DVB Logo
Home
Lead Story
တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ စိတ်ရှည်ရှည်နဲ့ သွားတယ် - ဒေါ်စုစုနွေး (အင်တာဗျူး)
DVB
·
May 26, 2015
တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ စိတ်ရှည်ရှည်နဲ့ သွားတယ် - ဒေါ်စုစုနွေး (အင်တာဗျူး)
Donate to DVB

မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဒီကနေ့  တရားဝင်မှတ်ပုံတင်ခွင့်လျောက်ပါတယ်။ လုပ်အားပေးခိုင်းစေတဲ့ နယ်မြေခံအာဏာပိုင်တွေကို တရားစွဲဆိုအပြီး ထောင်ဒဏ်ကျခံခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း မစုစုနွေးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါတယ်။၂၀၁၂ ခုနှစ်မှာ သမဂ္ဂ္ဂ ဖွဲ့စည်းလှုပ်ရှားခဲ့ရာက ဒီနှစ်မတ်လ ၂၂ ရက်နေ့  အစည်းအဝေးမှာ တရားဝင်မှတ်ပုံတင်လျောက်ဖို့ ဆုံးဖြတ်ချက်ပြီး အမှုဆောင်တွေ ရွေးချယ်ခဲ့ပါတယ်။  မေလ ၂၄ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ရုံးခန်းမှာ ကျင်းပတဲ့  ဗဟိုကော်မတီဝင်အစည်းအဝေးမှာ သမဂ္ဂ္ဂ တရားဝင် မှတ်ပုံတင်နိုင်ရေးနဲ့ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်အတည်ပြုခဲ့ကြပြီး ဒီကနေ မှတ်ပုံတင်ခွင့်လျောက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂမှာ ဥက္ကဋ္ဌအဖြစ် ဒေါ်စုစုနွေး၊ ဒုဥက္ကဋ္ဌ(၁) ဦးအောင်ကျော်မင်း၊

ဒုဥက္ကဋ္ဌ(၂) ဦးအောင်ဇော်မင်း၊ အထွေထွေအတွင်းရေးမှူးဦးတင်စိုးတို့ ဦးဆောင်ပါတယ်။

မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂမှာ ဥက္ကဋ္ဌအဖြစ် ဒေါ်စုစုနွေးကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး) မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂကို ဒီကနေ့ တရားဝင်မှတ်ပုံတင်တယ်လို့ ကြားသိရပါတယ်။ သမဂ္ဂ္ဂအမည် လက်ခံလား။

