DVB Logo
Home
မြန်မာသတင်း
လေတိုက်ပေမယ့် မပြိုနိုင်သည့် ကောက်ရိုးအိမ်
DVB
·
May 23, 2015
လေတိုက်ပေမယ့် မပြိုနိုင်သည့် ကောက်ရိုးအိမ်
1 / 9
Donate to DVB

ဒီအိမ်လေးတွေဟာ ခေတ်ပေါ်နေအိမ်တွေနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် အိမ်အတွင်းပိုင်းမှာတော့ သုံးနေ ကျမဟုတ်တဲ့ အိမ်ဆောက်ပစ္စည်းနဲ့ ဆောက်လုပ်ထားပါတယ်။ အဲဒါကတော့ ကောက်ရိုးပါ။ ဒီဂျုံကောက်လှိုင်းထုပ်တွေဟာ အုတ်နံရံ အတွင်းဘက်မှာ အပူကာအဖြစ်ဆောင်ရွက်ပေးပါတယ်။

ကောက်ရိုးကြိတ်သားပြားတွေကို နံရံအတွင်းဘက်မှာ စီကပ်ပြီး အခန်းကန့်နံရံအဖြစ် သုံးနိုင်ပါတယ်။

ဒီစီမံကိန်းရဲ့ဗိသုကာ ဘက်သ်တက္ကသိုလ်ပေါမောက္ခ ပိဝေါ့လ်ကာ ကတော့ ဒီအပူကာ စနစ်ဟာ စွမ်းအင်ကုန်ကျစရိတ်ကို အများကြီးလျော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။

အပင်တွေကို အိမ်ဆောက်ပစ္စည်းအဖြစ်သုံးလိုက်တဲ့အတွက် အိမ်တွေရဲ့ ဂေဟအရည်အသွေးတွေကို မြှင့်တင် ရာရောက် တယ်လို့ သူက ဆိုပါတယ်။

"အပင်ဆိုတော့ အလင်းမှီအစာစုဖွဲ့တဲ့ဖြစ်စဉ်ကနေ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး ကောက်ရိုးထဲမှာ အကျအန သိုလှောင်လိုက်တယ်။ ကာဗွန်လှောင်ကန်လိုမျိုးအလုပ် လုပ်တယ်ပေါ့နော်။

အဆောက်အဦးရဲ့ဒီလိုအစိတ်အပိုင်းတွေထဲမှာ ကာဗွန်တွေ သိုလှောင်ထား တာဆိုတော့ ကောက်ရိုး များများသုံးလေလေ ကာဗွန်များများစုမိလေလေဖြစ်တဲ့အတွက် ကိုယ့် အဆောက်အဦရဲ့ သက်တမ်း ပိုရှည်တာပေါ့။"လို့ ပိဝေါ့လ်ကာက ရှင်းပြပါတယ်။

ဒီအိမ်တွေဟာ မီးဘေးလုံခြုံမှုမှာလည်း ထိပ်ဆုံးကပါပဲ။ ဒီကောက်ရိုးကြိတ်သားပြားတွေဟာ မီးဒဏ်ကို အံ့သြလောက်အောင်ခံနိုင်တာကို တွေ့ရပါတယ်။ ကုန်ကျစရိတ်ကလည်း သာမန် အိမ်တစ်လုံးဖိုးလောက်ပဲ ရှိပါတယ်။

ဝေါလ်ကာကတော့ ဒီအိမ်မျိုးဝယ်မယ့်သူတွေအဖို့ ကြီးမားတဲ့ မြေခွေးငစဉ်းလဲရဲ့ရန်ကို စိုးရိမ်စရာမလိုဘူးလို့ ဆိုပါတယ်။

"လူတွေက "၀က်ကလေးသုံးကောင်"ဆိုတဲ့ ကလေးကဗျာကို ကိုးကားလေ့ရှိတယ်ဗျ။ အဲတော့ ကောက်ရိုးဟာ အကြမ်းခံတယ်။ အန္တရာယ်ကင်းတယ်။ တာရှည်ခံတယ်။ ခေတ်မီအိမ်ဆောက် ပစ္စည်းဖြစ်တယ်ဆိုတာ လူတွေလက်ခံလာအောင်လုပ်ဖို့လိုတယ်လို့ တွေးမိလို့ပါ။" လို့ ပိဝေါ့လ်ကာက ပြောပါတယ်။

ပထမအသုတ် ကောက်ရိုးအိမ် တွေကတော့ ပြိုက်ခနဲကို ရောင်းထွက်သွားပါပြီ။

ဆောက်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ ကွန်နိုလီနဲ့ ကော်လာဂန် တို့ကတော့ နောက်ထပ် အိမ် ၄၉ လုံး ထပ်ဆောက်ဖို့ မျှော်လင့်ထားပါတယ်။

[gallery ids="94221,94222,94223,94224,94225,94226,94227,94228,94229"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013