DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံပြင်ဆင်ရန် ယူအန်အေနှင့် ၈၈ မျိုးဆက်သဘောတူ
DVB
·
May 22, 2015
ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံပြင်ဆင်ရန် ယူအန်အေနှင့် ၈၈ မျိုးဆက်သဘောတူ
1 / 5
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဘဲ ၂၀၁၅ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် တရားမျှ တမှုရှိမှာမဟုတ်တဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့  ၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဆွေးနွေးပွဲအပြီး ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန် တာမွေမြို့နယ်ရှိ Holiday စားသောက်ဆိုင်မှာ နှစ်ဖက် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပွဲအပြီး ရခဲ့တဲ့ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ယူအန်အေ ခေါင်းဆောင်တဦးဖြစ်သူ ဦးအေးသာအောင်က ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို မပြင်ဘဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် လွတ်လပ်ကောင်းလွတ်လပ်ပေမယ့် တရားမျှတမှု မရှိနိုင်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ လိုအပ်တယ်ဆိုတဲ့ သဘောတူညီချက်ကိုရပါတယ်။ နောက်တခုက လာမယ့်လ ၂ ရက်နေ့မှာကျင်းပမယ့် တိုင်းရင်းသားတွေရဲ့ လော်ခီးလာညီလာခံကို ကျနော်တို့က စာပို့မယ်။ ယူအန်အေနဲ့ ၈၈ ပူးပေါင်းပြီးတော့ပို့မယ်။ အဲဒီစာမှာ တိုင်းရင်းသားတွေကို အားပေးထောက်ခံတဲ့ သဘောလည်းပါမယ်။ နောက်ပြီး ပြည်ထောင်စုအရေး အန်စီအေ လက်မှတ်ထိုးဖို့ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဖယ်ဒရယ် ပြည်ထောင်စုထူထောင်ဖို့ကိစ္စတွေကို ဒီစာမှာ ထည့်သွင်းဖော်ပြဖို့ဆိုတဲ့ သဘောတူညီချက်တွေရပါတယ်။”

ဒါ့အပြင် လွှတ်တော်ထဲမှာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ သဘောတူပါတယ်ဆိုတဲ့ အချက် ရအောင်လုပ်ဆောင်ရမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“ကျနော်တို့ကရအောင် ကြိုးစားရမှာက ဘာလဲဆိုတော့ အဲ့ဒီလွှတ်တော်ကနေပြီးတော့ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ သဘောတူပါတယ်ဆိုတဲ့ အချက်ကို ကျနော်တို့ ရဖို့ပဲအရေးကြီးတယ်။ အဲဒါကတော့ ကျနော်တို့ မရရအောင် ကျနော်တို့ ကြိုးစားရမှာပေါ့။”

လက်ရှိတိုင်းပြည်အတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿ နာတွေဖြစ်တဲ့ ဒီမိုကစီစနစ်ထွန်းကားဖို့၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ပြည်တွင်းစစ်ရပ်ဖို့ ကိစ္စတွေမှာ မသေချာမရေရာတဲ့ အနေအထားရှိနေတာကြောင့် ဒါတွေကို ရှေ့ဆက်ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာကို တွေ့ဆုံ တိုင်ပင်ကြတာလို့လည်း ဦးအေးသာအောင်က ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ယူအန်အေ တိုင်းရင်းသားမဟာမတ်ပါတီတွေက ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ဦးစိုင်းလိတ်၊ ဦးအေးသာအောင် စတဲ့ခေါင်းဆောင်တွေနဲ့  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးဂျင်မီ၊ စတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ယမင်းဦး

[gallery ids="94096,94097,94098,94099,94100"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013