DVB Logo
Home
မြန်မာသတင်း
ဘီးလင်းမြစ်အတွင်း တရားမ၀င်ရွှေတူးသည့် တရုတ်နိုင်ငံသား ၁၂ ဦးကို ဖမ်းမိ
DVB
·
May 22, 2015
ဘီးလင်းမြစ်အတွင်း တရားမ၀င်ရွှေတူးသည့် တရုတ်နိုင်ငံသား ၁၂ ဦးကို ဖမ်းမိ
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘီးလင်းမြစ်အတွင်း တရားမ၀င်ရွှေတူးနေတဲ့ တရုတ်နိုင်ငံသား ၁၂ ယောက်ကို စစ်တပ်ကဖမ်းမိခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။

၂၀၁၅ မေလ ၂၀ ရက်မှာ နယ်မြေခံ စစ်ကြောင်းတခုက တရားမ၀င် ရွှေတူးဖော်သူတွေ ရှိနေတယ်လို့ သတင်းရတဲ့အတွက် သွားရောက်ရှင်းလင်းရှာဖွေရင်း ရွှေတူးနေတဲ့ တရုတ်နိုင်ငံသား ၁၂ ယောက်ကို လုပ်ငန်းခွင်သုံးပစ္စည်းတွေနဲ့ ဖမ်းမိတာလို့ သတင်းက ဆိုပါတယ်။

တရုတ်နိုင်ငံသား ၁၂ ယောက်နဲ့အတူ ရွှေဖောင် ၅ စီးနဲ့ အင်ဂျင်ကြီး ၁၈ လုံး၊ ဆီပေပါအခွံ အလုံး ၁၀၀၊ ရေခဲသေတ္တာ ၅ လုံး၊ မြေကော်ကြီး ၅ တွဲ၊ ထမင်း ပေါင်းအိုး ၃ လုံး၊ ဂက်စ်အိုး ၇ လုံး၊ အ၀တ်ဟောင်းထည့်အိတ် ၄ အိတ်၊ အိပ်ယာဟောင်း ၁၁ ခု၊ သစ်ခွဲစက် ချိန်းစော ၁ လုံးနှင့် လက်ဆွဲ အ၀တ် သေတ္တာ ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ကချင်ပြည်နယ်ထဲ သစ်ခိုးထုတ်နေကြတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းဆီးမိပြီးတဲ့နောက် မွန်ပြည်နယ်အတွင်း ရွှေခိုးတူးနေတဲ့ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးမိတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013