
လီဗာပူးအသင်းဟာ ထုတ်ပယ်ခံရတဲ့ နည်းပြအာနဲစလော့ရဲ့ နေရာမှာ အစားထိုးဖို့ ဘုန်းမောက်နည်းပြဟောင်း အန်ဒိုနီအီရာအိုလာနဲ့ ၂ နှစ်စာချုပ် ခန့်အပ်ဖို့ နှုတ်ကတိပြု သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၄၃ နှစ်အရွယ် အီရာအိုလာဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်ကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
ပြင်းထန်တဲ့ ဖိအာပေးမှုနဲ့ မြန်ဆန်တဲ့ တိုက်စစ်ပုံစံကို အသုံးပြုတတ်တဲ့ သူ့ရဲ့ကစားဟန်ဟာ ယာဂန်ကလော့ပ်ရဲ့ ‘Heavy metal’ ကစားပုံမျိုးလည်း ဖြစ်ကြောင်း ချီးကျူးကြပါတယ်။
ဘုန်းမောက်မှာ ကစားသမားတွေကို အရည်အသွေးမြှင့်တင်ပေးနိုင်ခဲ့တဲ့ နည်းပြ အီရာအိုလာကို လီဗာပူးအသင်းက ခေါ်ယူကြောင်း မကြာမီ ရက်ပိုင်းအတွင်းမှာ တရားဝင်ထုတ်ပြန်သွားဖို့ ရှိပါတယ်။










