DVB Logo
Home
မြန်မာသတင်း
ကားမှန်အမည်း စတစ်ကာကပ်လိုသူများ အရေပြားပါရဂူထောက်ခံချက်ယူရမည်
DVB
·
May 26, 2015
ကားမှန်အမည်း စတစ်ကာကပ်လိုသူများ အရေပြားပါရဂူထောက်ခံချက်ယူရမည်
Donate to DVB

အစိုးရသစ်လက်ထက်လွန်ခဲ့တဲ့ ၁နှစ်ကျော်ကာလအထိ ကားမှန်အမည်းစတစ်ကာ တပ်ဆင်တာကို အရေးမယူခဲ့ပေမယ့် အခုချိန်မှာတော့ တားမြစ်ထားတာကို မလိုက်နာရင် အရေးယူနေတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးကြီးကပြောပါတယ်။

ချွင်းချက်အရ နေရောင်ခြည်အထိမခံတဲ့ လူနာတွေစီးတဲ့ကားတွေအနေနဲ့ ကာမှန်အမည်း စတစ်ကာတပ်ချင်ရင် အရေပြားပါရဂူတွေရဲ့ ထောက်ခံချက်နဲ့ လျှောက်ထားလို့ ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမြဲတမ်းမဟုတ်ဘဲ ၆ လသာ ခွင့်ပြုပေးထားမှာဖြစ်ပြီး ၆ လပြည့်ချိန်မှာ သက်တမ်းတိုးလျှောက်လို့ရပေမယ့် ယာဉ်စည်းကမ်းကော်မတီက ထပ်စစ်ဆေးပြီး လူနာစီးတဲ့ ကားလို့ သတ်မှတ်ခြင်းမရှိတော့ရင် စတစ်ကာတပ်ထားတဲ့ကားကို အရေးယူသွားမယ်လို့ မကြာသေးခင်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ယာဉ်ထိန်းရဲအဖွဲ့တာဝန်ရှိသူက ဖြေကြားပါတယ်။

ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကတော့ ယာဉ်မတော်တဆဖြစ်မှု အန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် ရည်ရွယ်ပြီး ကားတွေမှာ တပ်ဆင်ထားတဲ့ ကာလာမှန်တွေကို စစ်ဆေးပြီး အလင်းဖောက် မြင်နိုင်စွမ်းအား ၆၀ ရာခိုင်နှုန်းအောက်လျော့နည်းရင် ခွင့်မပြုဘူးလို့ ကြေညာထားတာပါ။

ယခင် စစ်အစိုးရလက်ထက်ကတည်းက လူစီးယာဉ်တွေမှာ ကားမှန်အမည်းစတစ်ကာ တပ်ဆင်တာကို တားမြစ်ခဲ့တာရှိပေမယ့် တရားဝင်ရော၊တရားမဝင်ရော ကားမှန်အမည်း တပ်ဆင်မောင်းကြတဲ့ ကားတွေရှိနေ ခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013