DVB Logo
Home
Lead Story
မန္တလေးက အကြင်နာလက်များ ဂီလာန ဘိုးဘွားရိပ်သာ (ဓာတ်ပုံ)
DVB
·
May 22, 2015
မန္တလေးက အကြင်နာလက်များ ဂီလာန ဘိုးဘွားရိပ်သာ (ဓာတ်ပုံ)
1 / 4
Donate to DVB

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်ရှိ ရွှေစံကိုင်ကျောင်းတိုက် အတွင်းမှာ ချမ်းမြသုခလူမှုကူညီရေး အသင်းကြီးမှ အကြင်နာလက်များ ဂီလာနဘိုးဘွားရိပ်သာ တည်ဆောက်ပြီး အဘိုးအဘွား (၂၁) ဦးကို စောင့်ရှောက်ထားပါတယ်။

ဘိုးဘွားရိပ်သာကို ၂၀၁၃ ခုနှစ် ၃ လပိုင်း ၁ ရက်နေ့က စတင်ပြီး လက်ခံစောင့်ရှောက်ပေးခဲ့ပါတယ်။

စတင်ချိန်မှာ အဘိုး ၁ ဦး၊ အဘွား ၉ ဦး တို့နဲ့ စောင့်ရှောက်ခဲ့ပြီး နောက်ပိုင်းမှာ ၂၁ ဦးထိ လက်ခံစောင့်ရှောက်ပေးခဲ့ပါတယ်။

နေရာအခက်အခဲကြောင့် ကန့်သတ်ထားပြီး အလှုရှင်ပေါ်ပေါက်လာတဲ့အတွက် အဆောက်အဦအသစ်တိုးပါက ဆက်လက်တိုးမြှင့်လက်ခံသွားမယ်လို့ အတွင်းရေးမူး ဦးလှအောင်က ပြောပါတယ်။

မှီခိုသူကင်းမဲ့ပြီး ဒုက္ခရောက်နေတဲ့ အသက် ၇၀ နှစ်အထက် အဘိုးအဘွား ၂၀၂ ဦး ကိုလည်း အိမ်တိုင်ယာရောက်သွားရောက်ကူညီပေးနေပြီး လစဉ် ဆန် ၅ ပြည်ငွေ (၅၀၀၀) ကျပ်၊ လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုနဲ့ ပစ္စည်းတွေပံ့ပိုးတာတွေကိုလည်း ကူညီပေးနေတယ်လို့ပြောပါတယ်။

အဘိုးအဘွားတွေကို ချမ်းမြသုခအသင်းကြီးအနေနဲ့ တနှစ်တကြိမ် ဘုရားဖူးခရီးစဉ်လည်း ပို့ဆောင်ပေးကြောင်းသိရပါတယ်။ အသက်ကြီးဆုံးမှာ အဘွား ဒေါ်ဂျမ်းဖြစ်ပြီး ၁၀၁ နှစ်ထဲကို ရောက်ပြီလို့ ဆိုပါတယ်။

ဓာတ်ပုံ - အိမ်ခိုင်မြဲ

[gallery ids="94112,94113,94114,94115"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013