ဖြေ) ဟုတ်ကဲ့၊ ဒီနေ့ ၁၀ နာရီ ၃၀ မှာပေါ့နော်။ ရန်ကုန်တိုင်းအစိုးရရုံးမှာ သွားတင်လိုက်ပြီ။ မှတ်ပုံတင်တဲ့ အမည်ကတော့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂပဲ။ ၂၇ ရက် ၇ လ ၂၀၁၂ စဖွဲ့ကတည်းက ကျမတို့ကလည်း တောင်သူလယ်သမားသမဂ္ဂ္ဂကိုပဲ တင်ခဲ့တာလေ။ အခုမှာ မြန်မာနိုင်ငံဆိုတာ အစားထိုးလိုက်တာ။ အဲဒီထဲက သူတို့က သမဂ္ဂ္ဂဆိုတာမျိုးက အဖွဲ့အစည်းဆိုတာ အစည်းအရုံးအနေနဲ့လုပ်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကတော့ မဟုတ်ဘူးပေါ့။ မြို့နယ်က သမဂ္ဂ္ဂဆိုရင်တော့ လက်မခံဘူးနဲ့တူတယ်ပေါ့။ အစည်းအရုံးအနေနဲ့လုပ်ပါလားပေါ့။ ကျမက အဲဒါကြောင့်မို့ သမဂ္ဂ္ဂဆိုတာ ပါဠိစကားလို့။ အစည်းအရုံးနဲ့ သမဂ္ဂ္ဂက အတူတူပဲပေါ့။ ဒါ ဘုရားလက်ထက်ကတည်းက သံဃာတော်တွေ ဂိုဏ်းကွဲတဲ့အချိန်မှာ ဘုရားကနေပြီးတော့ ဘုရားမကြွလာတဲ့အချိန်မှာ သံဃာတော်တွေကဟာ ငါတို့သံဃာတော်တွေ ဂိုဏ်းကွဲတာ မသင့်မြတ်လို့ပေါ့နော်။ တပါးနဲ့တပါး မညီညွတ်လို့ မကြွတာဆိုပြီးတော့ သံဃာတော်တွေကနေပြီးတော့ သံဃာ့သမဂ္ဂ္ဂကို ဘုရားလက်ထက် ကတည်းက ဖွဲ့ခဲ့တာ။ သမဂ္ဂ္ဂဆိုတာ ပါဠိစကားလို့။ မြန်မာပြန်လို့ အစည်းအရုံး၊ အဖွဲ့အစည်းပဲလို့ ဒါကြောင့်မို့လို့ ကျမတို့က ဘုရားလက်ထက်ကတည်းက ဒီအမည်အညွှန်းကို ဖွဲ့ဆိုခဲ့တာဖြစ်တဲ့ အတွက် သမဂ္ဂ္ဂကို အဖွဲ့အစည်းအနေနဲ့ မသုံးနိုင်ဘူးလို့ပြောတော့ သူတို့လည်း ဘာမှ မပြောတော့ဘူးလေ။ ကျမတို့လည်း ဒီသမဂ္ဂ္ဂအနေနဲ့ပဲ သွားနေတာဆိုတော့။ အခု မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ္ဂကိုလည်း အစိုးရက ကျမတို့ကို ခေါ်ပြီးတော့ ညှိနှိုင်းပါလိမ့်မယ်။ သူတို့မကြိုက်တဲ့အချက်တွေကို သူတို့ ကျမတို့ကို ပြောပါလိမ့်မယ်။ ကျမတို့ကတော့ ဒီသမဂ္ဂ္ဂကို ဘယ်အမည်နာမနဲ့မှ အစားမထိုးနိုင်ဘူးဆိုတာ အားလုံးအဖွဲ့ဝင်တွေအကုန်လုံးရဲ့ သဘောထား ကလည်း ခံယူထားတယ်။ မတ်လ ၂၂ ရက်နေ့က ရွေးချယ်တင်မြှောက်တဲ့ ဗဟိုကော်မတီဝင် စာရင်းအတိုင်းပဲ တင်ပါတယ်။ ဘာမှ အစားထိုးထားတာ မရှိပါဘူး။

မေး) မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂဟာ မြန်မာနိုင်ငံရဲ့ ဘယ်ဧရိယာ အစိတ်အပိုင်းတွေမှာ လှုပ်ရှားမှာလဲခင်ဗျာ။

ဖြေ) ကျမတို့ကတော့ ရွေးချယ်တင်မြှောက်ထားတဲ့ မှတ်ပုံတင်တဲ့ ဗဟိုအလုပ်အမှုဆောင်တွေ အနေနဲ့ မြန်မာတနိုင်ငံလုံးကို  မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂ ပေါ်ပေါက်ဖို့အတွက် ဖွဲ့စည်းရေးတွေကို ၂ လ ၁ ခါ အစည်းအဝေးကျင်းပတိုင်းမှာ ရှေ့လုပ်ငန်းစဉ်ရေးဆွဲပြီးတော့ တာဝန်တွေ ခွဲယူပြီးတော့ ဆောင်ရွက်သွားမှာ။ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂကို မြန်မာတနိုင်ငံလုံးဆိုင်ရာကို ရည်ညွှန်းထားတာပါ။

