DVB Logo
Home
မြန်မာသတင်း
နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးအလှပြိုင်ပွဲ (သတင်း ဓာတ်ပုံ)
DVB
·
May 24, 2015
နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးအလှပြိုင်ပွဲ (သတင်း ဓာတ်ပုံ)
1 / 7
Donate to DVB

နှစ်ပေါင်းများစွာ မျက်နှာပေါ်မှာ ရှိတဲ့ အမွေးအမြင်တွေကို ဂရုတစိုက်နဲ့ ထိန်းသိမ်း ပြုစုလာတဲ့ သူတွေ အတွက် လူအများရှေ့မှာ ပြသဖို့ အခါအခွင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

[caption id="attachment_94392" align="aligncenter" width="604"]ဓာတ်ပုံ-အေပီ နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေးကို ကွင်း ၃ ကွင်းဖြစ်အောင် ဖန်တီးထားသည့် ပြိုင်ပွဲဝင်တဦး (ဓာတ်ပုံ-အီးပီအေ)[/caption]

ဟန်ဂေရီနိုင်ငံ ဘူတာပတ်စ်မြို့တောင်ဘက်က ကစ်ခွန်ဖီလစ်ခ်ျဟာဇာ မြို့မှာ ၇ ကြိမ်မြောက် နှုတ်ခမ်းမွေးပြိုင်ပွဲမှာ ကမ္ဘာတ၀န်းက မျက်နှာပေါ်က အမွေးအမြင်တွေကို ထိန်းသိမ်းတဲ့သူတွေ က သူတို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ပုံစံအမျိုးမျိုးရှိတဲ့ နှုတ်ခမ်းမွေးနဲ့ မုတ်ဆိတ်မွေးတွေကို လာရောက် ပြသတယ်လို့  ဒေးလီးမေလ်း သတင်းက ရေးပါတယ်။

[caption id="attachment_94395" align="aligncenter" width="611"]Beard EPA 2 ရိုးရာ ဘာဝါးရီးယန်ဝတ်စုံ ဆင်မြန်းထားသည့် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေး ပြုပြင်ထိန်းသိမ်းထားသူ တဦး (ဓာတ်ပုံ အီးပီအေ)[/caption]

 

ပြိုင်ပွဲကျင်းပမယ့်နေနဲ့ အသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

[caption id="attachment_94396" align="aligncenter" width="617"]Beard EPA 3 နပိုလီယံ စတိုင် နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးထားသူ တဦး (ဓာတ်ပုံ-အီးပီအေ)[/caption]

 

ဒီပွဲမှာ မျက်နှာပေါ်က အမွေးအမြင်တွေကို အလှပဆုံး ပြုစု ထိန်းသိမ်းနိုင်တဲ့သူတွေ ၀င်ပြိုင်ကြပြီး ဆုချီးမြှင့်သွားဖို့လည်း ရှိနေပါတယ်။

[caption id="attachment_94397" align="aligncenter" width="613"]Bread AP 1 နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး အသွင်တမျိုးနဲ့ ဟန်ဂေရီက လူတဦး (ဓာတ်ပုံ-အေပီ)[/caption]

 

မျက်နှာက အမွေးအမြင်တွေက တကိုယ်ရည်သန့်ရှင်းမှု မရှိဘူးလို့ ဝေဖန်ကြပေမယ့်လည်း နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး အရှည်ထားလေ့ရှိသူတွေကတော့ ဒီအမွေးအမြင်တွေက ယောက်ျားလေးတွေ အတွက် မရှိမဖြစ် အရာတခုလို့ ခံယူထားသလို အဓိပ္ပာယ်တခုလို့ မှတ်ယူထားကြပါတယ်။

[caption id="attachment_94398" align="aligncenter" width="610"]Beard AP 2 လိုက်ဖက်သည့် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေး အလှ (ဓာတ်ပုံ အေပီ)[/caption]

 

ဒီပွဲပြိုင်ကို လာရောက် ယှဉ်ပြိုင်ကြတဲ့ လူတွေရဲ့ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ပုံစံတွေကလည်း တဦးနဲ့ တဦး မတူညီဘဲ ကွဲပြားခြားနားနေပါတယ်။

[caption id="attachment_94402" align="aligncenter" width="622"]Beard AP 3 နှုတ်ခမ်းမွေးကို အ၀ိုင်းသဏ္ဍာန်ထားထားသည့် ဂျာမနီနိုင်ငံသားတဦး (ဓာတ်ပုံ-အေပီ)[/caption]

[caption id="attachment_94403" align="aligncenter" width="612"]Beard EPA 4 ရှုပ်ပွနေအောင် ထားထားသည့် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေး (ဓာတ်ပုံ အီးပီအေ)[/caption]

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013