DVB Logo
Home
Lead Story
ပန်းပျိုးသူများ (ဓာတ်ပုံအက်ဆေး)
DVB
·
May 22, 2015
ပန်းပျိုးသူများ (ဓာတ်ပုံအက်ဆေး)
1 / 14
Donate to DVB

လမ်းဆုံလမ်းခွမီးပွိုင့်တွေမှာ ပန်းလိုက်ရောင်းနေတဲ့ ကလေးတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးနေတဲ့ ကလေးတွေကို ပတ်ဝန်းကျင်မှာ တွေ့နေမြင်နေရပေမယ့် သူတို့တွေရဲ့ အခြေခံပညာရေးအကြောင်းကိုတော့ ထည့်သွင်းစဉ်းစားမှု၊ စိတ်ဝင်စားမှု နည်းပါးပါသေးတယ်။

အဲဒီ့လို ကျောင်းတက်ရင်း မိသားစုဝင်ငွေ တဖက်တလမ်းကနေ ရှာဖွေနေကြသူတွေ၊ ကျောင်းထွက်ပြီး လုပ်ငန်းခွင်ထဲရောက်နေတဲ့ ကလေးသူငယ်တွေကို ကျောင်းပြင်ပပညာရေး အခမဲ့သင်ကြားပေးနေတဲ့ စာသင်ဝိုင်းတခုဟာ စာသင်နှစ်အသစ်တခုကို ပြန်လည်စတင်နေပါပြီ။

ဇွန်လရဲ့ မိုးရေစက်တွေနဲ့ ကျောင်းတံခါးတွေ မဖွင့်သေးခင် ပြင်ပကျုရှင်တွေ လည်ပတ်နေသလိုပဲ မန္တလေးမြို့က ပန်းပျိုးသူများစာသင်ဝိုင်းဟာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် မေလ ၁၈ ရက် အတန်းသစ်တွေ စာတင်လိုက်တာပါ။

ပန်းပျိုးသူများ စာသင်ဝိုင်းဟာ မန္တလေးမြို့ မီးပွိုင့်တွေနဲ့ လူစည်ကားရာ နေရာတွေမှာ ပန်းရောင်း ဈေးရောင်းပြီး ကျောင်းတက်နေရတဲ့ ကလေးတွေကို ပန်းကူရောင်းပေးပြီး ညနေပိုင်း တွေ အခမဲ့စာသင်ကြားပေးနေတာ ဖြစ်ပါတယ်။

စာသင်ဝိုင်း စတင်ခဲ့ချိန် ၂၀၁၄ ခုနှစ် ဇွန်လ ၂၅ ရက်တုန်းကတော့ ရွှေပြည်မိုးကဖေးရှေ့မှာ ခုံတွေခင်းပြီး ဆိုင်ပိတ်ချိန်ညပိုင်းတွေမှာ စာသင်ဝိုင်းကို စတင်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ဒေသခံ အာဏာပိုင်တွေ၊ ပညာရေးဝန်ကြီးဌာနပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ချမ်းအေးသာစံမြို့နယ်ထဲက အထက(၁၆) ကျောင်းမှာ ပြောင်းရွှေ့လို့ မိုးလုံလေလုံစာသင်ခန်းထဲမှာ သင်ကြားခွင့်ရခဲ့ပါတယ်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ ကျောင်းသားဦးရေများလာနိုင်သလို၊ သင်ကြားပေးမယ့် ဆရာဦးရေလည်း တိုးလာမယ်လို့ ပန်းပျိုးသူများပရဟိတအဖွဲ့က ပြောပါတယ်။

အခုစာသင်နှစ် ပြန်လည်စတင်ချိန်မှာ စိတ်ပါဝင်စားသူ လူငယ်တွေက ပန်းလာကူရောင်းပေးသလို လုပ်အားပေး စာသင်ကြားပေးလာတာတွေလည်း ရှိပါတယ်။

အရင်က ကျောင်းအားချိန်တွေမှာ ပန်းရောင် ဈေးရောင်း အလုပ်လုပ်နေရတဲ့ ကလေးသူငယ်တွေဟာ အခုချိန်မှာ စာသင်စာကျက်ချိန် ပိုရလာကြပါတယ်။

ကျောင်းမတက်နိုင်ကြတဲ့ကလေးတွေ၊ လုပ်ငန်းခွင်တွေထဲ နစ်မြုပ်နေတဲ့ ကလေးတွေ၊ ကျောင်းတက်ရင်းနဲ့ မိသားစုဝင်ငွေ ကူရှာနေရတဲ့ ကလေးတွေကို ကျောင်းပြင်ပပညာရေးစနစ်နဲ့ အခမဲ့သင်ကြားပေးနေတဲ့ ပရဟိတအဖွဲ့တွေဟာ အလှူရှင်တွေရဲ့ အားပေးမှုနဲ့ လည်ပတ်ရင်း ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့တချို့မှာ ရှိနေကြပါတယ်။

ပန်းရောင်ဈေးသည်တွေကို ပန်းကူရောင်းပေးပြီး အခမဲ့စာသင်ကြားပေးတဲ့ မန္တလေးမြို့က ပန်းပျိုးသူများ စာသင်ဝိုင်းဟာလည်း လာမယ့် ဇွန်လဆိုရင် တနှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - အိမ်ခိုင်မြဲ

[gallery ids="94012,94013,94014,94015,94016,94017,94018,94019,94020,94021,94022,94023,94024,94025"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013