DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မောင်တောအနီးတွင် လူမှောင်ခိုလှေတစီး ဖမ်းမိ
DVB
·
May 22, 2015
ရခိုင်ပြည်နယ် မောင်တောအနီးတွင် လူမှောင်ခိုလှေတစီး ဖမ်းမိ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးမှာ မေလ ၂၁ ရက်က လူမှောင်ခိုတင်ဆောင်လာတဲ့ စက်လှေတစီးနဲ့ ရိက္ခာပို့လှေ အလွတ်တစီးတို့ကို ဖမ်းမိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာ အနောက်ဘက် ရေမိုင် (၄) မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ မြန်မာ့ရေတပ်က ဖမ်းမိတာဖြစ်ပြီး စက်လှေတစီးပေါ်မှာ လူ ၂၀၈ ယောက် ပါရှိတယ်လို့ သတင်းက ဖော်ပြပါတယ်။

စက်လှေပေါ်မှာ လူမှောင်ခိုကူးခံရသူအားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေချည်းဖြစ်ပြီး ဦးတည်တဲ့ မလေးရှားနဲ့အင်ဒိုနီးရှားပင်လယ်ပြင်မှာ အဖမ်းအဆီးများနေလို့ နောက်ကြောင်းပြန်လှည့်လာတုန်း အခုလိုဖမ်းမိတာလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား၊ စစ်တကောင်း၊ ဒါကာမြောက်ခြမ်းတို့မှာ နေထိုင်ကြတဲ့ အဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို တင်ဆောင်လာတဲ့ စက်လှေပိုင်ရှင်ဟာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့က အုမင့် ဆိုသူဖြစ်ပြီး၊ အဲ့ဒီစက်လှေကို ရိက္ခာလိုက်ပို့တဲ့ စက်လှေပိုင်ရှင်ကတော့ မြိတ်မြို့က ကိုခိုင်ဆိုသူဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။

ဖမ်းမိထားတဲ့ လှေစီးဒုက္ခသည်တွေကို လတ်တလော ရခိုင်ပြည်နယ်အစိုးရက ယာယီစခန်းဖွင့်ပြီး ကူညီစောင့်ရှောက်မှုပေးထားကာ လိုအပ်တဲ့ စိစစ်မှုတွေ လုပ်နေပါတယ်။

လွန်ခဲ့တဲ့ မေလ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဥဒေါင်းအနောက်ရွာအနီးကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ယောက် ရေမျောကမ်းတင် ရောက်ရှိလာလို့ မြန်မာဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်လှေနဲ့ ပြန်ပို့ပေးခဲ့ရပါသေးတယ်။

ကပ္ပလီပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်တွေ ထောင်နဲ့ချီ သောင်တင်နေကြတယ်ဆိုတဲ့ ဒေသတွင်းသတင်းတွေ ထွက်ပေါ်နေပြီး မြန်မာ့ပင်လယ်ပြင်မှာ အခုလို လှေစီးဒုကသည်တစီး ပထမဆုံးဖမ်းမိတာ ဖြစ်ပါတယ်။

ပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်များ မြန်မာ့ရေပိုင်နက်မှာ တွေ့ရှိပါက စောင့် ရှောက်စိစစ်မှုများပြုလုပ်မည်ဖြစ်သော်လည်း ယင်းလှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှဖြစ် ကြောင်း ပြောကြားချက်ကို လက်မခံနိုင်ကြောင်း သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောဆိုထားပါတယ်။

ဓာတ်ပုံ - Hmuu Zaw

[gallery ids="94058,94059,94060,94061"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013