မေး) မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်ကို ပြောပြပါ။

ဖြေ) ကျမတို့ဖွဲ့စည်းပုံမှာ ရေးဆွဲထားတာကတော့ တောင်သူလယ်သမားသမဂ္ဂ္ဂတွေကို ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရို်င်အဆင့်၊ တိုင်းအဆင့် အဖွဲ့တွေ ဖွဲ့စည်းသွားဖို့ရယ်။ ပြီးတော့ လယ်ယာမြေပြဿနာတွေကို မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂအနေနဲ့ သိမ်မွေ့ညင်သာစွာ ဖြင့် ဥပဒေဘောင်အတွင်းကနေပြီးတော့မှ စနစ်တကျ တောင်းဆိုသွားဖို့တွေ၊ ဗဟို အလုပ်အမှုဆောင်တွေက ဦးဆောင်ပြီးတော့ပေါ့ နည်းပညာပေးရေးတွေ၊ လူ့အခွင့်အရေး ဟောပြောပွဲတွေ၊ စိုက်ပျိုးရေးသင်တန်းပေးရေးတွေပေါ့နော်။ အစည်းအဝေးတိုင်း အစည်းအဝေးတိုင်းမှာ လုပ်ငန်းစဉ်တွေ ချပြီးတော့ တာဝန်တွေကိုယ်စီယူပြီးတော့ ဆောင်ရွက်သွားဖို့တွေ ပါပါတယ်။

မေး) မြန်မာနိုင်ငံတောင်သူလယ်သမားတွေအတွက် ဦးစားပေးလုပ်ဆောင်မယ့် အလုပ်တွေက ဘာတွေလဲ။

ဖြေ) မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂကြီးကို ဖွဲ့စည်းပြီးတော့ လယ်ယာမြေပြဿနာတွေကို၊ တတိုင်းပြည်လုံးပေါ့နော် တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေသိမ်းဆည်းမှုတွေ ချက်ခြင်းပြီးအောင် ဆောင်ရွက်ပေးမယ်ဆိုတာမျိုး မဟုတ်ဘူး။ ကျမတို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ္ဂ အနေနဲ့ပေါ့နော် တောင်သူလယ်သမားတွေကို အဓိက ဆောင်ရွက်မှာက ဖွဲ့စည်းရေးနဲ့ နည်းပညာပေးရေး။  လယ်ယာမြေပြသနာတွေကို ဥပဒေဘောင်အတွင်းကနေပြီးတော့ ကျမတို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ္ဂ ရုံးခန်းကို တက်လာတဲ့ လယ်ယာမြေပြဿနာတွေကို သိမ်မွေ့ညင်သာစွာဖြင့် အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ကျမတို့က အမှန်တရားတခုကို ပေါ်ပေါက်တဲ့အထိ ကျမတို့က ဆောင်ရွက်သွားရေးကို ရည်ညွှန်းထားတယ်။ အဓိကလုပ်မှာကတော့ ဖွဲ့စည်းရေးနဲ့ နည်းပညာပေးရေး။ စိုက်ပျိုးရေးသင်တန်းတွေပေးမယ်၊ စိုက်ပျိုးရေးသင်တန်းတွေက အားကောင်းလာမှ၊ လယ်ယာစိုက်ပျိုးရေးစနစ်တွေ အားကောင်းလာမှ ဒီတောင်သူလယ်သမား တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာမှာဖြစ်တယ်။ ဒါကြောင့်မို့ ကျမတို့ရဲ့ အဓိကလုပ်မှာက ဖွဲ့စည်းရေးနဲ့ နည်းပညာပေးရေး။ လယ်ယာမြေပြသနာတွေကို ဥပဒေဘောင်အတွင်းက ဖြေရှင်းဆောင်ရွက်ရေး။

မေး) လက်ရှိအစိုးရလက်ထက်မှာ တောင်သူလယ်သမားတွေရဲ့ အခြေအနေ ထူးခြား တိုးတက်မှုကို ပြောပြပါ။

