DVB Logo
Home
မြန်မာသတင်း
မလေးရောက်မြန်မာများ အသွားအလာဆင်ခြင်ရန် မြန်မာသံရုံးတိုက်တွန်း
DVB
·
May 25, 2015
မလေးရောက်မြန်မာများ အသွားအလာဆင်ခြင်ရန် မြန်မာသံရုံးတိုက်တွန်း
1 / 2
Donate to DVB

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့ မလိုလားအပ်သော ကိစ္စရပ်တွေ မဖြစ်ပေါ်စေဖို့အတွက် အနေအထိုင်အသွားအလာ ဆင်ခြင်ကြဖို့ မလေးရှားအခြေစိုက်   မြန်မာသံရုံးက သတိပေး တိုက်တွန်းပါတယ်။

သွားလာရာမှာ တဦးတယောက်တည်းမသွားလာကြဘဲ  မြန်မာလူမျိုး အချင်းချင်း အုပ်စုဖွဲ့၍ သွားကြရန်၊ အချင်းချင်း ရိုင်းပင်းကူညီကြရန် ထပ်မံတိုက်တွန်းထားတယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီထုတ်ပြန်ချက်ဟာ မေ ၂၁ ရက်နေ့တုန်းက သံရုံးရှေ့မှာ မလေးရှားနိုင်ငံရေးပါတီတခုနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တခုတို့က ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေးပေးဖို့ ဆန္ဒပြမှုအပြီး သံရုံးထုတ်ပြန်ချက်ဖြစ်ပါတယ်။

သံရုံးချိန်ကျော်သွားတဲ့အတွက် သံရုံးတာဝန်ရှိသူတွေကို ဖုန်းခေါ်လို့မရသေးပါဘူး။

မလေးရှားသံရုံးမှာ ကူညီနေသူ ကိုသီဟက ဒီလို သတိပေးစာထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ခုလို ပြောပါတယ်။

သူက “ဘာကြောင့်ထုတ်တာလဲဆိုတော့ ပြဿ  နာတခု မဖြစ်ခင် ကြိုကာကွယ်စေချင်တဲ့ သဘောမျိုးပါပဲ၊ ဒီမှာတော့ ဘာပြဿ   နာဖြစ်မယ်၊ ညာပြဿ   နာဖြစ်မယ်လို့ ကျနော်တို့ ခုချိန်ထိ မကြားပါဘူး။ ဒါပေမယ့် ဘယ်လိုပြောမလဲ ဖြစ်လာခဲ့ရင်ဆိုတဲ့ အနေအထားအပေါ်မူတည်ပြီး ဘယ်ကိစ္စမဆိုပေါ့ သတိဝီရိယနဲ့ ရှိဖို့ဆိုတဲ့ဟာလေးကို အဓိကပြောချင်တာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ကတုန်းကလည်း တက္ကစီကားပေါ်မှာ မြန်မာလူငယ်တဦးကို တွန်းချလိုက်တဲ့ အတွက် သေဆုံးခဲ့တာကြောင့် တယောက်တည်းသွားရင် အန္တရာယ်ရှိနိုင်တဲ့ အနေအထား မျိုးတွေ ရှိတာကြောင့် ကာကွယ်တဲ့အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံအတွက် မြန်မာအအလုပ်သမားသံအရာရှိ ကိုမျိုးမင်းအောင်က ဒီကြေညာချက်ကို သိရှိခြင်း မရှိကြောင်း ဖြေဆိုပါတယ်။

မလေးရှားရောက်မြန်မာတွေ အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါ သူက “အင်ဖော်မေးရှင်း အပေါ်မှာ မူတည်ပြီးတော့ပဲ အင်ဖော်မေးရှင်း မထူးခြားရင်တော့ အေးချမ်းတယ်ပေါ့ အကိုရယ်။ အင်းဖော်မေးရှင်း ထူးခြားရင်တော့ ထူးခြားမှာပေါ့။ ကျနော်လည်း Satellite  (ဂြိုလ်တု) မဟုတ်တော့ အကုန်လုံးကို မသိနိုင်ဘူးပေါ့” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံ၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့က ရေပြင်မှာ မျောပါတဲ့ လှေစီးဒုက္ခသည်တွေကို လက်မခံတဲ့ကိစ္စ ဟိုးလေးတကျော်ဖြစ်သွားပြီးနောက် မြန်မာနိုင်ငံရဲ့ ပြသနာအဖြစ် ပုံဖော်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံက လာမယ့် ၂၉ ရက်နေ့ကျရင် လှေစီးဒုက္ခသည်တွေအရေးကိစ္စကို ၁၅ နိုင်ငံအစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပမှာ ဖြစ်ပါတယ်။

တမြန်နေ့ကတော့ မြန်မာရေတပ်က ပင်လယ်တွင်း လှေစီးဒုက္ခသည် လှေနှစ်စီးကို ဖမ်းဆီးရမိခဲ့ပြီး လှေစီးဒုတ်ခသည်တွေထဲမှာ ၈ ယောက်က မြန်မာပြည်ကဖြစ်ပြီး ကျန် ၂၀၀ ကျော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်တယ်ဆိုတာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာအထူးကိုယ်စားလှယ်ရှေ့မှာ တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က မလေးရှားနိုင်ငံမှာ  မြန်မာပြည်သား အယောက် ၂၀ ခန့် သတ်ဖြတ်ခံခဲ့ရပြီး မလေးရှားရဲက တရားခံတွေကို ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013