DVB Logo
Home
မြန်မာသတင်း
မြန်မာကလေးငယ် ၂ ဦး အာဆီယံကျောင်းသားများ သိပ္ပံတီထွင်ဆုရရှိ
DVB
·
May 26, 2015
မြန်မာကလေးငယ် ၂ ဦး  အာဆီယံကျောင်းသားများ သိပ္ပံတီထွင်ဆုရရှိ
1 / 3
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျောင်းသားကလေးငယ် ၂ ဦးဟာ မလေးရှားနိုင်ငံကပေးတဲ့ အာဆီယံလူငယ်များ သိပ္ပံဆိုင်ရာ တီထွင်မှုပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ရရှိသွားပါတယ်။

772476မေလ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ Asian Young Inventors Exhibition 2015 (AYIE) ပြိုင်ပွဲမှာ မြန်မာကလေးငယ် ၂ ဦး ဆုရရှိခဲ့တာဖြစ်ပြီး ထိုင်းကျောင်းသားတွေနဲ့အတူ မေလ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်ကို ပြန်ရောက်လာတာပါ။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ် မယ်ဟန့်အလယ်တန်းကျောင်း ပဉ္စမတန်းက အသက် ၁၂ နှစ်ရွယ် စိုင်းဆုမ်ပေါင်း လအေး နဲ့ ၁၃ နှစ်ရွယ် စိုင်းလိုင် လုံးအော တို့ဟာ အလိုအလျောက် သောက်ရေပုလင်းခွံဝယ်ယူတဲ့ ကိရိယာတီထွင်မှုနဲ့ဆုရခဲ့တာလို့ သူတို့ရဲ့ ဆရာဖြစ်သူ နိုင်းပရ၀စ် ဖောင်းမွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ထိုင်းနိုင်ငံကိုယ်စားပြုအသင်းက ကျောင်းသားလူငယ်စုစုပေါင်း ၁၆ ယောက်၊ သိပ္ပွံတီထွင်မှု အမျိုးအစားပေါင်း ၁၂၂ မျိုး ပြိုင်ခဲ့ပါတယ်။ အဲဒီမှာ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၃ ခု နဲ့ အထူးဆု ၄ ဆု ပေါင်း ၁၂ ဆု ရတယ်။ ပုစွန်ခွံခွာကိရိယာ၊ ခေါက်လို့ရတဲ့ ချိုင်းထောက်၊ အစာနွှေးပေါင်းအိုး၊ ထမင်းခူးယောက်မ၊ ပီလောပီနံစိုက်ကိရိယာ အဲလိုမျိုးတွေပေါ့။ ရှမ်းအလုပ်သမားကလေး ၂ ယောက်ကတော့ အော်တိုမစ်တစ် ရေသန့်ဘူးခွံ ၀ယ်တဲ့ ကိရိယာတီထွင်မှုနဲ့ ငွေတံဆိပ် ဆုရခဲ့တယ်။”

558000006059002ထိုင်းနိုင်ငံကိုယ်စားပြုအနေနဲ့ မလေးရှားမှာ သွားပြိုင်ဖို့ အမည်စာရင်းတွေ ထွက်လာတော့ ကျောင်းကဆရာဆရာမတွေ ၀မ်းသာကြသလို ကလေး ၂ ယောက်ဟာ ထိုင်းနိုင်ငံသား မဟုတ်တဲ့အတွက် နိုင်ငံကူးလက်မှတ်အတွက် စိုးရိမ်ခဲ့ရတယ်လို့ နိုင်းပရ၀စ်က ဆက်ပြောပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဧပြီလက ကလေး ၂ ယောက်ကို ချင်းမိုင်ခရိုင်ဝန်ဆီ ခေါ်လာပြီး နိုင်ငံကူးလက်မှတ်ရရှိရေး ကူညီဆောင် ရွက်ပေးဖို့ အသနားခံခဲ့တာမှာ ခရိုင်ဝန်ကလည်း ကလေး ၂ ဦးအတွက် အထူးနိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်လက်တင်ပြပေးခဲ့တာလို့ ဆိုပါတယ်။

အလိုအလျောက်ပုလင်းခွံဝယ်ယူ ကိရိယာတီထွင်ဖို့ ဖြစ်လာတာနဲ့ ပတ်သက်ပြီး ဆုရရှိသူ စိုင်းဆုမ်ပေါင်းက “အရင်က ကျောင်းထဲမှာ ရေသောက်ပြီးရင် ဗူးခွံတွေ ဒီတိုင်းပစ်ထားတာ ပွနေတာပဲ၊ ကျောင်းသန့်ရှင်းရေးလုပ်တော့ အဲဒီအခွံတွေလိုက်ကောက်ရတာ ညောင်းတယ်။ သူတို့ဖာသူတို့ လာထည့်အောင်လို့ ပိုက်ဆံအကြွေနဲ့ လဲတဲ့ကိရိယာ လုပ်ကြည့်တာ၊ ရေဗူးခွံတလုံးတည့်ရင် အကြွေ တဘတ်ကျတယ်။ ဆရာလည်းကူပြပေးတယ်”လို့ ပြောပါတယ်။

ဆုရှင် နောက်တဦးဖြစ်တဲ့ စိုင်းလိုင်ကလည်း ဆုရတဲ့အတွက် ၀မ်းသာကြောင်း၊ အခု ကိရိယာက ငယ်ပြီး ပလပ်စတစ်ဗူးခွံ ဘဲရတော့ နောက်ထပ် တခြားသံဗူးခွံတွေပါ ၀ယ်လို့ရအောင်၊ အများကြီးလည်းဆံ့အောင် ဒီထက်ကြီးတာ လုပ်ချင်တယ်လို့ ပြောပါတယ်။

စိုင်းဆုမ်ပေါင်းဟာ ထိုင်းနိုင်ငံမှာ မွေးဖွားပြီး မိဘဖြစ်သူ စိုင်းဆိုင်နဲ့ နန်းလှိုင်းတို့ကတောာ့ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စံက လာကာ ရာဘာခြံအလုပ်သမားတွေ ဖြစ်ပါတယ် ။

အလားတူ စိုင်းလိုင်ရဲ့ မိဘ စိုင်းမွန်းနဲ့ နန်းလိတ်တို့ဟာလည်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်ကဖြစ်ကာ ထိုင်းနိုင်ငံ စပါးကြိတ်စက် တခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013