DVB Logo
Home
မြန်မာသတင်း
မူလတန်းကျောင်းသား ၅ သန်းကျော်ကို ကျောင်းဝတ်စုံ အခမဲ့ပေးမည်
DVB
·
May 22, 2015
မူလတန်းကျောင်းသား ၅ သန်းကျော်ကို  ကျောင်းဝတ်စုံ အခမဲ့ပေးမည်
Donate to DVB

မြန်မာတနိုင်ငံလုံးရှိ  ကျောင်းလာအပ်တဲ့ မူလတန်းကျောင်းသားပေါင်း ၅  သန်းကျော်စလုံးကို  အဖြူအစိမ်းကျောင်းဝတ်စုံတစုံစီ အခမဲ့ပေးမယ်လို့ အစိုးရပြန်ကြားရေးက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဗလာစာအုပ် ၆ အုပ်နဲ့ ကျောင်းသုံးပုံနှိပ်စာအုပ် ၁ စုံစီကိုလည်း ပေးအပ်သွားမှာဖြစ်ပြီး မူလတန်းကျောင်းသားတွေအတွက် အခမဲ့ပညာရေးအစီအစဉ်အရ ပေးအပ်တာလို့ သိရ ပါတယ်။

ဒီအတွက် အစိုးရက ကျောင်းဝတ်စုံနဲ့စာအုပ်တွေ အခမဲ့ပေးနိုင်ဖို့ ငွေကျပ်သန်းပေါင်း ၁၈၄၅ ကျော် လျာထားသုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန် ပြင်ပပေါက်ဈေး မူလတန်းကျောင်းဝတ်စုံတစ်စုံလျှင် ကျပ် ၃ဝဝဝ မှ ၅ဝဝဝ အထိ ရှိနေပြီး ကျောင်းသားမိဘများအနေနဲ့ ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များအပါအဝင် ကျပ်တစ်သောင်းဝန်းကျင်ခန့် သက်သာနိုင်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အရင်နှစ်တွေက မူလတန်းကလေးတယောက်ကျောင်းလာအပ်ရင် ငွေကျပ် ၁၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒီလို ငွေတထောင်ပေးတာ မထိရောက်ဖူးဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့တဲ့နောက် အခု ကျောင်းဝတ်စုံတစုံ ထောက်ပံ့တဲ့ အစီအစဉ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ကျောင်းသားမိဘတယောက်ကတော့ အခုလို ကျောင်းဝတ်စုံပေးတာကို ကြိုဆိုလိုက်ပြီး တပတ် ၅ရက် ကျောင်းတက်ရတာမို့ ကျောင်းဝတ်စုံ ၃စုံလောက် ထောက်ပံ့ပေးနိုင်ရင် ပိုကောင်းမယ်လို့ ပြောပါတယ်။

အခုနှစ် ၂၀၁၅-၁၆ ပညာသင်နှစ်အတွက်  မြန်မာနိုင်ငံတ၀န်း အခြေခံပညာကျောင်းတွေမှာ  လာမယ့် မေလ၂၅ရက်ကနေ ၃၁ရက် အတွင်း ကျောင်းအပ်နှံကြရမှာ ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့ ကျောင်းတွေပြန်ဖွင့်လှစ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013