ဖြေ) လယ်ယာမြေပြဿ နာကို လယ်ယာမြေဥပဒေမထွက်ခင်ကတည်းက ကျမတို့က တောင်သူလယ်သမားသမဂ္ဂ္ဂကို ဖွဲ့စည်းခဲ့တာပေါ့။ ကျမတို့ဖွဲ့စည်းပြီးနောက်ပိုင်းမှာ လယ်ယာမြေဥပဒေတွေ၊ နည်းဥပဒေတွေ ထွက်လာတယ်။ ထွက်လာတဲ့ အချိန်လေးမှာ၂၀၁၂ မတ်လ ၃၀ ရက်နေ့မှာထွက်တယ် ၃၁ ရက်နေ့မှာ အတည်ပြုတဲ့ နောက်ပိုင်းလေးမှာတော့ ကျမတို့ လယ်ယာမြေပြဿ နာတွေ ဖြေရှင်းဆောင်ရွက်ရတာ၊ သူတို့ကလည်း မြေယာကော်မတီတွေ အဆင့်ဆင့်ဖွဲ့စည်းပြီး သူတို့တွေ ကွင်းဆင်းစစ်ဆေးတာမျိုးတွေ ဘာတွေက ကျမတို့ လယ်ယာမြေဥပဒေထွက်လာတဲ့ အချိန်လေးမှာပေါ့နော် တော်တော်လေး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ပေါ့နော်။ တော်တော်လေး အရေးယူဆောင်ရွက်လာတာတွေ၊ ဖြေရှင်း ဆောင်ရွက်ပေးတာတွေ၊ တွေ့ဆုံဆွေးနွေးတာတွေက တော်တော်လေးကို အလားအလာ ကောင်းလာတယ်ပေါ့။ ၂၀၁၂ ကနေ ၂၀၁၃ ပေါ့နော် ၂ လပိုင်းလောက်လည်းရောက်ရော တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ လယ်ယာမြေပြသနာတွေ ဖြေရှင်းတဲ့အခါမှာတွေ၊ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာတွေ မှန်ကန်မှုမရှိလာတာတွေ၊ နောက်ပြီးတော့ တရားမျှတမှု မရှိလာတာတွေ၊ နောက် လယ်သမားအချင်းချင်းပေါ့နော် ပဋိပက္ခတွေဖြစ်အောင် အစိုးရ အဖွဲ့အစည်းတွေဘက်က လူကြီးတွေက၊ မြေယာကော်မတီအဖွဲ့အစည်းတွေဘက်က ဖန်တီးလာတာမျိုးတွေ တွေ့ရတယ်။ အဲဒါကြောင့်မို့လို့  ၂၀၁၃ ခုနှစ် ၂ လပိုင်းလောက်က စပြီးတော့ လယ်ယာမြေပြဿ နာတွေကို ဖြေရှင်းဆောင်ရွက်မှုကို အစိုးရဘက်က အားနည်းချက်တွေ ရှိလာတယ်။ အဲလို အားနည်းချက်တွေရှိလာတဲ့အတွက် လယ်သမားတွေ ကပေါ့နော် စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်ဘဲနဲ့ လမ်းပေါ်ထွက်ဆန္ဒပြလို့၊ ထွန်တုံးတိုက်ပွဲတွေ လုပ်လို့ တရားရုံးတွေရောက်ပြီးတော့ ထောင်ကျတာတွေ များလာတယ်။ နောက်ပြီး လယ်သမားတွေဘက်ကနေ အမှန်တရားပေါ်ပေါက်ဆောင် ဆောင်ရွက်ပေးတဲ့ လယ်သမားရေး ဆောင်ရွက်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်လာတာတွေ၊ ဖမ်းဆီးလာတာတွေ ထောင်ချလာတာတွေ လုပ်လာတယ်။ ဒါတွေဟာ လယ်ယာမြေဥပဒေထွက်ပြီး ၂၀၁၃ ခုနှစ် ၂ လပိုင်းကနေစပြီးတော့ အခု ၂၀၁၅ အထိကို တဖြည်းဖြည်းတဖြည်းဖြည်း အဲဒီအရှိန်တွေက ပိုပြီးတော့ မြင့်မားလာတယ်။ ဒါဟာ တောင်သူလယ်သမားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို လက်ရှိအစိုးရ သွားနေတဲ့လမ်းကြောင်းက အထောက်အကူမပြုနိုင်တဲ့ လုပ်ဆောင်ချက်တွေလို့ မြင်ရတယ်။

မေး) လယ်သမားတွေထံက သိမ်းထားတဲ့ လယ်တွေထဲက အစိုးရက ဧကသိန်းနဲ့ချီ ပြန်ပေးတယ်။ ပြန်ပေးဖို့ ဧက သိန်းချီကျန်နေသေးတယ်။ လယ်ယာမြေပြဿ  နာကို ဘယ်လို အကောင်းဆုံးဖြေရှင်းနိုင်မယ်ထင်သလဲ။

