DVB Logo
Home
မြန်မာသတင်း
မဲဆောက်-မြဝတီ တံတားတွင် စိတ်ကြွဆေး ၃ သိန်းခန့် ဖမ်းမိ
DVB
·
May 24, 2015
မဲဆောက်-မြဝတီ တံတားတွင် စိတ်ကြွဆေး ၃ သိန်းခန့် ဖမ်းမိ
1 / 4
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်မှာ မြန်မာဘက်ခြမ်းကနေ သယ်လာတဲ့ စိတ်ကြွဆေးပြား ၃ သိန်းနီးပါးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က မေ ၂၃ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

မြဝတီဘက်ခြမ်းကနေ ခရီးသည် ၃ ဦးငှားလာတဲ့ ကားကို ချစ်ကြည်ရေးတံတားထိပ် ထိုင်းဘက်ခြမ်းစစ်ဆေးရေးဂိတ်မှာ ရှာဖွေစဉ် ခရီးဆောင်အိတ် ၂ လုံးထဲက စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့တာပါ။

ကားငှားလာတဲ့ ခရီးသည် ၃ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ယာဉ်မောင်းသူက အဖမ်းခံခဲ့ပါတယ်။

ယာဉ်မောင်းဖြစ်သူ အောင်ကိုထွေးက သူ့ကားထဲက ခရီးသည်တွေရဲ့အိတ်တွေထဲမှာ မှုးယစ်ဆေးအမြောက်အမြားပါလာတာကို မသိရဘဲ ထိုင်းအခွန်ဦးစီးဌာနက ကားကိုစစ်ဆေးတဲ့အခါမှ တွေ့ရှိတာလို့ ပြောပါတယ်။

ယာဉ်မောင်းရဲ့ အစ်မဖြစ်သူ မမော်က “တံတားထိပ်မှာ မြင်းဆေးဖမ်းမိတယ်ဆိုလို့ လိုက်လာတာ။ သူ့ဟာတော့ မဟုတ်ဘူး။ ကားပေါ်မှာပါလာတဲ့သူတွေက ထွက်ပြေးသွားတယ်။ အဲလူတွေကို သူမှတ်မိတယ်လို့ ပြောတယ်။ အိမ်ကိုဖုန်းဆက်ခေါ်ပြီး သူတို့က တင်တာတဲ့။ ဂိတ်မှာ လ၀က က စစ်တော့ အစ်ကိုဘက်အိတ်ကို စစ်နေတယ်၊ လာခဲ့ခေါ်တော့ ခေါင်းယမ်းပြီး ထွက်ပြေးသွားတယ်တဲ့။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြ၀တီဘက်က သက်ဆိုင်ရာတာဝန်ရှိသူနဲ့ မှုးယစ်ဆေးကာကွယ်ရေး အဖွဲတွေ လာရောက်စစ်ဆေးပြီး မြ၀တီမြို့က ကွင်းဆက်တွေကိုလည်း ဆက်လက်ရှာဖွယ်သွားမယ်လို့ မြ၀တီရဲအထောက်အကူပြု ကိုဝဏ္ဏက ပြောပါတယ်။

“ကားပေါ်မှာ လူ ၂ ယောက်ပါတယ်လို့ ပြောတယ်။ ပစ္စည်းပိုင်ရှင်ကတော့ ထွက်ပြေးသွားတယ်။ ကားသမားကတော့ အဖမ်းခံရတယ်။ အလုံးကတော့ ၂ သိန်း ၆ သောင်းကျော်။ သူတို့နဲ့ပတ်သက်ပြီး ရတဲ့သတင်းကို ယူပြီး ဒီကလေးအတွက်တော့ ကူညီဆောင်ရွက်ပေးရမှာပေါ့။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ ဖမ်းမှာပဲ။”

မေလ ၂၄ ရက်နေ့မှာတော့ ထိုင်းဘက်က အရာရှိတွေလာရောက်ပြီး လက်ရှိဖမ်းမိတဲ့ မှုးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံပူးတွဲ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ဖို့ရှိနေပါတယ်။

လောလောဆယ်မှာ ယာဉ်မောင်းသူ အသက် ၂၀ အရွယ် အောင်ကိုထွေးနဲ့ ကားကိုတော့ ထိုင်းအခွန်ဦးစီးဌာနက ထိန်းသိမ်းထားပါတယ်။

[gallery ids="94325,94326,94327,94328"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013