ဘယ်လိုလုပ်ဆောင်မှုမျိုးမဆို ပဋိပက္ခတွေကို ရှောင်လွှဲဖို့ အီရန်နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူ ဒိုရသီရှက်မစ်က ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့လောင်စာဆီ ဖြတ်သန်းမှု ပဥ္စမအများဆုံး လမ်းကြောင်းဖြစ်ပြီး အီရန်က ပိတ်ထားတာ ဖြစ်ပါတယ်။
အမေရိကန်ကလည်း အီရန်ရဲ့ ပင်လယ်ရေကြောင်း ဝင်ပေါက်ထွက်ပေါက်အားလုံး ပိတ်လိုက်တာကြောင့် ပင်လယ်ကွေ့အရေး တင်းမာမှုတွေ ပိုပြီး မြင့်တက်နေပါတယ်။
ဧပြီ ၁၇ ရက်မှာ ပြလုပ်မဲ့ ပြင်သစ်၊ ဗြိတိန်တို့ ဦးဆောင်မဲ့ ဆွေးနွေးပွဲဟာ ချက်ချင်း အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ရှမစ်က ပြောပါတယ်။
ဒါ့အပြင် အမေရိကန် မပါတဲ့ ဆွေးနွေးပွဲဟာ တရားဝင်နိုင်ဖို့လည်း မရှိဘူးလို့ ရှမစ်က ဆိုပါတယ်။ အီရန်အရေးမှာ မပါဝင်တဲ့ နိုင်ငံတွေလို့ အမေရိကန်က ထောက်ပြထားတဲ့နိုင်ငံတွေက ဒီလို ဆွေးနွေးပွဲလုပ်တာက တနည်းနည်းနဲ့တောင် တရားဝင်နိုင်ဖို့ မရှိဘူးလို့ ရှမစ်က ပြောခဲ့တာပါ။
ဆွေးနွေးပွဲမှာ ပါဝင်သူတယောက်က ဒီတပတ် ဆွေးနွေးပွဲမှာ အုပ်စု ၄ ခုဖွဲ့ပြီး လုပ်ဆောင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အဲဒီတွေ့ဆုံမှုမှာ လွတ်လပ်စွာ သွားလာရေးနဲ့ ရေကြောင်းလုံခြုံရေး၊ ရေလက်ကြားပိတ်ပါက စီးပွားရေးထိခိုက်နိုင်တယ် ဆိုတဲ့အချက်နဲ့ အီရန်ကို ဆွဲဆောင်ရေး၊ သင်္ဘောသားတွေနဲ့ ပိတ်မိနေတဲ့ သင်္ဘောတွေ ထွက်နိုင်ရေး၊ ဆက်ပြီးသွားနိုင်ဖို့ သက်ဆိုင်ရာလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ပါတယ်။
Source: Reuters