ဖြေ) ကျမတိုသွားနေတဲ့လမ်းကြောင်းကတော့ တွေ့ဆုံဆွေးနွေးရေးကနေပြီးတော့ အောင်မြင်အောင် သွားတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးရေးကိုအောင်မြင်အောင် မလုပ်ပေးချင်တဲ့၊ မြို့နယ်၊ ခရိုင်၊ ကျေးရွာအဖွဲ့အစည်းတွေကနေ မြေယာအဖွဲ့အစည်းတွေကနေ ပဋိပက္ခဖြစ်လာအောင်၊ ဆန္ဒ မပြချင်တာကို ဆန္ဒပြချင်လာအောင် ဖန်တီးတာမျိုးတွေရှိတယ်။ အဲဒါမျိုးဆိုရင် ကျမတို့သွားနေတဲ့လမ်းကြောင်းကို အထိခိုက်မခံဘူး။ ကျမတို့ လမ်းကြောင်း ကနေ စိတ်ရှည်ရှည်နဲ့ သွားတယ်။ အဲလိုနည်းလမ်းမျိုးနဲ့ပေါ့နော် ထောင်ထဲရောက်တာမျိုး မဟုတ်ဘဲနဲ့ ကျမဖြစ်ချင်တာက တရားရုံးကို စွဲတင်တာမျိုးမဟုတ်ဘဲနဲ့ တွေ့ဆုံဆွေးနွေးရေး အဆင့်ကနေပြီးတော့ သူတို့ဘယ်လိုပဲဖန်တီး ဖန်တီးပေါ့နော် ကိုယ့်ဖက်က စိတ်ရှည်ရှည်နဲ့ အမှန်တရားပေါ်ပေါက်အောင်၊ မရရအောင်ပေါ့နော် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကနေ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းဟာ ကျမတို့ တောင်သူလယ်သမားတွေအတွက်ကို အများကြီး အလားအလာကောင်းပြီးတော့ အသင့်တော်ဆုံးလို့ အကြံပြုချင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘာမဆိုပေါ့နော် တရားရုံးကိုတင်ပြီးတော့ တရားတွေစွဲ။ ရင်ဆိုင်ရတာက အဲဒီအချိန်မှာ ကျမတို့က ၀င်ပြီးတော့လည်း ပြောပေးလို့မရတော့ဘူး ဘေးကနေပဲ ရပ်ကြည့်နေရတော့မှာဆိုတော့ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းနဲ့သွားရတာဆိုတော့ အဲဒီ အချိန်မှာ တရားရုံးကလည်း လယ်သမားတွေကို အမှု အကြာကြီးစွဲ၊ လယ်သမားတွေက ခြေကုန်လက်ပန်းကျပြီး နောက်ပိုင်းလည်းကျရော ၄၄၇၊ ၄၂၇ တွေနဲ့ ထောင်ထဲတွေ ရောက်သွား၊ အဲဒီနည်းတွေနဲ့ မသွားဘဲနဲ့ တွေ့ဆုံဆွေးနွေးရေးအဆင့်ကနေ စိတ်ရှည်ရှည်နဲ့ သူတို့ဖန်တီးတာတွေကို ကျော်လွှားနိုင်ပြီးတော့ ဆောင်ရွက်တာဟာ ပိုပြီးတော့ အောင်မြင်နိုင်မယ်။

မေး) လယ်သိမ်းမြေပြန်ရရေးကြိုးပမ်းမှုဖြစ်စဉ်မှာ မနှစ်နှစ်ကုန်ပိုင်းတုန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ ပဋိပက္ခမှာ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်နယ်တောင်ကြီး ရေပူကျေးရွာက ဦးမြင့်အောင် ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြလို့ ကွယ်လွန်တဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သမဂ္ဂအနေနဲ့ ဘာပြောစရာရှိမလဲ။

