DVB Logo
Home
မြန်မာသတင်း
ရှမ်းအမျိုးသမီးအဆိုတော် ထိုင်းတွင် ကားမတော်တဆတိုက်မှုဖြင့် ကွယ်လွန်
DVB
·
May 22, 2015
ရှမ်းအမျိုးသမီးအဆိုတော် ထိုင်းတွင် ကားမတော်တဆတိုက်မှုဖြင့် ကွယ်လွန်
1 / 3
Donate to DVB

ရှမ်းတေးဂီတလောကကြား ရေပန်းစားတဲ့ ရှမ်းအမျိုးသမီးအဆိုတော် နန်းနွမ်ခမ်းလှိုင်း အသက် ၃၈ နှစ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ထဲမှာ ကားမတော်တဆထိခိုက်မှု ဖြစ်ပွားပြီး သေဆုံးခဲ့ပါတယ်။

နန်းနွမ်ခမ်းလှိုင်းဟာ မေ ၂၀ ရက် ညနေ ၄ နာရီအချိန်က ကိုယ်တိုင်ကားမောင်းနှင်ပြီး ချင်းမိုင်ကနေ မြန်မာနယ်စပ် မယ်ဆိုင်အပြန် လမ်းချော်ပြီး လမ်းဘေးထိုးကျသွားတဲ့အတွက် လမ်းဘေးမှာရပ်ပြီး အကူအညီရဖို့ ဖုန်းဆက်နေစဉ် နောက်ကားတစီးပါ လမ်းထပ်ချော်ပြီး ၀င်တိုက်ရာက သေဆုံးခဲ့တာလို့ ခင်ပွန်းဖြစ်သူ စိုင်းတွိက ဒီဗွီဘီကို ပြောပါတယ်။

“ညနေ ၄ နာရီကျော်က သူဖုန်းဆက်လာပါတယ်။ လမ်းမှာ မိုးရွာပြီး လမ်းချော်လို့ ကားလမ်းဘေးကို ထိုးကျသွားတယ်ပေါ့နော်။ ကားကို ဘယ်လိုပြန်ဆွဲတင်မလဲဆိုတာ တိုင်ပင်နေတုန်း သူက ဟောဟော နောက်ထပ်တစ်စီး ချော်လာပြန်ုပြီလို့အော်တယ်။ ပြီးတော့ သူအလန့်တကြား အော်တဲ့အသံကြားတယ်။ နောက်တော့ ကျနော်က စကားဆက်ပြောပေမယ့် ဘာမှပြန်မပြောတော့ဘူး၊ ဖုန်းလည်းမချဘူး။ ကျနော်လည်း တခုခုဖြစ်ပြီဆိုပြီး ချက်ချင်းလိုက်လာတယ်။ သူ့သူငယ်ချင်းတွေက ဆေးရုံကိုလိုက်လာဖို့ ဖုန်းဆက်တယ်။ ကျနော်ရောက်တော့ ည ၈ နာရီ။ သူ့အသက်ကို မမီတော့ပါဘူးဗျာ။”

ဇနီးသည် သေဆုံးတာနဲ့ ပတ်သက်ပြီး ဒွိုင်ဆကစ်မြို့နယ် ရဲစခန်းက တဘက်က ကားမောင်းသမားကိုရော သူ့ကိုပါ ခေါ်ယူမေးမြန်းရာမှာ အဆိုပါ ထိုင်းလူမျိုးကားသမားကတော့ သေဆုံးသူဟာ သူ့ဖာသူကားမှောက်ပြီး ကားထဲကနေ လမ်းပေါ်ကို ကုန်းတက်တာလည်း ဖြစ်နိုင်ကြောင်း၊ ဒါမှမဟုတ် သူ့အရင် သူများတိုက်သွားတာလည်း ဖြစ်နိုင်ကြောင်း ပြောဆိုပြီး စွပ်စွဲချက်တွေကို ငြင်းဆိုထားတယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ သေသူကို စာနာတဲ့အနေနဲ့ အသုဘကြေး ၄ သောင်းပေးလျော်ပြီး အမှုမဖွင့်ဖို့ လာပြောသွားကြောင်း၊ မိသားစုကြားမှာတော့ လက်ခံရေးမခံရေး တိုင်ပင်နေဆဲဘဲလို့ စိုင်းတွိက ပြောပါတယ်။

နန်းန်ွမ်ခမ်းလှိုင်းဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟွေ့လုံကျေးရွာက ဖြစ်ပြီး ရှမ်းခေတ်ပေါ်တေးသာမက ခေတ်ဟောင်းတေးပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့အတွက် လူကြီးလူငယ်တွေကြား ရေပန်းစားသူ အဆိုတော်တဦး ဖြစ်ပါတယ်။

အတန်းပညာ မူလတန်းဆင့်ထိသာ သင်ကြားရပေမယ့် ဂီတ၀ါသနာထုံသူမို့ ရွေ့ပြောင်းအလုပ်သမားဘ၀ ၊ ဈေးရောင်း ၊ စက်ချုပ် စသဖြင့် လုပ်ငန်းမျိုးစုံ ကြုံရာလုပ်ကိုင်ရင်း စုဆောင်းရတဲ့ငွေနဲ့ တေးသီချင်းအယ်လ်ဘန် ကာရာအိုခေကို ကိုယ်တိုင်ရိုက် ကူးဖြန့်ချိခဲ့ပါတယ်။

ရှမ်းရိုးရာပွဲတော်၊ စတိတ်ရှိုးတွေမှာ နယ်လှည့်လိုက်လံဖျော်ဖြေသလို အယ်လ်ဘန် ၃ ခုထုတ်ဝေပြီး စတုထ္ထမြောက် တေးအယ်လ်ဘန်ထုတ်ဝေဖို့ စီစဉ်နေရင်း သေဆုံးခဲ့တာလို့ ခင်ပွန်းဖြစ်သူက ပြောသွားပါတယ်။

သူမရဲ့ အလောင်းကို မယ်ဆိုင်မြို့ ၀ပ်ဖာတိုက်ဘုန်းကြီးကျောင်းမှာ ထားရှိပြီး လာမယ့် မေလ ၂၅ ရက်နေ့မှာ မီးသင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

[gallery ids="94064,94065,94066"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013