DVB Logo
Home
နိုင်ငံတကာ
နျူစမ်းသပ်မှုလေ့လာသူ အမေရိကန်ငလျင်ပညာရှင် ၁ ဦးကို တရုတ် ထိန်းသိမ်းထား
DVB
·
July 15, 2026
Photo: Yufang Rong/Handout via REUTERS
Photo: Yufang Rong/Handout via REUTERS
Donate to DVB

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရ ရန်ပုံငွေနဲ့ သုတေသနလုပ်ခဲ့တဲ့ တရုတ်နွယ်ဖွား အမေရိကန် ငလျင်ပညာရှင်တယောက်ဟာ တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတာ ၂ နှစ်နီးပါး ရှိနေပါပြီ။ 

လက်ရှိမှာ သူဟာ သူလျှိုမှုနဲ့ တရားရင်ဆိုင်နေရတယ်လို့ ဇနီးဖြစ်သူနဲ့ ဓားစာခံအရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောပါတယ်။ 

အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူလင်းချန်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်က ပေကျင်းလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

တရုတ်အစိုးရဘက်က သူ့ကို လွှတ်ပေးမဲ့အရိပ်အယောင် မတွေ့ရတဲ့အတွက် အခုလို ဖမ်းဆီးခံရပြီး အချိန်ကြာမှ မိသားစုနဲ့ အဖွဲ့အစည်းတွေက ဒီကိစ္စကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။

မြေအောက်နျူကလီးယား စမ်းသပ်မှုတွေကို ဖုံးကွယ်နိုင်ဖို့ ချန်ရဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို တရုတ်နိုင်ငံက အသုံးချလိုနေတယ်လို့ အမေရိကန်အစိုးရ အသိုက်အဝန်းက သံသယရှိနေပါတယ်။

ဒါပေမဲ့ ဇနီးဖြစ်သူ ယုဖန်းရုန်း ကတော့ သူ့ရဲ့ခင်ပွန်းဟာ တရုတ်ပညာရှင်တွေနဲ့ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ချေပထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြီးခဲ့တဲ့ မတ် ၁၉ ရက်မှာ ချန်ကို မတရား ဖမ်းဆီးခံထားရသူအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာလည်း ပြီးခဲ့တဲ့ မေလက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချိန်မှာ ချန် လွတ်မြောက်ရေး ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်ကတော့ တရားရေးဌာနတွေဟာ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာကြောင့် မတရားဖမ်းဆီးမှု ဆိုတာမျိုး မရှိဘူးလို့ ဇူလိုင် ၁၄ ရက်က တုံ့ပြန်ခဲ့ပါတယ်။

လတ်တလောမှာ ချန်ဟာ ဆီးချိုနဲ့ သွေးတိုးရောဂါ ခံစားနေရပြီး လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရတဲ့အတွက် ကျန်းမာရေး အခြေအနေ စိုးရိမ်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013