ဖြေ) ကျမတို့ ပြီးခဲ့တဲ့အစည်းအဝေးမှာ ကျမတို့ ချပြပါတယ်။ ကျမကိုယ်တိုင် အဆိုတင်သွင်းပါတယ်။ ဒါဟာ ကျမတို့နိုင်ငံရဲ့ ပထမဦးဆုံးအကြိမ်ဖြစ်တယ်၊ ဦးမြင့်အောင် သေဆုံးမှုနဲ့ပတ်သက်လို့ ဒီသတင်းက ကျမတို့အတွက် စိတ်တုန်လှုပ်ခြောက်ခြားစရာလည်း ဖြစ်တယ်။ နောက် အဖန်ငါးရာငါးကမ္ဘာကို သူသိပါလျက်နဲ့ပေါ့နော် လယ်ယာမြေသိမ်းဆည်း ခံရတဲ့ တောင်သူလယ်သမားတွေအားလုံးရဲ့ကိုယ်စား သူ့လယ်ယာမြေ ၈ ဧက ဆုံးရှုံးရတာကို အမှန်တရားပေါ်ပေါက်ရေးအတွက် သူ့အသက်ကိုစတေးပြီး ဆန္ဒပြသွားတာဟာ ကျမတို့ နိုင်ငံမှာ ပထမဆုံးဖြစ်တယ်။ အဲဒီတော့ ရှေ့ကနေ ဦမြင့်အောင်ကနေပြီးတော့ အသက်ပေးပြီးတော့ ဆန္ဒထုတ်ဖော်သွားပြီ အမှန်တရားအတွက် အာဏာရှင်စနစ်ဆိုးတွေကို တွန်းလှန်သွားပြီ။ ဒါ သူနိုင်သွားတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ဦးမြင့်အောင် ရင်းသွားတာနဲ့တန်အောင် ကျန်ရှိနေတဲ့ လယ်သမားရေးဆောင်ရွက်သူတွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေကော၊ သိမ်းဆည်းခံ တောင်သူလယ်သမားထုတရပ်လုံးကော၊ ဒီပြဿ  နာတွေကို အဓိက ဖြေရှင်းပေးရမယ့် တာဝန်အရှိဆုံးဖြစ်တဲ့ အစိုးရအဖွဲ့အစည်းတွေကရော ဘယ်လို ဆောင်ရွက်ပေးမလဲ။ သူ့အသက်နဲ့ရင်းသွားတဲ့ သူ့ရဲ့တန်ဘိုးကို အဲဒီတန်ဘိုးနဲ့ တန်တဲ့ အဖြေတခုရအောင် ကျမတို့ဘယ်လိုမျိုးတွန်းအားပေးပြီးတော့ ၀န်းရံပြီးတော့ ဆောင်ရွက် ပေးမလဲ ဆိုတဲ့အဖြေ တခုထွက်လာဖို့လိုတယ်။ သူတော့ သေတာပဲဆိုပြီးတော့ ဒီအပေါ်မှာပဲ သွားနေမယ်ဆိုရင်တော့ သူရင်းလိုက်တဲ့ သူ့ရဲ့တန်ဘိုးကို သူပြန်မခံစားရဘူးဆိုရင် ကျမတို့ ရှုံးတယ်။ အဲဒီတော့ ကျမတို့က ဒါကို ရအောင် ဘယ်လိုမျိုးပြန်လုပ်မလဲဆိုတာမျိုးနဲ့ ကျမတို့သွားချင်တယ်။ ဒါကို ကျမတို့ချပြတယ်။ ဒါပေမယ့် ကျမတို့ရုံးကို ဒီကိစ္စ တက်မလာဘူး။ တက်မလာတော့ ကျမတို့က အဖွဲ့အစည်းနဲ့ သွားနေရတာဆိုတော့ ကျမတို့ဆီ တက်လာမယ် ဆိုရင် ရုံးအဖွဲ့အစည်းရဲ့ ရုံးရဲ့စနစ်နဲ့ ကျမတို့ သွားလို့ရတယ်။ ကျမတို့ဆီ မတက်လာလို့ရှိရင် ကျမတို့မှာ လုပ်ရတာခက်တယ်။ ဒါပေမယ့် ကျမတို့ ဒါကို ကြေညာချက်ထုတ်မယ်။ ကျမ ကိုယ်တိုင်လည်း အဲဒီနေရာလေးကို သွားချင်တယ်ဆိုတာမျိုး ကျမက အဆိုတင်သွင်းထား ပါတယ်။

