
အမေရိကန် ဗဟိုကွပ်ကဲရေးဌာနက မတ် ၃၁ ရက်မှာ ဗီဒီယိုမှတ်တမ်းတခုကို ထုတ်ပြန်ခဲ့ပြီး အီရန် နိုင်ငံထဲက မြေအောက်စစ်ရေးပစ်မှတ်တွေကို အတိအကျ ပစ်ခတ်နိုင်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက် နေတာလို့ X လူမှုမီဒီယာ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
အီရန်နိုင်ငံ အစ္စဖာဟန်မြို့မှာ အကြီးအကျယ် ပေါက်ကွဲမှုနဲ့အတူ မီးခိုးထူတွေ ထွက်လာတာကို မတ် ၃၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ လူမှုမီဒီယာပေါ်က ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
အစ္စဖာဟန်က စစ်ဘက်နေရာတွေကို ပစ်မှတ်ထားခံခဲ့ရတယ်လို့ ဒေသခံလုံခြုံရေးအရာရှိ တယောက်ကို ကိုးကားပြီး အီရန်အခြေစိုက် Fars သတင်းဌာနက ဖော်ပြပါတယ်။
အီရန်ခေါင်းဆောင်တွေ ထပ်သေရင် အီရန်အစိုးရက တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အမေရိကန်ကုမ္ပဏီ ၁၇ ခုထဲမှာ Apple၊ Microsoft၊ Google၊ Meta၊ IBM၊ HP၊ Intel နဲ့ Tesla တို့ ပါတယ်လို့ အီရန်ရဲ့ တရားဝင်သတင်းဌာန Fars က ဖော်ပြထားပါတယ်။
Source: Reuters










