DVB Logo
Home
မြန်မာသတင်း
အကြွေးမဆပ်နိုင်သဖြင့် မြန်မာအလုပ်သမားတဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ
DVB
·
May 22, 2015
အကြွေးမဆပ်နိုင်သဖြင့် မြန်မာအလုပ်သမားတဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ
Donate to DVB

ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ်ထဲမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတဦးဟာ အကြွေးတွေမဆပ်နိုင်တော့လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါတယ်။

ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ် ၃၅ ကီလိုမှာ ရှိတဲ့ စိုက်ပျိုးရေး အလုပ်သမားတဦး ဖြစ်သူ မမိုးမိုး ကြိုးဆွဲချပြီး သေဆုံးနေတာကို မေလ ၂၂ ရက်နေ့က တွေ့ရတာပါ။

သူဟာ သူ့အိမ်ကနေ မေလ ၂၀ ရက်နေ့ကတည်းက ပျောက်ဆုံးနေပြီး သူပျောက်ဆုံးကြောင်းနဲ့ တွေ့ရှိသူတွေ ဆက်သွယ်ဖို့ ကြေညာချက်တွေကို မိသားစုက ဖြန့်ဝေထားခဲ့ပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီမှာ ၃၅ ကီလို ဝန်းကျင်က သစ်ပင်တပင်မှာ ကြိုးဆွဲချထားတာကို တွေ့တဲ့သူက ရဲစခန်းကို သွားရောက် အကြောင်းကြားတဲ့အတွက် ပျောက်ဆုံးနေသူ မိသားစုတွေက သိရှိခဲ့တာပါ။

မမိုးမိုးမှာ သမီးတယောက်ရှိပြီး လွန်ခဲ့တဲ့ လေးလလောက်တုန်းကလည်း အခုလိုပဲ သေကြောင်းကြံစည်ခဲ့ဖူးပေမယ့် သူ့အမျိုးသား တွေ့ရှိကယ်တင်ခဲ့တဲ့အတွက် အသက်ရှင်ခဲ့ပါတယ်။

သူတို့မိသားစုမှာ အကြွေးတင်နေပြီး အဲဒီကြွေးတွေကြောင့် ခုလို သေကြောင်းကြံခဲ့တယ်လို့ ထင်ကြောင်း သေဆုံးသူ မမိုးမိုးရဲ့ အမျိုးသားက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013