မေး) မြန်မာနိုင်ငံက တောင်သူလယ်သမားတွေကို ဘာများဖြည့်စွက်ပြောကြားချင်သေးလဲ။

ဖြေ) ကျမတို့နိုင်ငံမှာ လယ်ယာမြေသိမ်းဆည်းခံရတဲ့ လယ်သမားတွေမှ လယ်သမား အခွင့်အရေးချိုးဖောက်ခံနေရတာ မဟုတ်ပါဘူး။ မသိမ်းခံရတဲ့ လယ်သမားတွေကလည်း လယ်သမားအခွင့်အရေးကို ချိုးဖောက်ခံနေရတာ။ လယ်သမားတွေက လယ်ယာမြေကို သိမ်းလိုက်လို့ရှိရင် အဲဒီလယ်ယာမြေတခုတည်း ဆုံးရှုံးတာ မဟုတ်ဘူး။ အဲဒီမိသားစုရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတွေအကုန်လုံးက ရိုက်ချိုးခံလိုက်ရတာ။ အဲဒီတော့ လယ်သမားသားသမီးတွေဆိုတာ စိတ်ခံစားမှုတွေ၊ စိတ်ဒဏ်ရာတွေက မိသားစုတွေအကုန်လုံး ခံစားလိုက်ရတာ။ အဲဒီတော့ ငါတို့လယ်ကို မသိမ်းခံရလို့ရှိရင် ငါတို့နဲ့ မဆိုင်ဘူးဆိုတာမျိုးနဲ့ ဘေးထွက်ပြီးတော့ထိုင်နေတာမဟုတ်ဘဲနဲ့၊ ဒီလယ်သမားတွေ တိုးတက်မှု တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှာဖြစ်တယ်။ လယ်ယာမြေတွေ အသိမ်းမခံရလို့ ငါတို့နဲ့မဆိုင်ဘူးဆိုတာမဟုတ်ဘဲနဲ့ သိမ်းဆည်းခံရတဲ့လယ်သမားတွေ လယ်ယာမြေပြန်လည်ရရှိဖို့ လယ်သမားထုတရပ်လုံးကနေ ၀န်းရံပြီးတော့ စည်းလုံးညီညွတ်စွာနဲ့ ဆောင်ရွက်မှသာ လယ်ယာမြေသိမ်းဆည်းမှုတွေ လျော့နည်းပြီးတော့ လယ်သိမ်းမှုတွေကို တောင်းဆိုတဲ့ လယ်သမားတွေက အောင်မြင်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ပေါ့နော် လယ်ယာပြန်လည်ရရှိရေးကို ၀န်းရံပေးကြပါလို့ မြန်မာ တနိုင်ငံလုံးမှာရှိတဲ့ လယ်သမားထုတရပ်လုံးကို ကျမတဦးတယောက်တည်းအနေနဲ့ တောင်းဆို ချင်တယ်။ အဖွဲ့အစည်းအနေနဲ့ တောင်းဆိုချင်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ပေါ့နော် ကျမတို့တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် တိုင်းပြည်မှာ လူဦးရေအများဆုံးဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ဘ၀မြှင့်တင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား ဆောင်ရွက် ပြီးတော့ လယ်ယာမြေသိမ်းဆည်းမှုတွေကိုပေါ့နော်၊ လယ်ယာမြေတွေသိမ်းဆည်းပြီးတော့ ကုမ္ပဏီတွေ၊ လယ်လုပ်ချင်စိတ်မရှိတဲ့ လူပုဂ္ဂိုလ်တွေကနေပြီးတော့ ဒီအတိုင်းပစ်ထားမယ့်အစား လယ်လုပ်ချင်စိတ်ရှိတဲ့ တောင်သူလယ်သမားတွေလက်ထဲကို ထည့်ပြီးတော့ နည်းပညာပိုင်း ဆိုင်ရာတွေကို တောင်သူလယ်သမားတွေကို ပြန့်ပွားပြီးတော့ နည်းစနစ်အမှန်တွေနဲ့ စိုက်ပျိုးနိုင်အောင် နိုင်ငံတော်အစိုးရကနေပြီးတော့ ကူညီဆောင်ရွက်ပေးမယ်ဆိုရင် အခြေခံ လူတန်းစားတောင်သူလယ်သမားတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်။ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်ဆိုတာကို အစိုးရကို အကြံပြုချင်တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013