DVB Logo
Home
မြန်မာသတင်း
လှေစီးဒုက္ခသည်များကို ငွေကြေးအကူညီ ပေးမည်ဟု အမေရိကန်ပြော
DVB
·
May 23, 2015
လှေစီးဒုက္ခသည်များကို ငွေကြေးအကူညီ ပေးမည်ဟု အမေရိကန်ပြော
Donate to DVB

လှေစီးဒုက္ခသည်​တွေကို ငွေရေးကြေးရေး ကူညီ​ပေးသွားမယ်လို့ အ​မေရိကန်ဒုတိယနိုင်ငံခြား​ရေးဝန်ကြီးက​ပြောပါတယ်။

မြန်မာနိုင်ငံကို ဇွန်လ ၂၁ ရက်နဲ့ ၂၂ ရက်​နေ့​ ၂ ရက်တာခရီးစဉ်အဖြစ် ​ရောက်ရှိလာပြီး သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့​တွေ့ဆုံခဲ့တဲ့ အ​မေရိကန် ဒုတိယနိုင်ငံခြား​ရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မ​နေ့က ရန်ကုန်မြို့၊ အမေရိကန်စင်တာမှာ သတင်းထောက်​တွေနဲ့ တွေ့ဆုံစဉ် ​ပြောဆိုလိုက်တာပါ။

အန်တိုနီ ဘလင်ကန်က "ပင်လယ်ထဲ မျောပါနေတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ဒေသတွင်းပဋိပက္ခတွေကြောင့် စွန့်ခွာလာရသူတွေဖြစ်ပြီး သူတို့တွေရဲ့ အစားအသောက်နဲ့ အခြေချနေထိုင်ရေးမှာ အမေရိကန်အစိုးရက ငွေရေးကြေးရေးပိုင်းက ကူညီ ထောက်ပံ့မှုတွေ ပေးသွားပါမယ်။ ဒီလူ​တွေရဲ့ အသက်တွေကို ကယ်ဆယ်ဖို့ ဒေသတွင်းနိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုက ကူညီပါမယ်။ ဒါက ကျနော်တို့ရဲ့ ပထမဦးစားပေးအရာ ဖြစ်ရမှာပါ။"

ဒုက္ခသည်တွေဟာ နိုင်ငံရေးနဲ့ လူမှူ​ရေးအကျပ်အတည်းတွေကြောင့် ရခိုင်ပြည်နယ်က ထွက်ပြေးလာရသူတွေ ပါဝင်နေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ဆက်​ပြောပါတယ်။

အန်တိုနီ ဘလင်ကန်က "မနေ့က အစိုးရနဲ့ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ မှတ်သားခဲ့ရတာက မြန်မာနိုင်ငံက စွန့်ခွာလာကြသူတွေအတွက် ပြဿ  နာရဲ့ ရင်းမြစ်က ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ လူမှုရေး အခြေခံအနေအထားကြောင့်ပဲဖြစ်တယ်။ ရေရှည်အသုံးပြုနိုင်မယ့် အဖြေတစ်ခုကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရအနေနဲ့ အရင်က သူတို့ ပေးခဲ့တဲ့ ကတိပြုချက်တွေဖြစ်တဲ့ နေထိုင်မှုအခြေအနေတွေကို မြှင့်တင်ပေးဖို့၊ ကာကွယ်စောင့်ရှောက်မှုအပြည့်အ၀ပေးဖို့၊ လူအသိုင်းအ၀န်းအားလုံးရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို နိုင်ငံတကာစံနှုန်းများနဲ့အညီ ရခိုင်ပြည်နယ်မှာ မဖြစ်မနေ ဖော်ဆောင်ပေးရမှာဖြစ်တယ်" လို့ ပြောပါတယ်။

အမေရိကန်အစိုးရက ရခိုင်ပြည်နယ်တွင်း တိုးတက်ကောင်းမွန်လာဖို့ အဲဒီ​ဒေသမှာရှိ​နေတဲ့ လူ့အဖွဲ့အစည်းတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ညီတူညီမျှ ပေးသွားမယ်လို့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းကလည်း ရခိုင်ပြည်နယ် အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အမေရိကန်အစိုးရက ဒေါ်လာ ၁၀၉ သန်း ကူညီထောက်ပံ့ ထားတယ်လို့ ဆိုပါတယ်။

photo Hmuu Zawမေလ ၂၁ ရက်နေ့ည က နေပြည်တော်မှာ ကျင်းပတဲ့ ပင်လယ်ပြင်အတွင်း တရားမ ၀င် ရွှေ့ပြောင်း သွားလာသူများ ဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲရေး ကော် မတီ ညှိနှိုင်း အစည်းအဝေး အပြီးမှာ ကော်မ တီခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဒုသမ္မတ ဦးဉာဏ်ထွန်း က လှေစီးဒုက္ခ သည်တွေထဲ မှာ မြန်မာနိုင်ငံက နည်းပါးတဲ့ အရေအတွက် ပါဝင်ကောင်း ပါဝင်နိုင်ပေမယ့် အများစုဟာ မိမိတို့နိုင်ငံက မဟုတ်ဘူးလို့လည်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013